မိုးဗြဲတောင်သူအဖွဲ့ကို အစိုးရဘဏ္ဍာငွေချပေးဖူးတာမရှိခဲ့ဘူးလို့ ဝန်ကြီးပြောကြား

မိုးဗြဲတောင်သူအဖွဲ့ကို အစိုးရဘဏ္ဍာငွေချပေးဖူးတာမရှိခဲ့ဘူးလို့ ဝန်ကြီးပြောကြား

ခွန်းကလိုင်းဖရီး — မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့ကို အားပေးထောက်ခံတဲ့သဘောထားမှတ်ချက်သာပေးဖူးပြီး နိုင်ငံတော်ဘဏ္ဍာငွေချပေးတာမရှိခဲ့ဘူးလို့ ရှမ်းပြည်နယ်၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခွန်းအေးမောင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့ကို နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားပြုလုပ်သွားကြတယ်လို့ သတင်းတွေ ဝေဖန်မှုတွေ ထွက်ပေါ်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးက အခုလို ပြန်လည်တုန့်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။

“ဖယ်ခုံတောင်သူကွန်ယက်တို့၊ ဖယ်ခုံမှာ အားလုံးဘယ်နှစ်ဖွဲ့လဲ။ ၁၁ ဖွဲ့လောက်ရှိတယ်။ မေတ္တာကနေ ပံ့ပိုးတာ။ ဒါပေမယ့် မေတ္တာက အလုပ်မလုပ်ခင်မှာ ကျနော်တို့နဲ့ တွေ့တဲ့အချိန်မှာ ကျနော်က ပြောတာပေါ့။ ဒီဖွဲ့၊ ဒီဖွဲ့အားပေး သင့်တယ်၊ ကျနော် သဘောထားမှတ်ချက်ပေးတဲ့ အဖွဲ့တွေပေါ့။ အခုတောင်သူတွေက ပိုပြီးကောင်းကောင်း အလုပ်လုပ်အောင် သူတို့လူကြီးကို ကျနော်က အဲ့လိုပြောတာ။ ဘေးကလူက မသိတော့။ ဘေးကလူက သူတို့ကို ဝန်ကြီးပိုက်ဆံတောင်ပေးပြီးတော့မှ ဝန်ကြီးပိုက်ဆံကို ကုန်အောင်စားတာပဲဆိုတဲ့မျိုးနဲ့ သူတို့ သူများသွားပြော တာ။” လို့ ခွန်းအေးမောင်က ပြောပါတယ်။

ဗိုးမြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့ဟာ ကယန်း တိုင်းရင်းသားရေး လူမျိုးရေးရာဝန်ကြီးကနေ တောင်းဆိုပေးလို့ရလာတဲ့ နိုင်ငံတော်ဘတ်ဂျက် ကျပ်သုံးရာကို အလွှဲသုံစားလုပ်သွားတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ရီလုံရီကန်ကျေးရွာအုပ်စုမှာ ကိုဗစ်-၁၉ ထောက်ပံ့ကြေးပေးအပ်တဲ့ အခမ်းအနား မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီစည်းရုံးရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အခုလို ပါတီဝင်ကနေ သတင်းဖြန့်ဝေမှုနဲ့ပတ်သက်လို့ ဝန်ကြီးက တောင်သူကွန်ယက်အဖွဲ့ကို သက်ဆိုင်ရာ အစိုးရ၊ ပြည်သူ၊ အရပ်ဖက်အဖွဲ့အစည်း၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ အားပိုကောင်းအောင် တဖက်တလမ်း အားပေးထောက်ခံတဲ့ သဘောထားမှတ်ချက်ပေးခဲ့တာပဲရှိတယ်လို့ဆိုပါတယ်။

အခုလို ပြောဆိုခံရတဲ့ မိုးဗြဲတောင်သူကွန်ရက်အဖွဲ့က မဟုတ်မမှန်ပြောဆိုစွပ်စွဲခံရတဲ့အပေါ်မှာ အဖွဲ့အစည်း သိက္ခာထိခိုက်စေတယ်လို့ မိုးဗြဲတောင်သူလယ်သမားကွန်ရက်အဖွဲ့ရဲ့ ဥက္ကဌ ခွန်းဌေးဝင်းကပြောပါတယ်။

၎င်းက “အဲ့ဒါက မိုးဗြဲတောင်သူကွန်ယက်အဖွဲ့က ယာမြေနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ဖို့အတွက် ပိုက်ဆံမရှိဘူးပေါ့လေ။ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ လွှတ်တော်က နိုင်ငံတော်ဆီကနေ ပိုက်ဆံတောင်းပေးထားတယ်တဲ့။ သိန်း ၃၀၀ ကျလာတာပေါ့နော်။ အဲ့ဒါက မိုးဗြဲတောင်သူက ခေါင်းဆောင်ပိုင်းတွေ ခွဲဝေယူကြတာပေါ့နော်။ အလွှဲသုံစား လုပ်စားကြတာပေါ့နော်။ ပြီးမှ ရန်တွေလည်း ဖြစ်ကြတယ်လို့ ပြောသွားတဲ့အနေအထားမှာ ကျနော်တို့ မိုးဗြဲတောင်သူတွေအနေနဲ့ အများကြီး သိက္ခာထိ ခိုက်တယ်။ ထိခိုက်နှစ်နာမှုဖြစ်ခဲ့တာပေါ့လေ။” လို့ ပြောပါတယ်။

အခုလို စွပ်စွဲပြောခဲ့တဲ့သူနဲ့ မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့တို့ မိုးဗြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ အောက်တိုဘာလ ပထမပတ်ထဲ တွေ့ဆံညှိုနှိုင်းတာ ရှိခဲ့ပေမယ့်လို့လည်း ဝန်ခံတောင်းပန်တာမရှိခဲ့ဘူးလို့ မိုးဗြဲတောင်သူလယ်သမားကွန်ရက်အဖွဲ့ဝင် ခွန်းအောင်မျိုး ခန့်က ပြောပါတယ်။

ခွန်းအောင်မျိုးခန့်က “ အဲ့ဒါကျနော်တို့ သူတို့ ကောင်းကောင်းမွန်မွန်ပဲ ချပြခဲ့ပါတယ်။ သူကိုယ်တိုင်လည်းမှားယွင်းကြောင်းဝန်ခံပါတယ်။ ဒါပေမယ့် သူက မှားယွင်းတာကို မတောင်းပန်ပဲနဲ့ပေါ့နော်။ ကျနော်တို့ကို ထပြီးမှ မကျေနပ်ရင် တရားစွဲလိုက်ပါတို့ဆိုတဲ့ စိန်ခေါ်မှုစကားတွေ အများကြီးပြောသွားတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ပြောဆိုချက်အပေါ်မှာ ခုလိုသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့မှ အရေးယူစရာ ရှိတာ တနည်းနည်းနဲ့ အရေးယူသွားမယ့် အခြေအနေရှိတယ်လို့ ၄င်းက ဆိုပါတယ်။

၎င်းကိစ္စရပ်နဲ့ ပတ်သက်လို့ မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁က သတင်းစာရှင်းလင်းပွဲကို ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂရုံးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်သူလယ်သမားအရေးတွေနဲ့ပတ်သက်လို့ ဆောင်ရွက်ရာမှာ မေတ္တာဖောင်ဒေးရှင်းကနေ ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ဆိုပါတယ်။

မိုးဗြဲတောင်သူလယ်သမားကွန်ယက်ရဲ့အဖွဲ့က သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လယ်ယာမြေဥပဒေပညာပေးတွေ၊ စိုက်ပျိုးရေးအသိပညာပေးတာတွေ ၊ တောင်သူအခွင့်အရေးဖော်ထုတ်တာတွေကို ဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...