ရခိုင်တွင် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီး ဂျပန်တွင် ဆန္ဒဖော်ထုတ်

ရခိုင်တွင် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီး ဂျပန်တွင် ဆန္ဒဖော်ထုတ်

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်တွင် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားဒီမိုကရေတစ်ပါတီ (ဂျပန်) ANDP မှ ဦးဆောင်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် အောက်တိုဘာ ၂၉ ရက် ညနေ(၃)နာရီအချိန်က ဆန္ဒပြတောင်းဆိုခဲ့သည်။

မြန်မာ့တပ်မတော်မှ ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ စစ်ပွဲများရပ်တန့်ကာ အင်တာနက် 4G ရရှိရန် စသည်ဖြင့် ဆန္ဒပြခဲ့ကြသော ကျောင်းသားများအား ဖမ်းဆီးထောင်ချမှုများပြုလုပ်နေသည့် လက်ရှိအစိုးရနှင့် မြန်မာ့တပ်မတော်အား ကန့်ကွက်ရှုတ်ချခြင်း စသည်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်ခြင်းတွေ၊ စစ်ရှောင်ပြည်သူများတွေဆီကို ပို့ပေးတဲ့ စားနပ် ရိက္ခာ၊ ဆေးဝါး အကူအညီတွေကို ဟန့်တားခြင်းတွေဟာ ဂျီနီဗာကွန်ဗေးရှင်းကို ဆန့်ကျင်ရာရောက်တဲ့အတွက် မိမိတို့အနေနဲ့ ဒီအပေါ်မှာ ရှုတ်ချကန့်ကွက်ပါတယ်” ဟု ANDP ဥက္ကဋ္ဌ ကိုဘုန်းမြင့်က DMG သို့ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ဂျပန်အခြေစိုက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) ANDP ၊ ကချင်အဖွဲ့ အစည်း (KNOJ)၊ ကရင်အဖွဲ့အစည်း (OKO  J )၊ ပအိုဝ်အဖွဲ့အစည်း နှင့် ရှမ်းအဖွဲ့အစည်း စသည်တို့မှ လူဦးရေ ၈၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

ကရင်အဖွဲ့အစည်းခေါင်းဆောင် ကိုစိုးလင်းစိန် က“အခုလို Covid19 ကာလအတွင်း အင်တာနက်ဖြတ် တောက်ခြင်းဟာ ရခိုင်ပြည်သူများအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ အဲဒီချိုးဖောက်မှုတွေကို NLD အစိုးရက အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် အစိုးရနှင့်စစ်တပ်က ပူးပေါင်းပြီးတော့ လူ့အခွင့်အရေးကို ချိုးဖောက်နေကြတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင်  မြန်မာ့တပ်မတော်မှ ထိုးစစ်တိုက်ခိုက်မှုများအား ရပ်တန့်ရေး၊ ရခိုင်ပြည်တွင် 4Gအင်တာနက် ချက်ချင်းပြန်ဖွင့်ပေးရေး၊ စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာသည့် အထောက်အပံ့များ နှင့် လုံခြုံစွာနေထိုင်နိုင်ရေး၊  ကာကွယ်ပေးရေး၊ စစ်ရပ်စဲရေးအတွက် ဆန္ဒပြတောင်းဆိုသည့် ကျောင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရေး၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲအလိုမရှိ၊ ပြည်တွင်း ပြည်ပသတင်းထောက်များအား လွတ်လပ်စွာ သတင်းရယူခွင့်ပြုရေး စသည်တို့ကို ဂျပန်၊ မြန်မာ နှစ်ဘာသာဖြင့်ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...