မယ်စဲ့မြို့နယ်တွင် ကြိုတင်မဲပုံးလုံခြုံရေးကြိုးများ အလိုအလျောက်ပြတ်တောက်ဟုဆို

မယ်စဲ့မြို့နယ်တွင် ကြိုတင်မဲပုံးလုံခြုံရေးကြိုးများ အလိုအလျောက်ပြတ်တောက်ဟုဆို

ခွန်းကလိုင်းဖရီး — ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်မှာ ထားရှိထားတဲ့ ကြိုတင်မဲပုံးတစ်ခုမှာလုံခြုံရေးအတွက် ချိတ်ပိတ်ထားတဲ့ ကြိုး (၃) ကြိုးဟာ အောက်တိုဘာ ၂၆ ရက်နေ့ မွန်းတည့်ချိန် လောက်မှာ အလိုအလျောက်ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မယ်စဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီအရာရှိ ကျော်မြင့်ဦးက “လုံခြုံရေးကြိုးတင်းအောင်စည်း ထားလို့လေ။ ပြီးတော့ သူ့ရဲ့ အစလေးကို သွားထိမိလို့ ပြတ်ကုန်တာ။ အဲဒါပြတ်လည်း ဘာမှ အရေးမကြီးဘူး။ အထဲမှာ ဘာမှ မရှိသေးဘူး။ မဲလက်မှတ်တွေ မရောက်သေး ဘူး။”လို့ ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

အခုလို လုံခြုံရေးကြိုးတွေ ပြတ်တောက်သွားခဲ့တဲ့အတွက် အဆိုပါနေ့မှာပဲ မယ်စဲ့မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ လုံခြုံရေးကြိုးတွေကို အစားထိုး ချိတ်ပိတ်တာတွေ လုပ်ဆောင်ခဲ့ တယ်လို့ ဆိုပါတယ်။

“ဒီလိုအချိန်မျိုးမှာ ဒီလိုကြိုးပြတ်တယ်ဆိုတဲ့ဟာတွေကတော့ သိပ်တော့ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ နောက်တစ်ခုက အဲ့မယ်စဲ့မြို့နယ်မှာကလည်း လက်ရှိဝင်ပြိုင်နေတဲ့ ပါတီတစ်ချို့တွေမှာလည်း သူတို့မှာ လက်ရှိအာဏာရပါတီပေါ့လေ။ အဲ့မှာလည်း သူတို့ မသမာမှုတွေ လုပ်နေတာလားဆိုတဲ့ဟာမျိုး ဝေဖန်မှုတွေ ရှိလာတာပေါ့။”လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးသဲရယ်က ပြောပါတယ်။

ဒါ့အပြင် ၎င်းက အခုလို အရေးကြီးတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်သွားတဲ့အတွက် အဆိုပါ မဲဆန္ဒနယ်မြေမှာ ပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲအပေါ် သိပ်အယုံ အကြည်မရှိတဲ့ ပုံစံမျိုးဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဦးသဲရယ်ဟာ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီကိုယ်စား ယခင်မဲ ဆန္ဒနယ်မှာပဲ ပြန်လည် ဝင်ရောက်အရွေးခံမယ့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပါတယ်။

အဆိုပါ လုံခြုံရေးကြိုးပြတ်တောက်သွားတဲ့ ကြိုတင်မဲပုံးဟာ မယ်စဲ့မြို့နယ်ရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်တွေ၊ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားတွေနဲ့ အတူနေအိမ်ထောင်စု ဝင်တွေကနေ ပြန်လည်ပေးပို့တဲ့ ကြိုတင်မဲလက်မှတ်တွေကို ထည့်သွင်းဖို့အတွက် ထားရှိထားတဲ့ ကြိုတင်မဲပုံး ဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...