သက်ငယ်မုဒိန်းကျူးလွန်ရန်အားထုတ်သူကို ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်

သက်ငယ်မုဒိန်းကျူးလွန်ရန်အားထုတ်သူကို ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်

Salai Shing Mang — သက်ငယ်မုဒိန်းကျူးလွန်ရန်အားထုတ်သူကို အောက်တိုဘာ ၂၆ ရက်နေ့မနက်တွင် ဟားခါးခရိုင်တရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။

ကလေးငယ်၏ မိခင်မှ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သတ်ပြီး “ ပြစ်ဒဏ်ချမှတ်သည့်အပေါ်ကျေနပ်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ တရားခံက ကျွန်မတို့ရဲ့ရန်သူလည်းမဟုတ်ဘာဘူး၊ပိုပြီးအပြစ်ပိုကြီးပါစေဆိုပြီး သဘောထားတာလည်းမရှိဘူး၊ ကျွန်မတို့လိုချင်တာက တရားမျှတမှုပဲဖြစ်ပါတယ်၊ ဥပဒေအရပဲ ဆောင်ရွက်တာပဲလိုခြင်တာဖြစ်တယ်၊တရားသူကြီးကလည်း ကျွန်မတို့ပြောတဲ့ဟာနဲ့သူတို့ပြောတဲ့အပေါ်ကို သုံးသပ်ပြီးတော့ ဒီဟာက တကယ်ကိုအမှန်တကယ်ဖြစ်တယ်ဆိုပြီးတော့ ဥပဒေအရ ပြစ်ဒဏ်ချမှတ်တဲ့အပေါ်ကျေနပ်မှုရှိပါတယ်” ဟု Chin World Media သို့ပြောသည်။

အသက် ၄ နှစ်အရွယ်မိန်းကလေးအပေါ်ကျူးလွန်သောယခုသက်ငယ်မုဒိန်းမှုသည် ၂၄ရက် ၈လပိုင်းတွင် အမှုစတင်ဖွင့်ပြီး ၊ စက်တင်ဘာလ၂၈ရက်နေ့တွင် အမှုစစ်ပြီး ယနေ့အောက်တိုဘာလ ၂၆ရက်နေ့တွင် တရားခံကို ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ဒီလိုကိစ္စမျိုးက ကျွန်မတို့ပြစ်ဒဏ်ကို တရားမျှတမှုပြည့်ဝစွာချစေချင်တယ်ဆိုတာ ကျွန်မတို့က တရားခံကို မုန်းလို့လည်းမဟုတ်ဘူး ၊ဒါပေမယ့် ဒီလိုကိစ္စမျိုးက တစ်ကြိမ်ဖြစ်ပြီဆိုတာနဲ့ နောက်တစ်ကြိမ်ဖြစ်ဖို့အလားလာက သိပ်များတယ် ဒါကြောင့်မို့လို့ အမှုတစ်ခုဖြစ်ပြီဆိုတာနဲ့ တရားမျှတမှု ပြည့်ဝစွာ ပြစ်ဒဏ်ချမှတ်နိုင်တယ်ဆိုရင် နောက်တစ်ကြိမ်အလားတူကိစ္စမျိုးမဖြစ်အောင် အများကြီးအတားအဆီးဖြစ်သွားတယ်၊ကြိိုတင်ကာကွယ်ပြီးသားဖြစ်သွားတယ်၊ သင်ခန်းစားယူစရာအများာကီး ဖြစ်သွားတယ်ပေါ့၊ တရားမျှတယ် မမျှတဘူးဆိုတာက ဥပဒေက သတ်မှတ်ပြီးသားအကုန်ရှိပြီးသားဆိုတော့ ဥပဒေက သူ့လမ်းကြောင်းနဲ့သူ သွားတာဖြစ်တယ်၊အခုလိုမျိုးအချိန် ၂လလောက်က ဒီ Victoria ကိစ္စတောင်မှ တစ်နှစ်ကျော်ကြာတဲ့အချိန်မှာ တရားခံကပျောက်သွားသလို ဖြစ်သွားတယ်၊ ဒီကိစ္စက အချိန်ခဏလေးမှာ အပြီးအပျတ် ပြစ်ဒဏ်ချမှတ်တဲ့အထိဖြစ်သွားတော့ ဒီ Case မှာ ကျွန်မတော့ တရားစီရင်ရေးဘက်မှာ တာဝန်ရှိတဲ့သူတွေရော အထူးသဖြင့် ကျွန်မတို့ စိတ်ရောကိုယ်ရောကူညီပေးတဲ့ အစိုးရဘက်က ပေးတဲ့ ခရိုင်ဥပဒေအရာရှိ နောက်တစ်ခုက Legal Support Team ကော်မတီဆိုတာလည်းရှိတယ်၊သူတို့ဆိုလို့ရှိရင် အခမဲ့ကူညီပေးတဲ့အသင်းလည်းဖြစ်တယ်၊ဒီအဖွဲ့က ရှေ့နေတွေကိုလည်း ကျွန်မတကယ်ကို ကျေးဇူးတင်ချင်တယ်၊” ဟု  ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဌာနတိုင်းရင်းသားဖွံ့ဖြိုးမှုအစီအစဉ် Program Director Mai Thin Yu Mun မှ ပြောသည်။

ဟားခါးခရိုင်အတွင်း သက်ငယ်မုဒိန်းကျူးလွန်မူ့ ၃ နှစ်အတွငး ၅မှုရှိပြီး ၁ မူ့ကိုထောင်ဒဏ် အနှစ် ၂ဝဆီချမှတ်ခဲ့ပြီး ၂၀၁ရ ခုနှစ်တွင် သက်ငယ်မုဒိန်း အားထုတ်မှု ကို ထောင်ဒဏ် ၁ဝနှစ် ချမှတ်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...