ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တချို့ထုတ်ပြန်တဲ့အပေါ်တရားမျှတမှုမရှိဘူးလို့ KySDP ပြော

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တချို့ထုတ်ပြန်တဲ့အပေါ်တရားမျှတမှုမရှိဘူးလို့ KySDP ပြော

မော်မီမြာ၊ ဦးမြာ — ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထုတ်ပြန်တဲ့အပေါ်မှာ လက်ရှိအာဏာရပါတီက ကိုယ်မနိုင်လောက်ဘူးဆိုတဲ့မဲဆန္ဒနယ်ကို ဖြုတ်ချလိုက်တဲ့အနေအထားတစ်ရပ်လိုဖြစ်နေတာကြောင့် တရားမျှတမှုမရှိဘူးလို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) အတွင်းရေးမှူး ဦးသဲရယ်က ကန္တာရဝတီတိုင်းမ်ကိုပြောပါတယ်။

“ သူတို့ အဲ့လိုသတ်မှတ်တဲ့နေရာတွေမှာလည်း တကယ့်စစ်ဖြစ်ပြီးတော့မှ ဒါမဖြစ်မနေပယ်ဖျက်ရမယ့် မဲဆန္ဒနယ်ဆိုပြီးတော့မှ အဲ့ဒီလိုလည်းမဟုတ်ပြန်ဘူးပေါ့နော။ ခိုင်လုံတဲ့သတင်းအထောက်အထားတွေလည်း ဘာမှမပြနိုင်ဘူးပေါ့နော။ နောက်ပလက်ဝလိုနေရာမျိုးဆိုလို့ရှိရင် စစ်တအားဖြစ်ပြီးတော့မှ ရွေးကောက်ပွဲက ပြန်ကျင်းပဖြစ်မယ်ဆိုတဲ့ဟာတွေက ပြန်ဖြစ်သွားတယ်ဆိုတဲ့ဟာမျိုး ”

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မဲဆန္ဒနယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ( UEC ) ကအောက်တိုဘာလ ၁၂ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးက မြို့နယ်တချို့တို့ရဲ့ ကျေးရွာအုပ်စုတွေဖြစ်ပါတယ်။

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နယ်မြေတွေက လက်ရှိအာဏာရ NLD ကနိုင်ချေမရှိတဲ့ တိုင်းရင်းသားပါတီအများစု အနိုင်ရရှိနိုင်တဲ့နယ်မြေတွေဖြစ်တဲ့အတွက် ရွေးကောက်ပွဲကျင်းပခွင့်မပေးတာဖြစ်တယ်လို့ တိုင်းရင်းသားပါတီတွေအကြားမှာ စွပ်စွဲချက်တွေထွက်ပေါ်လာပါတယ်။

အကြောင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အစိုးရသက်တမ်း ၅ နှစ်တစ်ကြိမ် အသစ်တက်လာတဲ့ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်အနည်းဆုံး ၅ ဦးကို သမ္မတကခန့်အပ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပါတယ်။

လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့်အဖွဲ့ဝင် ၄ ဦးကို ၂၀၁၅ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (င) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံးရဲ့ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက်အမှတ်၊ ၄/၂၀၁၆ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဆိုက်စာမျက်နှာမှာ ပါရှိဖော်ပြပါတယ်။

ဒီစွပ်စွဲချက်တွေအပေါ်မှာ UEC ကသီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် NLD နဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်မခံပါဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“ NLD က UEC အပေါ်ကြိုးကိုင်ခြယ်လှယ်လို့လည်းမရပါဘူး။ UEC ကလည်း NLD ကိုအကျောပေးပြီးတော့မှ UEC ကလည်း NLD အပေါ်မှာမျက်နှာသာပေးပြီးတော့ လုပ်တာမျိုးမရှိပါဘူး။ UEC ဥက္ကဌ ဦးလှသိန်းကလည်းပြောဖူးပါတယ်။ နိုင်ငံရေးပါတီအားလုံးနဲ့တွေ့တဲ့ပွဲပါ။ ဘယ်နိုင်ငံရေးပါတီမှ ဒီ UEC ရဲ့ဥပဒေအထက်မှာမရှိဘူး။ သူကိုယ်တိုင်ပြောထားတာရှိပါတယ်။ ဘယ်နိုင်ငံရေးပါတီမှ UEC ရဲ့အထက်မှာမရှိပါဘူး။ UEC နဲ့ပေါင်းပြီးလုပ်ကြံတာလည်းဘာမှမရှိပါဘူး။”

UEC ထုတ်ပြန်ချက်က တရားမျှတမှုမရှိတဲ့အတွက် ပြန်လည်သုံးသပ်ပေးဖို့ တိုင်းရင်းသားပါတီ ၅ ခုဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွှတ်ရေးပါတီ တို့က အောက်တိုဘာလ ၁၈ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

UEC လွိုင်ကော်ခရိုင်ဦးစီးအရာရှိ ဦးညီညီမင်း က တိုင်းရင်းသားပါတီ ၅ ခုက ပြန်သုံးသပ်ဖို့ တောင်းဆိုတဲ့ ထုတ်ပြန်ချက်အပေါ်မှာ “ UEC ကထုတ်ပြန်ထားတာဆိုတော့ ဘာမှတ်ချက်မှမပြုချင်တော့ပါဘူး ”လို့ ပြောပါတယ်။

ကယားပြည်နယ်မှာ ၂၀၁၀ခုနစ်က တစ်ပြည်နယ်အတိုင်းအတာနဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပေမယ့် ၂၀၁၅ ခုနစ်မှာတော့ တစ်ပြည်နယ်လုံးကျင်းပနိုင်ခဲ့ပါတယ်။ အခုထုတ်ပြန်တဲ့အထဲမှာတော့ ကယားပြည်နယ်က မပါပါဘူး။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...