ပါတီဆိုင်းဘုတ်ဖျက်ဆီးသူကို အမှုဖွင့်တိုင်ကြားမည်မဟုတ်ဟု KNP ပြော

ပါတီဆိုင်းဘုတ်ဖျက်ဆီးသူကို အမှုဖွင့်တိုင်ကြားမည်မဟုတ်ဟု KNP ပြော

မော်မီမြာ — ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ၊ ကယန်းအမျိုးသားပါတီ(KNP)တို့ရဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေဖျက်ဆီးသူကို သိရှိသော်လည်း အမှုဖွင့်တိုင်ကြားမည်မဟုတ်ဘူးလို့ ၎င်းမဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကယန်းအမျိုးသားပါတီက ကိုယ်စားလှယ်လောင်း ခွန်းမြင့်နိုင်က ပြောပါတယ်။

“ ပထမတစ်ချက်ကတော့ စိတ်မကောင်းဘူးပေါ့။ ဒါပေမယ့် ကျနော်စိတ်မကောင်းတာကို စိတ်မဆိုးဘူး။ ဘာဖြစ်လဲဆိုတော့ မသိတာတွေ နားမလည်တာတွေ အမြင်မတူတာတွေတော့ရှိနိုင်ပါတယ်။ ကျနော်ကတော့ ဒီသဘောတရားကို နားလည်ခံယူထားပါတယ်။ ဒါကြောင့်မလို့ တရားစွဲဖို့ စိတ်ဓါတ်မျိုးလည်း မရှိပါဘူး။ ကျနော် စိတ်ရှည်သည်းခံပေးရမယ် သူတို့ နားမလည်တာကို နားလည်အောင်လုပ်မယ်။ ဒါကျနော့ရဲ့ ခံယူချက်ပါ။”

ကယားပြည်နယ် ဒီးမောဆိုမြို့နယ် အနောက်ဘက်ခြမ်း လိုဘာခိုကျေးရွာအုပ်စု ဆောင်ဒူရွာမှာ KySDPနဲ့ KNPပါတီဆိုင်းဘုတ်ကို ပြီးခဲ့တဲ့ သုံးရက်လောက်က ဖျက်ဆီးခံရပါတယ်။

ပါတီဆိုင်းဘုတ်ဖျက်ဆီးတဲ့သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဖျက်တာဖြစ်ဖြစ် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်တာမျိုးမဆောင်ရွက်ဘဲ နောက်နောင်မဖြစ်အောင်ဘဲ ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ဒီးမောဆိုမြို့နယ် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသာပါတီ ရုံးအဖွဲ့မှူး ခွန်သောမတ်စ် ကဆိုပါတယ်။

“ လုပ်တဲ့သူကလည်း ဘာရည်ရွယ်ချက်ပဲလုပ်လုပ်ပေါ့လေနော။ ဒါပေမယ့် ခံရတာက ကျနော်တို့ပါတီက ခံရတာဆိုတော့ ကျနော်တို့ စိတ်တော့မကောင်းဘူး ဒါပေမယ့် ကျနော်ထင်တယ် လုပ်တဲ့ပုဂ္ဂိုလ်က လည်းဒါ ရွေးကောက်ပွဲ ကော်မရှင် ရပ်ကျေးအဆင့်တွေမှာ ပါဝင်တဲ့လူတစ်ယောက် လို့လည်းကျနော်တို့ သိထားရတယ်။ အဲ့ဒီလူကိုယ်တိုင်လုပ်တယ်ဆိုတော့ ပိုပြီးတော့ စိတ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့် ကျနောတို့ပါတီရဲ့ စဉ်းစားချက်တွေအရ ကိုယ်စားလှယ်လောင်းတွေရဲ့ စဉ်းစားချက်တွေအရ ကျနော်တို့ ဘယ်သူ့ကိုမှ ရန်လိုရန်မျိုးနဲ့ တုံ့ပြန်မှာ မဟုတ်ဘူး ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ အားလုံးတော့ အေးအေးချမ်းချမ်းနဲ့ ပဲ ယှဉ် ပြိုင်မယ် လူထုတွေရဲ့ သဘောထားနဲ့ပဲ ကျနော်တို့ လာမယ့်ရွေးကောက်ပွဲကို ကျနော်တို့ ယှဉ်ပြိုင်သွားမှာ ဖြစ်တယ် ”

ဖျက်ဆီးတဲ့သူက ဆောင်ဒူရွာဘေးပတ်ဝန်းကျင် ရွာသားတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။

ဖျက်ဆီးခံရမှုနဲ့ ပါတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို အသိပေးအကြောင်းကြားထားပြီး၎င်းကိစ္စနှင့်ပတ်သက်လို့ အမှုဖွင့်တိုင်ကြားတာတွေတော့ ဆက်မလုပ်ဘူးလို့ ဒီးမောဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကံရွှေ ထံမှသိရပါတယ်။

“ သူတို့ဟာ သူတို့ဖြေရှင်းမှာတဲ့ အေးအေးဆေးဆေးပါပဲတဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်းဆိုတော့ ညီညီညွှတ်ညွှတ်နဲ့ပဲ အေးအေးဆေးဆေးဖြေရှင်းမယ်တဲ့ ” ဆိုပြီး ဦးကံရွှေက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၅ရက်နေ့မှာ ကယားပြည်နယ် ဘောလခဲမြို့နယ်မှာ ပါတီလေးခုရဲ့ ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တာလည်း ရှိခဲ့ပါတယ်။

ဒီးမောဆိုမြို့နယ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အမျိုးသားဒီမိုကရေစီအင်အားစု၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ စုစုပေါင်း ပါတီ ၁၀ခု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...