လီဒိုလမ်းမပေါ်က ပိုးတွေ့လူနာကို ဘန်ကောက်ဆေးရုံတွင် ဆေးကုသပေး

လီဒိုလမ်းမပေါ်က ပိုးတွေ့လူနာကို ဘန်ကောက်ဆေးရုံတွင် ဆေးကုသပေး

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာမှ Covid-19 အတည်ပြုလူနာကို လက်ရှိ ဘန်ကောက်တိုက်နယ်ဆေးရုံတွင် ဆေးကုသခံယူနေစေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဝါရာဇွပ်ကျေးရွာ အုပ်ချူပ်ရေးမှူး ထံမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာ ၂၃ နှစ်အရွယ် အမျိုးသမီးမှာ အောက်တိုဘာ ၁၁ ရက်နေ့ ရန်ကုန်မှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကွာရန်တင်းထားရှိသူဖြစ်ကာ ၁၄ ရက်နေ့တွင် ပိုးစစ်ဆေးရာ Positive ဖြစ်သောကြောင့် ၁၈ ရက်နေ့မှ ဘန်ကောက်တိုက်နယ်ဆေးရုံတွေ ဆေးကုသခံယူနေကြောင်း သိရသည်။

“သူက ရန်ကုန်ကနေ ပြန်လာတာဆိုတော့ ကားမိုင်းက ဆရာဝန်တွေလာပြီး ရှမ်းလေးထမင်းဆိုင်နှင့် ကပ်ရပ်အိမ်က မန္တလေးက ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့တယ်ဆိုလို့ အဲ့ဒီ နှစ်ဦး ရယ် သူတို့ သုံးယောက်ကို စစ်တယ်။ ကျန်တဲ့ နှစ်ယောက်က negative ဖြစ်မှ ကျွန်တော်တို့ကျောင်းမှာ ကွာရန်တင်းထားထားတဲ့ သူက positive ဖြစ်လို့ သူ့ကို ဘန်ကောက်တိုက်နယ်ဆေးရုံမှာ ထားထားပြီ။” ဟု ဝါရာဇွပ် အုပ်ချူပ်ရေးမှူး ဦးနော်ဒီးက ပြောသည်။

အဆိုပါ ပိုးတွေ့လူနာသည် စံပြကျေးရွာရောက်သည်နှင့် ကွာရန်တင်းဝင်ခဲ့သော်လည်း မိသားစုဝင်များက အစားအသောက် ပို့ခြင်း ရှိသောကြောင့် ၎င်း၏ မိသားစုဝင်များကိုလည်း နေအိမ်အသွားအလာကန့်သတ် lockdown ချထားကြောင်း သိရသည်။

ရှမ်းလေးထမင်းဆိုင်မှ negative ဖြစ်သောသူကိုလည်း ဆိုင်ကိုမူ ဆက်လက် lockdown ချထားဆဲဖြစ်ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် လက်ရှိအခြေအနေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးကုသမှု ခံယူနေသူ ၂၀ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၇၅ ဦးရှိပြီဖြစ်သည်။

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...