ဖားကန့်နှင့် မိုးညှင်းကို Stay Home သတ်မှတ်ပြီးနောက် မြစ်ကြီးနားမြို့အဝင်ဂိတ်ကိုလည်း စစ်ဆေးရေးတင်းကြပ်

ဖားကန့်နှင့် မိုးညှင်းကို Stay Home သတ်မှတ်ပြီးနောက် မြစ်ကြီးနားမြို့အဝင်ဂိတ်ကိုလည်း စစ်ဆေးရေးတင်းကြပ်

Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် မြစ်ကြီးနားမြို့နယ်အတွင်းသို့ ဝင်ရောက်လာသူတိုင်းကို ၂၁ မိုင်ဂိတ်တွင် အောက်တိုဘာ ၂၀ ရက်နေ့မှ စတင်ပြီး ဝင်ခွင့်စတင်စစ်ဆေးနေပြီ ဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ Stay Home သတ်မှတ်ထားသော ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်ကလွဲပြီး ကျန်မြို့နယ်များမှ ပြည်သူများသည် မြစ်ကြီးနားမြို့အတွင်းသို့ ဝင်ရောက်မည်ဆိုပါက သက်ဆိုင်ရာထောက်ခံစာများဖြင့်သာ အဝင်ခံမည်ဟု မြစ်ကြီးနားမြို့နယ် အုပ်ချူပ်ရေးမှူး က ပြောသည်။

“Stay at home မြို့နယ်နှစ်ခုမှာ ဒီနေ့မနက် အာဏာသက်ရောက်တာဖြစ်တဲ့အတွက် တစ်ချို့ နယ်ဘက်တွေကနေ လာတဲ့သူတွေမသိမှာဖြစ်တဲ့အတွက် ဒီနေ့ကိုသက်ဆိုင်ရာထောက်ခံစာတွေပြသပြီးတော့မှ အဝင်ခံနေတာဖြစ်ပါတယ်။ အဓိက ပြည်နယ်တွင်းတွေကနေ လာတယ်ဆိုရင် ထောက်ခံစာတွေပြနိုင်ရမယ် ။ ပြည်နယ်ကျော်တွေကနေ လာတယ်ဆိုရင်တော့ ဟိုဘက်ကနေမှ ဆေးစစ်ချက်တွေ ပါလာရမယ်။ မပါဘူးဆိုရင်တော့ ဒီမှာ ကျွန်တော်တို့ ကွာရန်တင်းသွင်းတာ ဖြစ်ပါတယ်။” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချူပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်မှလာသောသူများကို အဝင်မခံတော့ရန်ညွန်ကြားထားသော်လည်း အရေးကိစ္စရှိလာပါက သက်ဆိုင်ရာအထောက်အထားဖြင့် အဝင်ခံသွားမည်ဟု သိရသည်။

လက်ရှိ မြစ်ကြီးနားမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူ စုစုပေါ်ငး ၂၀၀ ကျော်ရှိပြီး ပြည်နယ်တစ်ခုလုံးတွင် Quarantine ၃၀၀၀ ခန့်ရှိသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းအထိ ပိုးတွေ့လူနာ ၉၅ ဦးအထိ ရှိခဲ့ပြီး လက်ရှိတွင် ဆေးကုခံယူနေသူ ၂၀ ဦးရှိသေးကြောင်း ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...