ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ သက်ငယ်မုဒိမ်းမှုကျူးလွန်သည့်အပေါ် ဥပဒေအတိုင်းအရေးယူပေးရန် ကန်ပက်လက် အရပ်ဘက်အဖွဲ့အစည်းများတောင်းဆို

ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ သက်ငယ်မုဒိမ်းမှုကျူးလွန်သည့်အပေါ် ဥပဒေအတိုင်းအရေးယူပေးရန် ကန်ပက်လက် အရပ်ဘက်အဖွဲ့အစည်းများတောင်းဆို

နှင်းနှင်း – ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အသက်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းမှုကျူး လွန်ခဲ့သည့်အပေါ် ဥပဒေအတိုင်းအရေးယူဆောင်ရွက်ပေးရန် ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများက အောက်တိုဘာ ၁၄ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ဖြစ်စဉ်မှာ ကန်ပလက်မြို့၊ အမှတ် (၁) မြို့မရပ်ကွက်နေ အသက်(၁၇) နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ကန်ပလက်မြို့ ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြီးခဲ့သည့် စက်တင်ဘာ(၁၃)ရက်နေ့က အလိုမတူပဲအဓမ္မပြုကျင့်ခဲ့ပြီး အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ချက်ခြင်းလက်မခံခဲ့ကြောင်း ယင်းအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသော ခေါ်နူးစုမ်ကျေးလက်ဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့ (KRDO) မှ ဦးကီးဘူကပြောသည်။

“ အဓိကဒီသက်ငယ်မုဒိမ်းမှုကို အမှုဖွင့်ပေမယ့် အမှုကိုတော်တော်နဲ့မဖွင့်ပေးဘူး ၊ နောက်တခုက သူတို့ပိုက်ဆံနဲ့ကျေးအေး ဖို့ကြိုးစားတယ်၊ ပြစ်မှုကျုးလွန်တဲ့သူကရဲဆိုတော့ ရဲတွေအနေနဲ့ဒီဟာကိုသေ ချာဥပဒေအတိုင်း ကိုယ်တွယ်မှုအားနည်း တယ်လို့ ကျွန်တော်တို့မြင်တယ်” ဟု ဦးကီးဘူကပြောသည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ပြည်သူများ၏ လုံခြုံရေးကို စောင့်ရှောက်ရမည့်အစား လူသားမဆန်စွာ အသက်မပြည့်သေးသည့် ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်ခြင်းသည် ကန်ပက်လက်မြို့နယ်အတွင်း တရားဥပေဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးကို အလွန်စိုးရိမ်မိကြောင်း ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

ဦးကီးဘူက “သူက ရဲတပ်ဖွဲ့အနေနဲ့ပထမ ကျေအေးပါ့မယ်လို့သွားပြောတယ်ပေါ့နော်၊ ကလေးမရဲ့ဆွေးမျိုးတော်စပ်တဲ့သူ က လက်မခံပဲ ပထမ ၃သိန်းပေးတယ် လို့ပြောတယ်၊အဲ့မှာသူအလုပ်လုပ်တဲ့ဆိုင်က ၃သိန်းနဲ့ဘယ်ရမလဲ ဆိုတော့ ၅သိန်းတိုးပေးတယ်၊ လကုန်မှပေးမယ်၊ လကုန်တဲ့အခါကြတော့လည်း ၅သိန်းကိုမပေးဘူး ၊မုဒိမ်းမှုဆိုတဲ့သက်သေ အထောက်အထားတွေရှာလို့မရတော့တဲ့ချိန်မှာ ပေးလည်းမပေးဘူး တိုင်ရင်လည်းဘာမှထူးမှာမဟုတ်ဘူးဆိုပြီးရဲတွေက အဲ့လိုလုပ်လိုက်တယ်” ဟုပြောသည်။

ယခုကဲ့သို့ မုဒိမ်းမှုကျူးလွန်သူနှင့် ငွေကြေးအသုံးပြုပြီး အမှုကိုဖုံးဖိရန် ကြိုးပမ်းသူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် ပြစ်မှုကျူးလွန်သူနှင့် ပြစ်မှုကို ဖုံးကွယ်ရန် လုပ်ဆောင်သူများအား ကလေးသူငယ် ဥပဒေနှင့်အညီ ထိရောက်စွာ ရေးယူဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာ အစိုးရအဆင့်ဆင့်သို့ ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ယင်းကိစ္စနှင့်ပက်သက်၍ ကန်ပလက်မြို့ အမျိုးသမီးအဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးသောကြောင့် အောက်တိုဘာလ ၁၄ ရက်တွင်ကန်ပလက်မြို့ရဲစခန်းမှအမှုဖွင့်နေကြောင်းသိရသည်။

May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...