ချင်းပြည်နယ်မြို့တိုင်းတွင် လူအယောက် (၁၀၀)ခန့် Facility Quarantine ဝင်နိုင်ရန် စီစဉ်ထားဟုဆို

ချင်းပြည်နယ်မြို့တိုင်းတွင် လူအယောက် (၁၀၀)ခန့် Facility Quarantine ဝင်နိုင်ရန် စီစဉ်ထားဟုဆို

နှင်းနှင်း – ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှုန်းမြှင့်တက်လာပါက မြို့တိုင်းတွင် လူအယောက် (၁၀၀)ခန့် Facility Quarantine ဝင်နိုင်ရန်အတွက် ကြိုတင်စီစဉ်ထားကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

“အနည်းဆုံး မြို့တစ်မြို့ကို လူ ၁၀၀ လောက် FQ ဝင်လို့ရအောင် အကုန်စီစဉ်ထားပါတယ် ။ ကျွန်တော်တို့ မြို့ဝင်မြို့ထွက်ကို အဖွဲ့နဲ့ PPE ဝတ်စုံဝတ်ပြီးတော့ ကျွန်တော်တို့မြို့ဝင်မြို့ထွက်တွေကိုလည်းတင်းတင်းကြပ်ကြပ်လုပ်နေတယ်” ဟု ဝန်ကြီးဦးစိုးထက်ပြောသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ကိုဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်ရောဂါပိုးရှိ မရှိအမြန်သိရှိနိုင်ရန် Rapid Test kits များဖြင့် အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ စစ်ဆေးနေပြီး အောက်တိုဘာ ၁၃ရက် တစ်ရက်တည်းတွင် ကိုဗစ်ကူးစက်ခံထားရသူ ၄ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။

ဦးစိုးထက်က “ဟာခါးအဝင်မှာ လုပ်တယ် မနက် ၈နာရီနေ ၁၀လောက်ထိ ကျွမ်းကျင်တဲ့ဆရာဝန်၊ သူနာပြုတွေနဲ့ အတူလုပ်ပေးတယ်၊ ညနေဆိုရင် ၂နာရီကနေ ၄နာရီထိ လုပ်တယ်၊ အဓိကကတော့ ဟားခါးမှာ ပဲလုပ်နိုင်သေးတယ် ၊ ကျန်တဲ့မြို့တွေမှာလည်းလုပ်ခိုင်းထားတယ် ၊ခရိုင်မြို့တွေမှာ လုပ်ခိုင်းတယ် ၊ မင်းတပ်၊ တီးတိန်တို့မှာလည်းလုပ်ခိုင်းတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ အမြန်စစ်ဆေးပေးနိုင်သည့် Rapid Test kits များကို ပြည်ထောင်စုအစိုးရမှ ဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကုန်တင်ကားမောင်းသူများအား စစ်ဆေးရန် ချပေးထားပြီး လိုအပ်သည့်ပမာဏအား စာရင်းဖြင့် တင်ရကြောင်း ဝန်ကြီးကဆက်ပြောသည်။

ချင်းပြည်နယ်တွင် သွားလာနေသည့် ကုန်တင်ကားမောင်းသူများအား Rapid Test Kits ဖြင့် စစ်ဆေးပေးနေပြီး ကိုယ်ပိုင်ကားများနှင့် ကိုယ်ပိုင်ကားမဟုတ်သည့် ယာဉ်စီးနင်းလာသူများမှာ ကျန်းမာကြောင်းထောက်ခံစာ၊ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာထောက်ခံစာ ယူဆောင်ရန် လိုအပ်ကြောင်းသိရသည်။

လက်ရှိ ချင်းပြည်နယ်တွင် ကိုဗစ်ကူးစက်ခံထားရသူ ၅၀ ဦးအထိရှိလာပြီး ဒုတိယလှိုင်းကာလတွင် ၃၃ဦး လက်ရှိဆေးရုံတွင် ကုသမှုခံယူနေသူ ၁၁ဦး သေဆုံးသူ ၁ဦး ရှိနေကြောင်း သိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...