ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်ပါတီ ဆိုင်းပုဒ်ဖျက်ဆီးခံရ

ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်ပါတီ ဆိုင်းပုဒ်ဖျက်ဆီးခံရ

မီမြာ၊ ဦးမြာ — ကယားပြည်နယ် ဘောလခဲမြို့ နန်းဖဲသာယာကုန်းရပ်ကွက်မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP ) ဆိုင်းပုဒ်ဖျက်ဆီးခံရတယ်လို့သိရပါတယ်။

KySDP အနေနဲ့ ပါတီဆိုင်းပုဒ်ဖျက်စီးခံရတာ ပထမဆုံးဖြစ်ပြီးတော့ ဒါဟာ ပါတီကြီးတွေက ပါတီငယ်တွေကို နှောက်ယှက်တာဖြစ်တယ်လို့ KySDP အတွင်းရေးမှူးလည်းဖြစ် လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးသဲရယ်က ပြောပါတယ်။

“ ကျနော်တို့သုံးသပ်မိသလောက်က ပါတီကြီးတွေက ပါတီငယ်တွေကို လိုက်ပြီးနှောက်ယှက်တာလို့ ကျနော်တို့မြင်တယ်။ ဒီနေ့ဒီအချိန်မှာတော့ ပြိုင်ဆိုင်မှုတွေ ရှိကြတာကို အားလုံးလက်ခံနိုင်ဖို့လိုတယ်။ အခုဟာက ဒီပါတီကမရှိရဘူး။ ငါတို့ဘဲရှိရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆိုလို့ရှိရင်တော့ တကယ်လို့ အစိုးရဖြစ်လာတဲ့တစ်နေ့ ကျရင်တော့ ဘယ်လိုလုပ်ကြမလဲ။ ဒါကလဲ အာဏာရှင်ဆန်တုန်းပါဘဲ။ ” လို့ ပြောပါတယ်။

ဖျက်စီးခံရတဲ့ဆိုင်ပုဒ်အနီးမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ( NDF ) နဲ့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ( NLD ) ဆိုင်းပုဒ်တို့ရှိပါတယ်။ ဖျက်ဆီးတဲ့သူက စိတ်မနှံ့ဆိုပေမယ့် ယုံဖို့ခက်တယ်လို့ ဦးသဲရယ်ကပြောပါတယ်။ ဒီကိစ္စကို ရွေးကောက်ပွဲကော်မရှင်ထံတင်ပြသွားမယ်လို့လည်း သူကပြောပါတယ်။

လွန်ခဲ့တဲ့ သုံးရက်ကဖျက်စီးခံရတာဖြစ်ပြီး စိတ်မနှံ့တဲ့လူတစ်ယောက်က လာဖျက်ဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဦးသဲရယ်ကို ပြောကြားချက်အရ တဆင့်ကြားသိရပါတယ်။စိတ်မနှံ့တဲ့လူတစ်ယောက်ကဖျက်ဆီးသွားတယ်လို့ဆိုပေမယ့်ဒါက ယုံကြည်ရခက်ခဲတယ်လို့ ဦးသဲရယ်က ပြောပါတယ်။

ဘောလခဲမြို့နယ်အတွင်းမှာ လက်ရှိ ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်တဲ့ ဦးစိုးသိန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်မည့်မဲဆန္ဒနယ်မြေလည်းဖြစ်ပြီး တခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစု ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ တစ်သီးပုဂ္ဂလတို့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။

လက်ရှိမှာ ဘောလခဲမြို့နယ်အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ၁နေရာ အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာတို့မှာ အနိုင်ရရှိခဲ့ကြတဲ့မြို့နယ်ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ တုန်းကတော့ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ ( UDP ) ဥက္ကဌဖမ်းဆီးခံရတဲ့သတင်းကြောင့် လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်မှာ နေထိုင်သူတစ်ဦးက နေအိမ်မှာရှိတဲ့ UDP ပါတီဆိုင်းပုဒ်ကို ဖြုတ်ချခဲ့တာတော့ရှိခဲ့ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...