ပြည်နယ်အတွင်း မသန်စွမ်းမဲဆန္ဒရှင် ရာနဲ့ချီရှိ

ပြည်နယ်အတွင်း မသန်စွမ်းမဲဆန္ဒရှင် ရာနဲ့ချီရှိ

နော်ဒွေးအယ်ခူ — ၂၀၂၀ ရွးကောက်ပွဲမှာ ကယားပြည်နယ်ကနေမဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်းဦးရေ ရာနဲ့ချီရှိတယ်လို့ ကယားပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းကပြောပါတယ်။

ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲစာရင်းအရပြည်နယ်တစ်ခုလုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ နှစ်သိန်းခုနစ်ထောင်ကျော်ရှိထဲမှာ အမျိုးသမီးမဲဆန္ဒရှင်ဦးရေ ၅၁ ရာခိုင်နှုန်းရှိပြီး ၎င်းအနက် မသန်စွမ်းမဲဆန္ဒရှင် ၆၀၀ ကျော်ရှိပါတယ်။

ဦးကျော်ဆန်းဝင်းက ”ကျနော်တို့ကယားပြည်နယ်မှာက မျက်မမြင်က ၉၀ ဦးရှိတယ်။ နားမကြားတာက ၆၆ ဦးရှိတယ်။ ဆွံ့အက ၇၇ ဦးရှိတယ်။ ကိုယ်အင်္ဂါချို့တဲ့က ၄၃၀ လောက်ရှိတယ်။ အဲထဲမှာမှ ဝှီးချဲအသုံးပြုတဲ့သူက ၅၀ လောက်ရှိတယ်” လို့ပြောပါတယ်။

မသန်စွမ်းအတွက် သီးခြားမဲရုံဆောက်လုပ်ထားခြင်းမရှိပေမယ့်လည်း မသန်စွမ်းတွေ မဲပေးတဲ့အခါ အဆင်ပြေဖို့ မဲရုံမှူးသင်တန်းပို့ချတဲ့အခါ သက်ဆိုင်ရာမဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေက မသန်စွမ်းတွေ အဆင်ပြေစွာမဲပေးနိုင်အောင် စီမံဆောင်ရွက်ထားတယ်လို့ ဦးကျော်ဆန်းဝင်းက ဆိုပါတယ်။

အထွေထွေရွေးကောက်ပွဲကျင်းပမဲ့ နိုဝင်ဘာ ၈ ရက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနဲ့အညီ ဆောင်ရွက်ရမည့် ညွှန်ကြားချက်တွေကို လိုက်နာလုပ်ဆောင်သွားမှာဖြစ်ပြီး အပူချိန်တိုင်းကိရိယာ၊ Mask၊ Face shield၊ Hand Gelတွေကို မြို့နယ်အသီးသီးရှိ မဲရုံအဖွဲ့ထံသို့ ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ကယားပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ်မှာ မဲဆန္ဒနယ် ၃၄ နေရာ၊ မဲရုံပေါင်း ၂၃၃ ရုံရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် တစ်သီးပုဂ္ဂလ ၁၃ ဦးရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကနေသိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...