လားနွန် – မလေးရှားနိုင်ငံတွင် သေဆုံးသည့် အသက် (၂၁) နှစ်အရွယ် မိုင်ရွှေလှေတီာလ်၏ ရုပ်အလောင်းအား ဇာတိမြို့ ချင်းပြည်နယ် ထန်တလန်မြို့သို့ဝင်ခွင့်မပြုဘဲ မြို့အပြင်လမ်းဘေးတွင် မြေမြုပ်ခိုင်းခဲ့သည့် ထန်တလန်မြို့မှ သက်ဆိုင်ရာတာဝန်ရှိ သူများကို ထိထိရောက်ရောက်အရေးယူရန် ချင်းကျောင်းသား/လူငယ်အဖွဲ့အစည်းအပေါင်း (၁၃) ဖွဲ့က တောင်းဆိုလိုက်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထန်တလန်မြို့ခံ (ရပ်မိရပ်ဖ၊ လူငယ်) အဖွဲ့အစည်းများ ပါဝင်သော လွတ်လပ်သည့်စုံစမ်းစစ်ဆေးမှုအဖွဲ့(Independent Inquiry) တရပ်ကိုဖွဲ့စည်းကာ မိုင်ရွှေလှေတီာလ်ရုပ်ကလပ် အား ထန်တလန်မြို့တွင်းသို့ ဝင်ခွင့်မပြုခြင်းနှင့် ဂုဏ်သိက္ခာရှိစွာအသုဘချခြင်းမရှိအောင် တားဆီးပိတ်ပင်သည့် တာဝန်ရှိသူများကို အများပြည်သူ သိရှိနိုင်ရေးချပြပေးပါရန်နှင် ထိရောက်စွာအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ပေးရန် ချင်းကျောင်းသား/လူငယ် အဖွဲ့အစည်း (၁၃) ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့က ပူးတွဲကြေညာချက်တစ်ဆောင်ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။
ဗဟိုချင်းလူငယ်များအဖွဲ့အစည်း၏ ဥက္ကဌ Salai An No Bik က “ရုပ်ကလာပ်ကို သံတမန်ရေးအရ မလေးရှာကနေ၊ ရန်ကုန်ထိ၊ ရန်ကုန်ကနေ ထန်တလန်မြို့အထိတောင်မှသယ်လာနိုင်ပြီး ဘာဖြစ်လို့ ကိုဗစ်ကော်မတီက ထန်တလန်မြို့ ထဲကို ဘာလို့ဝင်ခွင့်မပြုတာလဲ ဒါကို ကျနော်တို့ကန့်ကွက်ရှုချတယ်၊ ကျနော်သိရသလောက်ကတော့ အဲဒီထန်တလန် ကိုဗစ်ကော်မတီက ဗမာတွေကြီးပဲ အဲမှာက သူတို့က ချင်းဓလေ့ထုံးတမ်းစဉ်လာကိုနားမလည်ဘဲနဲ့ ကိုဗစ်ကိုအကြောင်း ပြပြီးမှ အဲလိုလုပ်တာတော့ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး၊ နောက်တစ်ခါဆိုရင်တော့ ကျနော်တို့ခွင့်လွတ်မှှာမဟုတ်ဘူး၊ ကျနော်တို့ တောင်းဆိုထားတဲ့အတိုင်းလုပ်စေချင်တယ် အဲဒါမလုပ်ပေးဘူးဆိုရင် ကျနော်တို့ မြို့နယ် (၉) မြို့က လူငယ်တွေ ဆန္ဒဖော်ထုတ်တာလုပ်နိုင်တယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။
မိုင်ရွှေလှေတီာလ် အသက် (၂၁) နှစ်သည် စက်တင်ဘာလ (၂၉) ရက်နေ့ ည (၈) နာရီခန့်အချိန် မလေးရှားနိုင်ငံရှိ (၈) ထပ်တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့ပြီး ထန်တလန်မြို့တွင် မြေမြုပ်သဂြိုလ်ရန် မလေးရှားနိုင်ငံမှ ရန်ကုန်လေဆိပ်၊ မန္တလေး၊ ဟားခါး အဆင့်ဆင့်သယ်ဆောင်လာပြီးနောက် ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချူပ်၊ ကုသရေးကော်မတီ က ထန်တလန်မြို့အတွင်း ဝင်ခွင့်မပြုဘဲ ဟားခါးသွားသည့် လမ်းမဘေးတွင်မြေမြုပ်သဂြိုလ် ခိုင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ချင်းမီဒီယာများမှရေးသားဖော်ပြပြီး ဆိုရှယ်မီဒီယာပေါ်တွင် ကန့်ကွက်ဝေဖန်မှုများ မြင့် တက်လာပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက ပြန်လည်ခွင့်ပြုသဖြင့် မိုင်ရွှေလှေတီာလ်၏ ရုပ်အလောင်းကို ပြန်လည်တူးဖော်ကာ ထန်တလန်မြို့သချိူင်းတွင် အောက်တိုဘာလ ၆ ရက်နေ့ညက ပြန်လည်သဂြိုလ်ခဲ့ကြသည်။

ချင်းလူမျိူးများသည် မိမိတို့ ချင်းလူမျိူးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ ရုပ်ကလာပ်ကို ဂုဏ်တော်တင်ကာ Conglaizawnh ပွဲတော် ပြုလုပ်ပေးသည့်အခြေအနေတိုင်တောင် ဝမ်းနည်းပူဆွေးသောကဖြစ်မှုကို မျှဝေခံစားပေးသည့် လူမျိူးဖြစ်ပြီး ယခုကဲ့သို့ မိုင်ရွှေလှေတီာလ်ရုပ်ကလာပ်အား ချင်းရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး အသုဘချခိုင်သည့် လုပ်ရပ်သည် မိမိတို့ချင်းလူမျိူးများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မထီမဲ့မြင်ပြုပြီး လေးစားမှုမရှိသည့် လုပ်ဆောင် ချက်ဖြစ်သည်ဟု ချင်းကျောင်းသား/လူငယ်များ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
ထို့အပြင် ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချူပ်၊ကုသရေးကော်မတီကို ထန်တလန်မြို့ပေါ်ရှိ အရပ်ဖက်အဖွဲ့ အစည်းများ၊ မြို့မိမြိုဖများနှင့် လူငယ်အဖွဲ့အစည်းများပါဝင်သည့် အများပြည်သူကိုယ်စားပြုနိုင်သော ကော်မတီအဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးဖို့ ၎င်းတို့ကြေညာချက်တွင်ဆက်လက်ဖော်ပြထားသည်။
ချင်းလူငယ်တစ်ချိူ့ကလည်း လူမှုကွန်ရက် Facebook စာမျက်နှာပေါ်ကတဆင့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး သုသာန်မြေအဖြစ် မသတ်မှတ်ထားသည့်နေရာတွင် သဂြိုလ်မြုပ်နှံခိုင်းသည့် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန်၊ ထန်တလန် COVID-19 Main Committee ကို ပြန်လည်ဖွဲ့စည်းပေးရန်၊ မြို့ခံပြည်သူလူထု ဆန္ဒကို လေးစားပေး ရန်နှင့် ချင်းဓလေ့ထုံးတမ်း အစဉ်အလာအရ သဂြိုလ်ခြင်းကိုလေးစားရန်ဆိုသည့် စာသားများပါဓာတ်ပုံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
မိုင်ရွှေလှေတီာလ်ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်းဆိုခဲ့ကြသည့် အဖွဲ့အစည်းများမှာ Thantlang Youth Association ၊ Thantlang Sianghleirun ChungKhar ၊ Central Chin Youth Organization ၊ Chin Literature and Culture Committee (Universities-Yangon) ၊ Zomi Siamsin Kipawlna-Myanmar ၊ Chin Student Union,kalay ၊ Falam Phunsang Tlawngta Pawlkom,Myanmar ၊ Lairawn Zirsang Pawlkom,kalay ၊ Zo khangno Kipawlna (Tonzang) ၊ Zo Youth Organization (Tonzang) ၊ Mindat University Student’s Union ၊ Hakha University Student’s Organization ၊ Falam Mino Pawlkom တို့ဖြစ်ကြသည်။







