ဗကသကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၁ နှစ် ထပ်တိုးချမှတ်

ဗကသကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၁ နှစ် ထပ်တိုးချမှတ်
All Burma Federation of Student Unions - cec
All Burma Federation of Student Unions - cec

အောင်ထိန် — ရခိုင်ပြည်နယ်အတွင်း တပ်မတော်စစ်ရေးလှုပ်ရှားမှုများအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည် ကျောင်းသား နှစ်ဦးကို အောက်တိုဘာ ၆ ရက်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တရားရုံးက နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ထောက်ဒဏ်(၁)နှစ် ထပ်တိုးချမှတ်လိုက်ကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

၎င်းတို့ကို အောက်တိုဘာလ ၂ ရက်နေ့က မဟာအောင်မြေမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ- ၅၀၅(က)၊ (ခ) ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် တပေါင်းတည်း ချမှတ်ထားပြီဖြစ်သည်။

ဗကသများအဖွဲ့ချုပ်မှ အတွင်းရေးမှူးချုပ် ကိုထူးခန့်သော်က “စစ်အုပ်စုတွေအနေနဲ့ ကျွန်တော်တို့ကို ရန်သူလို့ သတ်မှတ်တယ်။ သူတို့ရန်သူလို့သတ်မှတ်တဲ့အတိုင်း ကျွန်တော်တို့ကို ပြတ်ပြတ်သားသားလုပ်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ထောင်ဒဏ်ချမှတ်ခံရသူများသည် ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်တို့ဖြစ်ကြပြီး ၎င်းတို့ နှစ်ဦးသည် စက်တင်ဘာလ ၂၅ ရက်နေ့က မန္တလေး၊ ဈေးချိုနာရီစင်ရှေ့၌ “Stop Civil War ၊ ဖိနှိပ်ခံ ရက္ခိုင် လူထုနှင့်အတူ ရပ်တည်ကြ” စသည့် စာတန်းပါ ဆိုင်းဘုတ်ကိုကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ထို့အပြင် ၎င်းတို့နှစ်ဦးမှာ မန္တလေးမြို့၌ စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသူ များလည်း ဖြစ်သည်။

“တရားစီရင်ရေးမဏ္ဍိုင်ဟာ စစ်တပ်အောက်ကနေ ရုန်းမထွက်နိုင်သေးဆိုတာ ကျွန်တော်တို့ အားလုံးမြင်တယ်။ တရားမျှတတဲ့ တရားစီရင်ရေးဆိုတာမရှိသေးပါဘူး” ဗကသများအဖွဲ့ချုပ်မှ ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။

မန္တလေးမြို့၌ စက်တင်ဘာလ ၁၀ ရက်နေ့က ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ကိုမျိုးချစ်ဇော်ကို(ခ) ကိုဘချစ် ကိုလည်း စက်တင်ဘာလ ၂၄ ရက်နေ့တွင်ဖမ်းဆီးပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ငြိမ်းစုစီပုဒ် ၁၉ ဖြင့် ယင်းနေ့မှာပင် အလုပ်နှင့်ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများကို ငြိမ်းစုစီ ပုဒ်မအပြင်  နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသူ ၁၅ ဦးရှိပြီး လိုက်လံ ဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၂၈ ဦးအထိရှိကြောင်း ဗကသများအဖွဲ့ချုပ်မှ ထုတ်ပြန် ထားသည်။

photo crd : All Burma Federation of Student Unions - cec

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...