ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲခံထားရသော ရခိုင်မှ ကျောင်းသား သုံးဦးကို ရုံးထုတ်

ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲခံထားရသော ရခိုင်မှ ကျောင်းသား သုံးဦးကို ရုံးထုတ်

သျှင်မင်းဇံ — ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးတွင် ငြိမ်းစုစီ ဥပဒေ ပုဒ်မ(၁၉) ဖြင့် တရားစွဲခံထားရသည့် ကျောင်းသားသုံးဦးကို အောက်တိုဘာ ၆ ရက်နေ့ ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်ကြသည့် ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်နှင့် ကိုဦးသန်းနိုင်တို့ သုံးဦးကို စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီးနောက် အောက်တိုဘာ ၂ဝ ရက်နေ့တွင် ထပ်မံရုံးချိန်းခေါ်ယူခဲ့သည်ဟု ကာယကံရှင်များက ပြောသည်။

တရားစွဲခံထားရသည့် ကိုကျော်နိုင်ဌေးက "ကျွန်တော်တို့ကို တရားရုံးကိုခေါ်ပြီးတော့ ၂ဝ ရက်နေ့ ရုံးချိန်းဆိုပြီးတော့ ပြန်လွှတ်ပါတယ်။ ကျွန်တော့်အမြင်ကတော့ လက်ရှိအစိုးရက ကျွန်တော်တို့ လှုပ်ရှားမှုတွေကို နှောင့်နှေးကြန့်ကြာနေအောင် အချိန်ကို ဆွဲပြီး လုပ်နေတယ်"ဟု ပြောသည်။

၎င်းတို့သုံးဦးသည် စက်တာဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် ပြည်နယ် အစိုးအား အလိုမရှိကြောင်း၊ ရခိုင်ပြည်တွင် 4G အင်တာနက်ပြန်ဖွင့်ရေး၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြစသည့်အချက်များကို ပိုစတာ၊ ဆိုင်းဘုတ်နှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏အလံတို့ကိုကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆိုခဲ့သူများဖြစ်သည်။

ယင်းနောက် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် ထောင်သုံးနှစ်အထိချမှတ်နိုင်သည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်နှင့် ထောင် ၃ လအထိ ချမှတ်နိုင်သည့် ငြိမ်းစုစီဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့်ခဲ့ခဲ့ရသည်။

ယင်းနောက် ၎င်းတို့အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်ဖြင့် တရားစွဲရန် ပြစ်မှုမမြောက်ဟုဆိုကာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ် တရာရုံးက ငြိမ်းစုစီဖြင့် တရားစွဲကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

၎င်းတို့တောင်းဆိုချက်များကို အစိုးရအနေဖြင့် လုပ်ဆောင်မပေးလျှင် အနုနည်းမျိုးစုံကို သုံးကာ ရှေ့ဆက်တောင်းဆိုထုတ်ဖော်သွားမည်ဖြစ်ပြီး ပြည်သူများ မတရားသတ်ဖြတ်ခံနေရမှုများကို လက်ပိုက်ကြည့်မနေနိုင်ဟု အဆိုပါကျောင်းသားသုံးဦးက ပြောသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)တို့သည် စစ်ဆန့်ကျင်ရေးနှင့် ရခိုင်ပြည်နယ်တွင် စစ်ပွဲရပ်တန့်ရေးအတွက် လှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ်နေကြကြောင်း သိရသည်။ ထိုအထဲမှ ဗကသအဖွဲ့ဝင်များဖြစ်ကြသည့် ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်တို့မှာ လှုပ်ရှားမှု ပြုရာတွင် ပါဝင်၍ ထောင် ၃ နှစ်ချမှတ်ခံထားရကြောင်း သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ ညကလည်း စစ်တွေမြို့ရှိ လူသွားလူလာများသည့် လမ်းမပေါ်တွင် ရခိုင်စစ်ပွဲဆန့်ကျင်းရေး စာသားများကို အမည်မသိသူတချို့က အနီရောင်ဆေးမှုတ်ကာ လှုပ်ရှားခဲ့ပြီး ရမ်းဗြဲမြို့တွင်လည်း အမည်မသိသူတို့က ရခိုင်စစ်ပွဲဆန့်ကျင်းရေး စာရွက်များကို ကပ်ကာ ကမ်ပိန်းလှုပ်ရှားမှုတွေရှိကြောင်း တွေ့ရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...