စည်းရုံးရေးဆင်းရာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီပြော

စည်းရုံးရေးဆင်းရာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီပြော

မော်ဦးမြာ — ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပါတီခြားအမာခံလူထုတွေရဲ့ နှောင့်ယှက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကယားပြည်နယ် ဒီမိုကရက်တီပါတီ KySDP မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။

“ ၁ ရက်နေ့က ကျနော်တို့ ငှားသွားတဲ့ကားကို မူးယစ်ဆေးရောင်းတယ်ဆိုပြီးတော့ သတင်းမှားပေးပြန်ရော သတင်းမှားပေးတာကို ရဲက ရောက်လာတာပါ။ ရဲက စစ်လိုက်လို့ ဘာမှ မတွေ့တဲ့ခါကျတော့ တဆက်တည်းမှာပဲ ဆွေးနွေးပွဲက လုပ်နေတဲ့ခါကျတော့ ဘယ်သူက ဦးဆောင်တာလဲ ဘယ်နယောက်လဲ စသဖြင့် မေးတော့ ကျနော်တို့လည်း ပြန်ရှင်းလိုက်တော့ ဒီအတိုင်းပဲ ပြန်သွားကြတယ်။ ဖြစ်တဲ့နေရာကတော့ ဝမ့်ကုန်းမှာ။” လို့ စတီဗင်ထွန်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁ ရက်နေ့မှာလည်း မူးယစ်ဆေးရောင်းနေကြောင်း သတင်းရရှိတယ်လို့ ဆိုကာ ဝမ့်ကုန်းမှာ ဒုတိယအကြိမ် လွိုင်လင်လေး ရဲစခန်းကနေ တာဝန်ရှိသူတွေက လာရောက်စစ်ဆေး မေးမြန်းသွားတယ်လို့ ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။

ယခင်လကလည်း လွိုင်လေလင်းမှာ လူငယ်တွေက ဘောလုံးပွဲ ကျင်းပနေစဉ်မှာ လောင်းကစားလုပ်နေကြောင်း သတင်းရရှိတယ်လို့ ဆိုပြီး ပထမတစ်ကြိမ် လာရောက်စစ်ဆေးမေးမြန်းသွားတာလည်း ကြုံခဲ့ဖူးတယ်လို့ဆိုပါတယ်။

ဦးစတီဗင်ထွန်းထွန်းအနေနဲ့ လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)နေရာမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ပါတီကြီးတွေ စည်းရုံးရေးဆင်းတဲ့အခါမှာ တဖက်ပါတီတွေကို ထိုးနှက်ပြောဆိုတာမျိုး မဖြစ်စေချင်ပဲ နိုင်ငံရေးအားဖြင့်သာ ပြောဆိုစည်းရုံးစေချင်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းနိုင်နိုင်ထွေးက ပြောပါတယ်။

“ နိုင်ငံရေးအားဖြင့် ပြောဆိုတဲ့ ပါတီပဲ ဖြစ်စေချင်တယ်။ တစ်ဖက်ကို ပြောဆိုထိုးနှက်ပြီးမှ နိုင်ငံရေးအရ အားသာချက်ယူတယ်ဆိုရင်တော့ ဒါတွေဟာ မဲဆွယ်စည်းရုံးတဲ့ ကမ်ပိန်း သဘောသဘာဝမျိုးနဲ့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်ပါ။ ဆိုတော့ နိုင်ငံရေးအားဖြင့် ပြောဆိုစည်းရုံးတဲ့ ပါတီတွေပဲ ဖြစ်စေချင်ပါတယ်။” လို့ ဦးစိုင်းနိုင်နိုင်ထွေးက ဆက်ပြောပါတယ်။

အထက်ပါ ပြောကြားချက်ကို အောက်တိုဘာလ ၂ ရက်နေ့မှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ရုံးချုပ် လွိုင်ကော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ ၎င်းကိစ္စရပ်တွေကို မြို့နယ်တိုင်းမှာ ကြုံတွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။

လွိုင်ကော်မြို့နယ်ထဲက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) မော်မာရီထွန်းရဲ့ မဲဆန္ဒနယ် ဖြစ်တဲ့ လွိုင်လင်လေးမှာလည်း ဘောလုံးပွဲ ကျင်းပဖို့ စီစဉ်နေတဲ့အချိန်မှာ လောင်းကစားလုပ်နေတယ်လို့ဆိုပြီး ရဲတွေက လာရောက်မေးမြန်း စစ်ဆေးခဲ့တာလည်း ကြုံခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားခြင်း မရှိပေမဲ့ သက်သေရလာတဲ့အခါမှာ တိုင်ကြားသွားမယ်လို့ စတီဗင်ထွန်းထွန်းက ပြောပါတယ်။

ရွေးကောက်ပွဲစည်းရုံးရေးကာလမှာ ကွင်းဆင်းမဲ့နေရာတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပြီးဖြစ်တဲ့အတွက် အခုလို လုပ်ဆောင်နေခြင်းကို ဖော်ထုတ်ဖို့လိုတယ်လို့ ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်တွေမှာလာမည့် ရွေးကောက်ပွဲအတွင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ကနေပြီး ကိုယ်စားလှယ်လောင်းအသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...