KBZ Group မှ ရခိုင်ပြည်နယ်အတွက် ကျပ်သိန်း ၇၅ဝ အပါအဝင် တစ်ခြားကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို We Love Rakhine မှတစ်ဆင့်လှူဒါန်း

KBZ Group မှ ရခိုင်ပြည်နယ်အတွက် ကျပ်သိန်း ၇၅ဝ အပါအဝင် တစ်ခြားကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို We Love Rakhine မှတစ်ဆင့်လှူဒါန်း

KBZ Group နာယကကြီး ဦးအောင်ကိုဝင်းမှ ရခိုင်ပြည်နယ် COVID-19 ကာကွယ်ရေးအတွက် ကျပ်သိန်း ၇၅ဝနှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို We Love Rakhine  လူမှုရေးအဖွဲ့အစည်းမှ လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၃ဝ ရက်နေ့က စစ်တွေမြို့နယ်အတွက် ထိုကူညီလှူဒါန်းငွေထဲမှ ကျပ်သိန်း ၂ဝဝ နှင့် တစ်ခြား သီးသန့် လှူဒါန်းထားသည့်  COVID-19 ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများဖြစ်ကြသည့် Mask - (၂ဝဝ,ဝဝဝ) (၂ သိန်း)၊ ခေါင်းစွပ် (၃,ဝဝဝ)၊ လက်အိတ် (၁ဝ,ဝဝဝ)၊ Face Shield (၁,ဝဝဝ)၊ Hand Gel (၁,ဝဝဝ)၊ PPE (၅ဝဝ) နှင့် မျက်မှန် (၁ဝဝ) တို့ကို စစ်တွေ ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီးမှ တဆင့် လှူဒါန်းခဲ့သည်ဟု သိရသည်။

၎င်းပြင် မြောက်ဦးဆေးရုံအတွက် ကျပ်သိန်း ၅ဝ၊ ကျောက်ဖြူဆေးရုံအတွက် ၁ဝဝ၊ မောင်တောဆေးရုံအတွက် သိန်း ၁ဝဝ၊ သံတွဲ ဆေးရုံအတွက် ၁ဝဝ၊ ကျောက်တော် ဆေးရုံအတွက် သိန်း ၅ဝ၊ မင်းပြား ကျောက်တော် ဆေးရုံအတွက် ၅ဝ၊ တောင်ကုတ် ကျောက်တော် ဆေးရုံအတွက် ၅ဝ၊ အမ်း ကျောက်တော် ဆေးရုံအတွက် ၅ဝ နှင့် မာန်အောင် ကျောက်တော် ဆေးရုံအတွက် ၅ဝ တို့ကို လှူဒါန်းခဲ့ကြောင်း We love Rakhine ဒုဥက္ကဋ္ဌ ဦးတင်ငြိမ်းဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ ကျွန်တော်တို့ We Love Rakhine အနေနဲ့ KBZ နာယကကြီး ဦးအောင်ကိုဝင်းလှူဒါန်းတာကို ရခိုင်ပြည်နယ်မှာ လိုအပ်မယ့် နေရာတွေကို ခွဲဝေ လှူဒါန်းတာရှိသလို ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း မြို့နယ် အသီးသီးမှာ လှူဒါန်းနေတာ ရှိပါတယ်။

 

အထူးသဖြင့် ကိုဗစ်ရောဂါကြောင့် အခက်အခဲ မဖြစ်စေဖို့ ရည်ရွယ်ပြီးတော့ Mask တွေ၊ တစ်ခြားလိုအပ်တဲ့ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်းနေတာတွေလည်း ရှိပါတယ်”ဟု ဦးတင်ငြိမ်းဦးက ပြောကြားသည်။

We Love Rakhine ရခိုင်လူမှုအဖွဲ့အစည်းကို ရခိုင်အမျိုးသားများသာမက ရခိုင်ပြည်နယ်ကို ချစ်မြတ်နိုးသူ၊ သံယောဇဉ်ရှိသူများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ကိုဗစ်ကာလအတွင်း၌သာမက တစ်ခြား ရခိုင်ပြည်နယ်တွင် ကျရောက်သည့် လေဘေး၊ ရေဘေး၊ သဘာဝ ဘေးန္တရာယ်များကျရောက်သည့် အခါတိုင်း ကူညီ ထောက်ပံ့ နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ် မြို့နယ်တိုင်းတွင်လည်း CEC တစ်ဦးထားရှိပြီး မြို့နယ်များ၏ လိုအပ်ချက်ကို တိုက်ရိုက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...
ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...