ကယားပြည်နယ်တွင် ဝက်သေဆုံးမှုရှိနေဆဲ

ကယားပြည်နယ်တွင် ဝက်သေဆုံးမှုရှိနေဆဲ

ကယားပြည်နယ်မှာ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဝက်သေဆုံးမှုတွေက ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပါသေးတယ်။

ဒီရောဂါဟာဆိုရင် ပြီးခဲ့တဲ့ ၄ လကတည်းက ဖြစ်ပွားလျက်ရှိပြီး တချို့ရွာတွေမှာဆိုရင် မွေးထားတဲ့ဝက်တွေ ရွာလုံးကျွတ်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ဒီးမောဆိုမြို့မှာနေပြီး အရက်ချက်လုပ်ငန်းလုပ်ကိုင်ရင်း ဝက်၅ကောင်မွေးထားတဲ့ ဒေါ်ဂျိုဝါးနာက ယခုလအတွင်းဝက်တွေ အကုန်သေသွားတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်။တန်ဖိုးအရ ၁၅သိန်းလောက်ဆုံးရှုံးသွားတယ်လို့ပြောပါတယ်။

“ဆုံးရှံးမှုအများကြီးရှိတာပေါ့ အကြွေးဆပ်ဖို့မွေးထားတာ အခုကအကုန်သေသွားပြီဆိုတော့ ဘယ်လိုဆပ်ရမလဲစဉ်းစားရတာပေါ့။” လို့ ပြောပါတယ်။

ကယားပြည်နယ်တွင် တောင်ယာလုပ်ငန်းအဓိကလုပ်ကိုင်ပြီး တနိုင်တပိုင် ဝက်တွေကို မွေးထားလေ့ရှိကြပါတယ်။ ယခုလို ဝက်တွေသေဆုံးမှုရှိနေသည့်အတွက် ဝက်တွေဝယ်ယူမည့်သူမရှိဘဲဖြစ်နေပါတယ်။

“အစိုးရကဆီက ချေးယူထားတဲ့ သမဝါယမငွေကြေးတွေကို ဝက်တွေရောင်းပြီး ပြန်ဆပ်မယ်လို့တွေးထားတာ အခုလိုဝက်တွေသေဆုံးမှုတွေဖြစ်နေတော့ အခက်အခဲတွေဖြစ်တာပေါ့။ မသေသေးဘူးဆိုပေမယ့် ရောင်းမယ်ဆိုရင်လည်းဝယ်မယ့်သူက မရှိတော့ အခက်တွေ့ရတယ်” လို့ ဒီးမောဆိုမြို့မှာနေပြီး တပိုင်တနိုင်ဝက်မွေးထားတဲ့ ဒေါ်ဇူလျားနာကပြောပါတယ်။

ဒေါ်ဇူလျားနာက ဝက်၁၂ကောင်မွေးထားပြီး ယခုအချိန်ထိ ဝက်သေဆုံးမှုမဖြစ်သေးသလို ဝက်ဖျားနာတဲ့လက္ခဏာလည်းမတွေ့သေးဘူးလို့ပြောပါတယ်။

ဝက်တွေရောဂါဖြစ်ပြီဆိုရင် ၂ရက်၃ရက်အစာမစားဘဲရှိနေတတ်ပြီး သေဆုံးသွားပါတယ်။ တချို့က အစာမစားတော့ရင် ဆေးတွေထိုးကြတာကြောင့် မြန်မြန်မသေဘဲ တစ်ပတ်အထိအသက်ရှင်ကာ သေဆုံးသွားတယ်လို့သိရပါတယ်။

ယခုလိုဝက်တွေ သေဆုံးမှုဖြစ်နေသောကြောင့် ဝက်မျိုးများမကျန်အောင် သေဆုံးသွားမည်ကိုလည်း စိုးရိမ်နေကြပါတယ်။ ဝက်သေဆုံးမှု ရပ်တန့်သွားရင် ပြန်မွေးမယ်လို့ ဒီးမောဆိုမြို့မှာနေတဲ့ ဦးငါးရယ်ကပြောပါတယ်။

“အခြေအနေကြည့်ရမှာပေါ့ ပြန်အဆင်ပြေမယ် အခြေအနေပြန်ကောင်းမယ် ပြန်ရောင်းလို့ရမယ်ဆိုရင် ပြန်မွေးရင်လည်းမွေးရမှာပေါ့။ ဝက်အမျိုးတွေကောရှိဦးမလားမသိ သေကုန်ပြီလေ။” လို့ သူကဆက်ပြောပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် လွန်ခဲ့တဲ့နှစ်၅၀က အာဖရိကနေဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးနဲ့ ကုသဆေးလည်းမရှိသေးသည့်အတွက် ဖြစ်လာပြီဆိုရင် ထပ်ပြီးတော့ မပြန့်ပွားအောင် သာထိန်းချုပ်နိုင်တယ်လို့ ကယားပြည်နယ် မွေးမြူရေးနှင့် ကုသရေး ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေးကပြောပါတယ်။

“မိုးလုံရမယ်လေဝင်လေထွက်ကောင်းရမယ်။ ဝက်ကိုကျွေးတဲ့အစာတွေက အစာကြွင်း အစာကျန်မကျွေးဖို့ပေါ့။ အစာကျန်တွေမှာ ဝက်သားတွေပါလာရင် ရောဂါဖြစ်နိုင်တဲ့အခါကျတော့ ကျွေးမယ်ဆိုရင် ချက်ပြုတ်ပြီးကျွေးရမှာပေါ့။ အာဖရိကဝက်ပြင်းဖျားရောဂါနဲ့ပတ်သက်ပြီး ညွန်ကြားချက်အတိုင်းလိုက်နာမယ်ဆိုလို့ရှိရင် ဒီရောဂါကာကွယ်လို့ရသလို အလားတူပဲ ပုံမှန်ဖြစ်နေတဲ့ ဝက်ဝမ်းကျရောဂါလို့ခေါ်တဲ့ ဝမ်သွားပြီးသေတဲ့ရောဂါ ကျနောတို့ဌာနနဲ့ချိတ်ဆက်ပြီး ကာကွယ်ဆေးထိုးရင် ကာကွယ်လို့ရတဲ့အနေအထားမှာရှိတာပေါ့။ ”လို့ သူကဆက်ပြောပါတယ်။

အာဖရိက ဝက်အပြင်းဖျားရောဂါသည် ကယားပြည်နယ်တွင် ယခုနှစ်မှ ကူးစက်တာဖြစ်ပြီး ယခုချိန်မှာတော့ သေဆုံးမှုနည်းပါးလာတယ်လို့သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...