ဖလမ်းဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲ ယခုလ အောက်တိုဘာလထဲတွင်ကျင်းပမည်

ဖလမ်းဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲ ယခုလ အောက်တိုဘာလထဲတွင်ကျင်းပမည်

ဖလမ်းမြို့အနီးရှိ ဆူရ်ဘုန်လေယာဉ်ကွင်းကို ယခုလအောက်တိုဘာလအထဲတွင် ဖွင့်ပွဲကျင်းပမည်ဟု ချင်းပြည်နယ်၏ ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဆူရ်ဘုန်လေယာဉ်ကွင်းကို အောက်တိုဘာလထဲမှာ ဖွင့်ပွဲကျင်းပသွားမယ် ရက်အတိအကျတော့ မသိရသေးဘူး လူကြီးတွေအားတဲ့အချိန် အောက်တိုဘာလထဲမှာ လုပ်သွားဖို့ လျာထားတာတော့ ရှိတယ် ၊လျာထားတာတော့ အောက်တိုဘာလ (၁) ရက်နေ့မှာ ဆင်းပြီးတော့ စမ်းသပ်ဖို့ စီစဉ်ထားပေမဲ့ ရာသီဥတု အခြေနေတွေကြောင့် ဖြစ်တယ်”ဟုပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းစီမံကိန်းကို ယခင်သမ္မတဦးသိန်းစိန်အစိုးရခေတ်၂၀၁၅ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင်လက်ရှိလေယာဉ်ကွင်းမှာ ၉၈ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပြီး မကြာမီ လေယာဉ်ပြေးဆင်းနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “လေယာဉ်ကွင်းက ၉၈ ရာခိုင်နှုန်းပြီးနေ ကျန်နေတယ် တောင်နှစ်ဖက်လုံးကို နည်းနည်းဖြိုဖို့ ကျန်နေတယ် ၊တော်တော်လေးတော့ ပြီးနေပြီ ဆင်းဖို့ဘဲ ကျန်တော့တယ်။ လေယာဉ်ကွင်း ရှိတဲ့နေရာကလည်း သီးခြားနေရာမျိုးဖြစ်နေတော့ အခုလိုကာလမှာ လုပ်ငန်းဆောင်ရွက်မှုတွေကို မရပ်နားဘဲ လုပ်နေကြတယ် ကျန်းမာရေးက ထုတ်ပြန်တဲ့အတိုင်း ခြောက်ပေအကွာအဝေး နေကြပြီး လုပ်ငန်းဆက်လက်လုပ်ဆောင်နေကြတယ်”ဟုပြောသည်။

ဖလမ်း-ဆူရ်ဘုန်လေယာဉ်ကွင်းကို ရံပုံငွေ ကျပ် ဘီလီယံ ၁၄၀ အကုန်ကျခံ တည်ဆောက်ထားပြီး လေယာဉ်ပြေးလမ်း အလျားပေ ၆ဝဝဝနှင့် အကျယ်ပေ ၁၀၀ ရှိပြီး ခရီးသည် ရဝကျော် လိုက်ပါနိုင်သည့် (ATR-72) လေယာဉ်များ အဆင်းအတက် ပြုလုပ် ရပ်နားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...