ဒီဇယ်ဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်တော့မည်မဟုတ်

ဒီဇယ်ဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်တော့မည်မဟုတ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စက်သုံးဆီ (ဒီဇယ်) ပြတ်လပ်မှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့ည မှစ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်မဟုတ်ကြောင်း ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူးထံမှသိရသည်။

ပလက်ဝမြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် အသုံးပြုမည့် ဒီဇယ် ပီပါ (၁၂၀) လုံးသည် ဆမီးမြို့တွင်သောင်တင်နေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် သယ်ယူရန်အခက်အခဲဖြစ်နေကြသည်ဟု ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအောင်လောဟာကပြောသည်။

“လက်ရှိ ကျနော်တို့ဆီမှာ ရှိတဲ့ဟာက ကုန်သွားတယ်၊ ဆမီးမှာ ပီပါ အလုံး ၁၂၀ တော့ရှိတယ် ဒါပေမယ့် လမ်းကြောင်း မကောင်းသေးလို့မသယ်နိုင်သေးတာ၊ အဲဒီလမ်းကြောင်းပေါ်မှာက ဟိုဘက်အဖွဲ့အစည်းတွေရှိတယ်လေ လမ်းကြောင်း ရှင်းမှဘဲ တပ်ကခွင့်ပြုတာကိုး တစ်ပတ်လောက်ရှိပြီစောင့်နေတာကတော့’’ ဟု ဦးအောင်လောဟာကပြောသည်။

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ ဒီဇယ်ဆီအသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဆမီးမြို့တို့မှ ဆက်သွယ်သော လမ်းကြောင်းများပြတ်တောက်သည့်အတွက် စက်သုံးဆီအပြင် စားနပ်ရိက္ခာများလည်း ပြတ်တောက်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန် အခက်အခဲဖြစ်နေသည့်အတွက် ပလက်ဝမြို့နယ်တွင် ရက်အတော်ကြာလျှပ်စစ်မီးပြတ်တောက်ခဲ့ပြီးဖြစ်သည်။

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...