ဒီဇယ်ဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်တော့မည်မဟုတ်

ဒီဇယ်ဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်တော့မည်မဟုတ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စက်သုံးဆီ (ဒီဇယ်) ပြတ်လပ်မှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့ည မှစ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်မဟုတ်ကြောင်း ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူးထံမှသိရသည်။

ပလက်ဝမြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် အသုံးပြုမည့် ဒီဇယ် ပီပါ (၁၂၀) လုံးသည် ဆမီးမြို့တွင်သောင်တင်နေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် သယ်ယူရန်အခက်အခဲဖြစ်နေကြသည်ဟု ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအောင်လောဟာကပြောသည်။

“လက်ရှိ ကျနော်တို့ဆီမှာ ရှိတဲ့ဟာက ကုန်သွားတယ်၊ ဆမီးမှာ ပီပါ အလုံး ၁၂၀ တော့ရှိတယ် ဒါပေမယ့် လမ်းကြောင်း မကောင်းသေးလို့မသယ်နိုင်သေးတာ၊ အဲဒီလမ်းကြောင်းပေါ်မှာက ဟိုဘက်အဖွဲ့အစည်းတွေရှိတယ်လေ လမ်းကြောင်း ရှင်းမှဘဲ တပ်ကခွင့်ပြုတာကိုး တစ်ပတ်လောက်ရှိပြီစောင့်နေတာကတော့’’ ဟု ဦးအောင်လောဟာကပြောသည်။

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ ဒီဇယ်ဆီအသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဆမီးမြို့တို့မှ ဆက်သွယ်သော လမ်းကြောင်းများပြတ်တောက်သည့်အတွက် စက်သုံးဆီအပြင် စားနပ်ရိက္ခာများလည်း ပြတ်တောက်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန် အခက်အခဲဖြစ်နေသည့်အတွက် ပလက်ဝမြို့နယ်တွင် ရက်အတော်ကြာလျှပ်စစ်မီးပြတ်တောက်ခဲ့ပြီးဖြစ်သည်။

May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...