ပြည်နယ်မှာ NLD စတင်ဖွဲ့စည်းခဲ့ချိန်မှာပါဝင်ခဲ့ဖူးတဲ့ ၂၀၂၀ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း

ပြည်နယ်မှာ NLD စတင်ဖွဲ့စည်းခဲ့ချိန်မှာပါဝင်ခဲ့ဖူးတဲ့ ၂၀၂၀ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် - ၂၀၁၂ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုကယားပြည်နယ်မှာလာရောက်တည်ထောင်ခဲ့ချိန်ပါဝင်တည်ထောင်ပေးခဲ့သူ၊ တည်ထောင်ပြီးနောက်မှာကယားပြည်နယ်(NLD) ပါတီရဲ့ဗဟိုကော်မတီအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တဲ့ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာနေတဲ့ဦးစိုင်းအုန်းမြင့်ကလာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှာရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

“ NLD ကိုကျနော်တို့လူမျိုးစုကနေ ကျနော်တို့ဖွဲ့စည်းတာ။ ဒီကယားပြည်နယ်တစ် ပြည်နယ်လုံးမှာပေါ့နော်။အဲ့ဒီNLD ပါတီကို ပထမဆုံး ကျနော်တို့ထူထောင်တာ။” လို့ဦးစိုင်းအုန်းမြင့်ကပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ရတာက ပြည်နယ်အခြေစိုက်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ပြည်မကပါတီကြီးတွေရဲ့လုပ်ပိုင်ခွင့်ကမတူညီတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်။

“ ဘာကြောင့်ပြည်နယ်ပါတီကို ကိုယ်ကစိတ်ဝင်စားသွားသလဲဆိုတော့ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ အခုပြည်မကပါတီကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကမတူဘူး။ မတူဘူးဆိုတာက ဖက်ဒရယ်ပြည်ထောင်စုကိုကျနော်တို့ တည်ဆောက်ချင်တယ်။”

ဦးစိုင်းအုန်းမြင့်က ရှမ်းတိုင်းရင်းသားလူမျိုးဖြစ်ပြီး မိသားစု(၅)ယောက်ရှိပါတယ်။

လက်ရှိမှာမိသားစုစားဝတ်နေရေးအတွက် အိမ်မှာစားသောက်ဆိုင်ဖွင့်လှစ်ထားပြီး၊ ကုန်သည်အလုပ်ကိုလည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

ဦးစိုင်းအုန်းမြင့်ဟာ(၁၀)တန်းအထိ တက်ရောက်ခဲ့ပြီး၁၉၈၆ခုနှစ်ကနေစပြီး ၁၉၉၅ခုနှစ်အထိအခြေခံပညာ မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ကျောင်းဆရာအဖြစ်ကနှုတ်ထွက်ပြီး အသက်မွေးဝမ်းကြောင်းအတွက် လက်သမားအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

၂၀၀၈ခုနှစ်ကနေစပြီး နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၀ခုနှစ်မှာရွားတောမြို့နယ်အတွင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည)နဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)(၂)ပါတီသာ ရှိသေးတဲ့အတွက်၂၀၁၀ရွေးကောက်ပွဲကိုတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နိုင်ငံရေး၊ဒီမိုကရေစီအရေးတွေအရေးတွေကို (၁၀)နှစ်ကျော်ပါဝင်လှုပ်ရှားခဲ့ပြီး နိုင်ငံရေးသင်တန်းတွေကိုလည်းများစွာ တက်ရောက်ဖူးသူဖြစ်ပါတယ်။

နောက်ပိုင်းမှာNLD ပါတီကအသိအမှတ်မပြုပါဘူးလို့ ဆိုလာတဲ့အတွက်ကြောင့်(NBF) အဖွဲ့ရဲ့အကူအညီနဲ့ကယားလူမျိုးစုပါတီကိုပြန်ပြီးဖွဲ့စည်းတာဖြစ်တယ်လို့ ဦးစိုင်းအုန်းမြင့်ကပြောပါတယ်။

“ သူတို့NLD ကနေကျနော်တို့အဖွဲ့ကို အသိအမှတ်မပြုပါဘူးဆိုပြီးတော့ လုပ်လိုက်တဲ့အချိန်မှာ နောက်ဆုံးတော့ကျနော်တို့က ( Nationalities Brotherhood Federation-NBF) ဆိုတဲ့အဖွဲ့ကအစည်းအဝေးခေါ်လိုက်တယ်။ တောင်ကြီးကိုကျနော်တို့ကို အဲ့ဒါတောင်ကြီးကိုတက်သွားပြီးတော့ ပြည်နယ်ကိုယ်စားပြုတစ်ခုခုပြန်ပြီးဖွဲ့စည်းပါလားဆို သူတို့ကတိုက်တွန်းတာပေါ့။ လိုအပ်တဲ့အကူအညီတွေ၊ လိုအပ်တဲ့နည်းပညာတွေမှန်သမျှသူတို့ ပံ့ပိုးပါ့မယ်ဆိုပြီးတော့ ကျနော်တို့ပြန်လာပြီးလူကြီးတွေနဲ့ညှိတယ်။ ညှိပြီးတော့ကျနော်တို့ကယားလူမျိုးစုပါတီဆိုပြီးတော့ ကျနော်တို့ပြန်ပြီးတော့ဖွဲ့စည်းတာပေါ့။” လို့ပြောပါတယ်။

ဦးစိုင်းအုန်းမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဖွဲ့စည်းခဲ့တဲ့အထဲမှာပါဝင်ယုံသာမကကယားလူမျိုးစုပါတီကို စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ပါတီကြီးတွေလွှမ်းမိုးမှုကို မလိုလားဘဲပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက်တိုင်းရင်းသားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်တယ်လို့ ဦးစိုင်းအုန်းမြင့်ကဆိုပါတယ်။

၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာလဲ ကယားလူမျိုးစုပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူတစ်ယောက်လဲဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ လုပ်ဆောင်ပေးမယ့်အရာတွေကိုပြောဆိုပြီး မဲဆွယ်တာမျိုးကိုမလုပ်ဘဲအစိုးရတစ်ရပ်ဖြစ်လာရင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့သူကဆိုပါတယ်။

“ လုပ်ပေးမယ်ဆိုတဲ့အပိုင်းကတော့ ကျနော်ဘယ်ပြည်သူ၊ ဘယ်လူထုမှကျနော်ကတိမပေးခဲ့ပါဘူး။ ဒါတွေလုပ်ပေးမယ်လို့တော့ကျနော်မပြောဘူး။ ဒါပေမယ့်အစိုးရဖြစ်လာပြီဆိုတဲ့ အခြေအနေမှာတော့ဒီလမ်း၊တံတားဆောက်တာတို့ ကျောင်းဆောက်တာတို့၊ဆေးရုံဆောက်တာတို့ ဒါကတော့လိုအပ်တဲ့နေရာမှာတော့လုပ်ပေးနေရမှာပဲ အဲ့တာပဲပြောချင်တယ်။”လို့ပြောပါတယ်။

အဓိကအနေနဲ့ဖက်ဒရယ်ပြည်ထောင်စုကိုမျှော်မှန်းထားတဲ့အတွက်၂၀၂၀ရွေးကောက်ပွဲမှာတိုင်းရင်းသားပါတီအနေနဲ့နိုင်ဖို့လိုတယ်၊ တကယ်လို့အနိုင်ရခဲ့မယ်ဆိုရင်ငြိမ်းချမ်းရေးကို အဓိကလုပ်ဆောင်ပေးပြီးတော့စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရပြီဆိုရင်တော့ဖက်ဒရယ်ပြည်ထောင်စုကို ဆက်သွားမယ်လို့ဦးစိုင်းအုန်းမြင့်ကဆိုပါတယ်။

“ အခုလက်ရှိကျနော်တို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအခု ကိုယ်စားလှယ်လောင်း(၄)ယောက်(ရှားတောမြို့နယ်အတွင်း) ကလည်းခင်ဗျားတို့သိနေ၊ မြင်နေတဲ့လူတွေအချိန်မရွေးခင်ဗျားတို့ ဆက်သွယ်နိုင်တဲ့လူတွေဒါကြောင့်မလို့ခင်ဗျားတို့ အခုကျနော်တို့လာတာကကျနော်တို့လူကြီးဖြစ်ဖို့ မဟုတ်ဘူးခင်ဗျားတို့ဆီမှာအလုပ်လာတောင်းတာ။” လို့ဦးစိုင်းအုန်းမြင့်က ပြောပါတယ်။

ဦးစိုင်းအုန်းမြင့်က၂၀၂၀မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) ကနေပြီး ရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...