(CNLD)ပါတီ၏မဲဆွယ်စည်းရုံးမူများသည်ကျန်းမာရေးဌာနမှထုတ်ပြန်သည့်စည်းကမ်းမချိုးဖောက်ဟုဆို

(CNLD)ပါတီ၏မဲဆွယ်စည်းရုံးမူများသည်ကျန်းမာရေးဌာနမှထုတ်ပြန်သည့်စည်းကမ်းမချိုးဖောက်ဟုဆို

Salai Khup Khup - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီကို ထောက်ခံအားပေးပြီး ဝန်းရံသူများသည်ကျန်းမာရေးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းများကို မလိုက်နာကြောင်း ဒေသအချို့တွင်ဝေဖန်မှုများ ကို ကျန်းမာရေးဌာနမှထုတ်ပြန်သည့်စည်းကမ်း မချိုးဖောက်ဟု (CNLD) ဥက္ကဌမှ ဆိုသည်။

စက်တင်ဘာ(၁၉)ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ချင်းအမျိုးသားဒီမိုကရေအဖွဲ့ချုပ်(CNLD) ကို ထောက်ခံသည့် ချင်းတိုင်းရင်းသားလူဦးရေ သုံးရာကျော်ခန့်ဖြင့်မြို့တွင်းလှည့်မဲဆွယ်မှုမှာကျန်းမာရေးဌာန ထုတ်ပြန်သည့် စည်းကမ်းအတိုင်းမဲမဆွယ်ဟု ကလေးမြို့ ဒေသခံပြည်သူအချို့ကဝေဖန်ခြင်းအပေါ် (CNLD) မှ ဥက္ကဌ ဦးငိုင်ဆောခ့်က စည်းကမ်းမချိုးဖောက်ကြောင်းပြောသည်။

 

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) မှ ဥက္ကဌ ဦးငိုင်ဆောခ့်က “ပါတီတိုင်းက စည်းရုံးရေး လုပ်နေကြတာလေ ကော်မရှင်ကလည်း ခွင့်ပြုထားတာဘဲ ကန်ပက်လက်လိုမျိုး မင်းတပ်မြို့လိုမျိုးမှာကြတော့ ထူးခြားတဲ့ အခြေနေကြောင့် ရပ်နားထားတယ်လေ စည်းကမ်းအတိုင်းပဲလုပ်နေတာပဲလေ။ ထူးခြားမှုလည်း မရှိတဲ့နေရာမှာ ပါတီတိုင်းကလည်းလုပ်နေတဲ့အချိန်မှာ CNLD ချင်းပါတီကို ကွက်ပြီးဝေဖန်နေရင်လည်း မလိုလားတဲ့သူတွေ ဖြစ်ပါမယ်။ တခြားပါတီ စည်းရုံးရေး ဆင်းနေတာကိုလည်း ကျတော်တို့ ဝေဖန်မနေဘူးလေ” ဟု ပြောသည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးငို်င်ဆောခ့်သည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် အမှတ်(၁) မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ အခြေနေကြောင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ CNLD မှ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက် တို့တွင် နယ်လှည့် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ယာယီရပ်နားထားကြောင်း သိရသည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD)မှ ဥက္ကဌ ဦးငိုင်ဆောခ့်က “မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကိုတော့ ရောဂါအခြေနေကြောင့် စည်းရုံးရေးကို ယာယီ ရပ်နားထားတယ် မတူပီမြို့ကတော့ ထူးထူးခြားခြားမရှိတော့ပါတီအားလုံးတော့ သူ့ဟာနဲ့သူ သွားနေကြတယ် ရပ်နားထားတာတော့ မရှိဘူး”ဟု ပြောသည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD)သည် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂ဝအထွေထွေရွေးကောက်ပွဲတွင်ချင်းပြည်နယ်နေရာအများစုနှင့်နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တွင် လွှတ်တော်နေရာစုစုပေါင်း (၅၇) နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...