ပြည်ပရောက် ချင်းလူမျိုးမဲဆန္ဒရှင် တွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမူဘယ်လိုရှိလဲ

ပြည်ပရောက် ချင်းလူမျိုးမဲဆန္ဒရှင် တွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမူဘယ်လိုရှိလဲ

Salai C Lian — လာမည့် နိုဝင်ဘာလ (ဂ) ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး၊ ကိုယ်ရောက်ရှိနေတဲ့နိုင်ငံက မြန်မာနိုင်ငံသံရုံးတွေမှာ ကြိုတင်မဲပေးစနစ်နဲ့မဲပေးခွင့် အောက်တိုဘာလထဲမှာမဲပေးရမှာဖြစ်ပြီး ပြည်ပရောက် ချင်းလူမျိုးမဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ဝင်စားမူဘယ်လိုရှိလဲ၊ ရွေးကောက်ပွဲရလဒ် ဘယ်လိုမျှော်မှန်းထားလဲ တင်ပြလိုက်ပါသည်။

Salai Van Lal Lian (New Delhi) “ဒီနှစ်ရွေးကောက်ပွဲတော့ ကပ်ရောဂါကြီးနဲ့ ပြန်နိုင်မှာ မဟုတ်ဘူး၊ မဲလည်းပေးနိုင်မှာ မဟုတ်ဘူး၊ တစ်ပါတီထဲ အစိုးရဖွဲ့တာ မဟုတ်ပဲ ညွန်ပေါင်းအစိုးရ ဖြစ်စေချင်တယ်၊ တစ်ပါတီထဲက အစိုးရကို ဦးဆောင်ရင်တော့ မဖြစ်ဘူး လိုရာဆွဲဖြစ်နိုင်တယ်၊ အဲဒါကြောင့် ကိစ္စအားလုံးကို ညို့ညို့နိူင်းနိူင်းလုပ်မှသာ ကျွန်တော်တို့ပြည်သူအတွက် အကျိုးရလဒ်ကောင်း အားကိုးရတဲ့ အစိုးရဖြစ်နိုင်မှာ ဖြစ်တယ်”

Mai Rebecaa (China) “ကျွန်တော်အမြင်မှာကတော့ CNLD ကိုမကြိုက်လို့တော့ မဟုတ်ဘူး၊ သို့ပေမဲ့ ချင်းတွေကြားထဲမှာ စည်းလုံးမူမရှိတော့ ဘာပဲပြောပြော NLD နိုင်မယ်လို့ယုံကြည်တယ်၊ နောက်ဆို ကိုယ့်ချင်းပါတီတွေနိုင်ဖို့ ကိုယ့်ချင်းချင်းကိုလည်း ယုံကြည်မူတွေ အများကြီးတည်ဆောက်ဖို့လိုသေးတယ်လို့ ပဲမြင်တယ်”

Nu Boih (China)  “ဘာပဲပြောပြော တပ်မတော်လက်ထဲကနေ လွတ်မြောက်ဖို့က အဓိကပါ၊ ကျွန်တော်တို့ အမျိုးသားရေးနှင့် တပ်မတော်ကနေ လွတ်ဖို့ဆိုတာ NLD တစ်ခုပဲရှိတယ်၊ ကိုယ့်ချင်းပါတီကို မကြိုက်လို့လဲမဟုတ်ဘူး၊ ဒါပေမဲ့ မြန်မာပြည်တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင်တော့ NLD ကပဲဦးဆောင်လုပ်နိုင်တယ်လို့ မြင်တယ်”

Salai Van Nei Cem (Aizawl,India) “ကျွန်တော်တို့အနေနဲ့ ဘာကြောင့်ရပ်တည်ပေးလဲဆိုတော့ စည်းလုံးမူကို လိုလားလို့အခုလိုရပ်တည်ပေးတာဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရပိုင်ခွင့်တွေ အမှန်တကယ် လုပ်ပေးမဲ့သူက ကိုယ့်ချင်းတိုင်းရင်းသားပါတီတွေဖြစ်တယ်၊ တစ်ခြားပါတီတွေကတော့ ချင်းလူမျိုးတွေရဲ့ စည်းလုံးမူကို လုပ်ပေးမှာမဟုတ်ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ ရပ်တည်ပေးတာပါ၊ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းမှာ မဲမပေးနိုင်ပေမဲ့ ပြည်တွင်းမှာရှိတဲ့ ကိုယ့်လူမျိုးတွေကို မဲပေးအောင် လုပ်ပေးလို့ရတယ်၊ ချင်းပြည်နယ်တစ်ခုထဲမဟုတ်ဘူး စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်က ချင်းကိုယ်စားလှယ်တွေ ရစေချင်တယ်၊ အဲဒါမှာ ကျွန်တော်တို့ရဲ့ စည်းလုံးမူအင်အားကို ပြသနိုင်မယ်”

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...