ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတသောလူ့ဘောင်သစ်ပေါ်ထွန်းရေးအတွက် ရခိုင်ရှေ့နေ ၁၄ ဦးဖြင့် ရက္ခိုင်ရှေ့နေများကောင်စီ ဖွဲ့စည်း

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတသောလူ့ဘောင်သစ်ပေါ်ထွန်းရေးအတွက် ရခိုင်ရှေ့နေ ၁၄ ဦးဖြင့် ရက္ခိုင်ရှေ့နေများကောင်စီ ဖွဲ့စည်း

ထွန်းခိုင် — ရခိုင်ပြည်နယ်အတွင်း တရားစိုးမိုးရေးနှင့် တရားမျှတသော လူ့ဘောင်သစ်တစ်ရပ်ပေါ်ထွန်းလာရေး ရည်မှန်းချက်ဖြင့် ရက္ခိုင်ရှေ့နေများကောင်စီကို ပြီးခဲ့သော စက်တင်ဘာလ ၁၉ ရက်နေ့က ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ရက္ခိုင့်ရှေ့နေများကောင်စီကို ဖွဲ့စည်းရခြင်းမှာ ရည်ရွယ်ချက် ၄ ချက်ပါရှိကြောင်း သိရှိရသည်။ ၎င်းတို့မှာ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသည့် လုပ်ငန်းစဉ်များဖြစ်ပေါ်စေရန်၊ ရခိုင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ကိစ္စရေးရာများတွင် စုပေါင်းလုပ်ဆောင်ကြရန်၊ မျိုးဆက်သစ် လူငယ်ရှေ့နေများ၏ စွမ်းရည်နှင့်၊ အခန်းကဏ္ဍကိုမြင့်တင်ရန်နှင့် ရခိုင်ရှေ့နေများ၏ စည်းလုံးညီညွှတ်မှုကို ချစ်ကြည်ရင်းနှီးမှုဖြင့် ခိုင်မာစွာတည်ဆောက်ရန်တို့ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

ရက္ခိုင်ရှေ့နေများကောင်စီ၏ အထွေထွေအတွင်းရေးမှူးနှင့် ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဇော်မင်းက “ ရခိုင် လူငယ်တွေကို စွမ်းရည်မြှင့်တင်ဖို့၊ လူ့အခွင့်ရေးချိုးဖောက်မှုများအတွက် တရားမျှတရေး ရရှိရေးတို့အတွက် ရှေ့နေတွေကပူးပေါင်းပြီးတော့ လုပ်ဆောင်နိုင်ရေးအတွက် ဖွဲ့စည်းရတာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားများကြောင့် လူ့အခွင့်ချိုးဖောက်မှုများ၊ သံသယဖြင့် ဖမ်းဆီးခံရမှုများနှင့် မတရားစွပ်စွဲမှုချက်များအတွက် အကူညီတောင်းခံလာပါက ရက္ခိုင်ရှေ့နေများကောင်စီအနေဖြင့် အကူအညီများပေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဇော်မင်းက ဆက်ပြောသည်။

အဆိုပါ ရက္ခိုင်ရှေ့နေများကောင်စီကို ရှေ့နေ ၁၄ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တခြားရှေ့နေများ ပါဝင်နိုင်ရေးအတွက် လမ်းဖွင့်ထားကြောင်းနှင့် ရှေ့နေများ ပါဝင်မှုများလာအောင် စည်းရုံးရေးများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် ရခိုင်တစ်မျိုးသားလုံးနှင့် ဆိုင်သော ကိစ္စရပ်များတွင် လိုအပ်လျှင် နိုင်ငံတကာအဖွဲ့အစည်းများ အရပ်ဖက်အဖွဲ့အစည်းများနှင့်ပူပေါင်း၍ တရားမျှတမှုရရှိအောင် အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသွားသည်။

May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...