ကိုဗစ် ၁၉ ဒုတိယလှိုင်းကြောင့်ရခိုင်ပြည်နယ်တွင်ချင်းတိုင်းရင်းသားရေးရာကိုယ်စားလောင်းများမဲဆွယ်ရန်အလွန်ခက်ခဲ

ကိုဗစ် ၁၉ ဒုတိယလှိုင်းကြောင့်ရခိုင်ပြည်နယ်တွင်ချင်းတိုင်းရင်းသားရေးရာကိုယ်စားလောင်းများမဲဆွယ်ရန်အလွန်ခက်ခဲ

ကိုဗစ် – ၁၉ ရောဂါ ဒုတိယလှိုင်းကူးစက်မူကြောင့် ရခိုင်ပြည်နယ်တွင်ယှဉ်ပြိုင်မည့်ချင်းတိုင်းရင်းသား ကိုယ်စားလှယ်လောင်းများ မဲဆွယ်ရန် အလွန်ခက်ခဲမူများရှိပြီး ရွေးကောက်ပွဲရလဒ်ထိ ရိုက်ခက်နိုင်ကြောင်း ချင်းတိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်းများက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မူအမြင့်ဆုံး ရခိုင်ပြည်နယ် ဖြစ်နေပြီး ပြည်နယ်အတွင်းရှိ မြို့နယ်တစ်မြို့နယ်နှင့် တစ်မြို့နယ်သွားလာ ကန့်သတ်ထားကြောင်း သိရသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးဆလိုင်းတင်ဦးက “လောလောဆယ်တော့ ကျွန်တော်တို့ဘယ်မှ သွားလို့မရဘူးဖြစ်နေတယ်၊ ကိုယ့်ရွာကိုယ့်ဒေသပဲသွားလို့ရတယ်၊ တစ်ခြားမြို့တွေကတော့ ဘယ်မှသွားလို့မရဘူး၊ အဓိကတော့ ရေးရာဝန်ကြီးကို ယှဉ်ပြိုင်တယ်ဆိုတော့ ကျွန်တော်တို့ကဘာမှလည်း ပြောလို့မရဘူး၊ ကိုယ့်စိတ်ကတော့ ကိုယ့်ရဲ့မဲဆန္ဒနယ်မြေတွေကို သွားချင်တာပေါ့၊ ဒေသန္တရအမိန့်တွေလည်း ရှိနေတော့ ဘယ်မှမသွားနိုင်ဘူး၊တကယ်တမ်းပြောရရင် ကျွန်တော်တို့က နစ်နာတာပေါ့၊ ကိုယ့်ရဲ့မဲဆန္ဒနယ်မြေတွေက တစ်နေရာထဲမဟုတ်ဘူး ရခိုင်တစ်ပြည်နယ်လုံးကို ဖြစ်နေတယ်၊ ချင်းတိုင်းရင်းသားတွေက တစ်ပြည်နယ်လုံးပြန့်နံ့နေတာလေ၊ မြို့နယ်ဆိုရင် မြို့နယ်တိုင်း၊ ကျေးရွာတိုင်း တောတောင်ချောင်းမြောင်းတွေထိနေတယ် ရှိတာတွေကကျွန်တော်တို့မဲဆန္ဒရှင်တွေ ဖြစ်တယ်၊ သွားရေးလာရေးကလည်း ခက်ခဲနေတယ်၊ အရေးထဲ ကိုဗစ်-၁၉ ကြောင့်ကျွန်တော်တို့က ခရီးမသွားနိုင်ဘူး၊ စည်းရုံးရေးတွေက အများကြီးနစ်နာတယ်” ဟု ဆိုသည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ကိုယ်စားလှယ်လောင်းများအနေနဲ့ ပြည်သူများထိတွေ့မူ လုပ်ဆောင်ရန် ခက်ခဲမူကြောင့် ကိုယ်စားလှယ်လောင်းများအနေနဲ့ မဲဆန္ဒရှင်များကို တောင်းပန်ကြောင်းပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦး စိုးဝင်းက ဆိုသည်။

“ကျွန်တော်တို့မှာကတော့ ပါတီဌာနချုပ်ကလည်း ကွင်းမဆင်းဖို့ ထုတ်ထားပြီးပြီ၊ ခုချိန်မှာတော့ တစ်တိုင်းပြည်လုံးကိုဗစ်-၁၉ နဲ့ဖြစ်နေတယ်၊ ကျွန်တော်တို့မှာ ရိုက်ခက်တာတော့ အခုချိန်မှာ စည်းရုံးရေးဆင်းလို့ လုံးဝမရဘူး ဖြစ်နေတယ်၊ ဆိုင်းဘုတ်တင်ဖို့တောင်မှ ကိုယ့်ဟာကို တင်နိုင်ရင်ပေါ့၊ နှစ်ယောက်သုံးယောက်နဲ့ပဲ လုပ်နိုင်တယ်၊ ကျွန်တို့တိုင်းရင်းသား လွတ်တော်ကိုယ်စားလှယ်တွေက မြို့နယ် ၁၆ ရှိတယ်၊ ဘယ်မှသွားလို့မရဘူး၊ အများကြီးခက်ခဲရှိနေတယ်၊ ပြီးတော့ မဲဆန္ဒရှင်တွေနဲ့ မတွေ့နိုင်ရင်တော့ အများကြီးရိုက်ခက်မူတွေရှိတယ်၊ မသွားနိုင်တော့ ယုံကြည်မူ့တည်ဆောက်ဖို့လည်း ခက်ခဲမူတွေရှိလာတယ် ဘယ်လိုမှမဖြစ်နိုင်တော့ဘူး၊ ကျွန်တော်တို့က မျက်နှာတောင် မပြနိုင်ရင်တော့ ဆုံးရှုံးမူအများကြီးရှိတယ်၊ ထိတွေ့မူအားနည်းတယ်ဆိုတော့ ကျွန်တော်တို့မှာ အခက်အခဲများကြီးရှိတယ်၊ မဲဆန္ဒရှင်တွေကို အနူးအညွန့်တောင်းပန်ပါတယ်၊ တောင်းသင့်တဲ့အနေအထားမှာလည်း ရှိနေတယ်၊ ကိုယ့်ရဲ့ခံယူချက် ယုံကြည်ချက်တွေ လက်တွေ့အနေနဲ့ မပြောနိုင်မချပြနိုင်ဖြစ်နေတော့ဘူး၊ လက်ဆောင်ချက်တွေလည်း ထိတွေ့မူမရှိတော့ မဆောင်နိုင်ဘူးပေါ့၊ အဲဒါကြောင့် တောင်းလည်းပန်ချင်တယ်” ဟု ပြောသည်။

ထို့ပြင် ချင်းတိုင်းရင်းသားပါတီများသည် အနိုင်ရပါတီထက် ခက်ခဲမူများရှိနေပြီး၊ ရွေးကောက်ပွဲရလဒ်ထိပါ ရိုက်ခက်မူများ ရှိနေနိုင်ကြောင်း အရှိုချင်းအမျိုးသားပါတီ ချင်းတိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း ဦးဆလိုင်းမောင်မောင်ဝင်းက ဆိုသည်။

“ကျွန်တော်တို့ ချင်းတိုင်းရင်းသားရေးရာ နေရာကတော့ တစ်ခြားနေရာထက် အများကြီးရိုက်ခက်နိုင်တာပေါ့၊ ကျွန်တော်တို့က တစ်မြို့နယ်နှင့် တစ်မြိုနယ် အသွားအလာလည်း ကန့်သက်ထားတော့ တော်တော်များများကျွန်တော်တို့ မရောက်နိုင်ဘူး၊ သူတို့က မြို့နယ်တိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ပါဝင်တော့ အများကြီးအားသာတယ်၊ အခုလိုအသွားအလာ ကန့်သက်ထားတော့ ကျွန်တော်တို့က လူမူကွန်ယက်ကနေပြီးတော့ မဲဆွယ်ကြတယ်၊ အချို့ပါတီရှိတဲ့နေရာမှာတော့ သူတို့တွေက လိုက်လုပ်ပေးတယ်၊ မြို့နယ်ပါတီမရှိတဲ့နေရာတော့ နစ်နာတာပေါ့” ဟု ပြောသည်။

သူက ဆက်ပြီး “ရွေးကောက်ပွဲရလဒ်အနေနဲ့ကတော့ လက်ရှိအနိုင်ရပါတီ အားသာတာပေါ့၊ သူတို့က မြို့နယ်တိုင်းမှာ ကိုယ်စားလှယ်လောင်းတွေ ရှိတယ်၊ သူတို့ကိုယ်တိုင်က မလုပ်နိုင်ရင်တောင် သူကိုယ်စားလှယ်တွေက မဲဆွယ်ပေးလို့ရသေးတယ်၊ အဲဒါတွေက ကျွန်တော်တို့အတွက် ရိုက်ခက်မူတွေ ဖြစ်သွားနိုင်တယ်” ဟု ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တစ်ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ချင်းတိုင်းရင်းသားများပါတီမှ တစ်ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ အရှိုချင်းအမျိုးသားပါတီမှ တစ်ဦးနှင့် တသီးပုဂ္ဂ ကိုယ်စားလှယ်လောင်း သုံးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...