ရွေးကောက်ပွဲအတွင်း ကူးစက်မူမရှိစေရန်မဲရုံတိုးချဲ့ ပြင်ဆင်နေဟုဆို

ရွေးကောက်ပွဲအတွင်း ကူးစက်မူမရှိစေရန်မဲရုံတိုးချဲ့ ပြင်ဆင်နေဟုဆို

ကမ္ဘာ့ကပ်ရောဂါ COVID-19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ်ရောဂါမြန်မာနိုင်ငံတွင်ကူးစက်မူ့မြင့်မားလာခြင်းကြောင့် လာမည့်ရွေးကောက်ပွဲ မဲပေးရာတွင် ကူးစက်မူမရှိစေရန် ပြင်ဆင်လျက်ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမူး ဦး လင်းကျော်က ပြောသည်။

ချင်းပြည်နယ်တွင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မူပြန်ဖြစ်ပွားလာခြင်းကြောင့်ချင်းပြည်နယ်အတွင်း ပြင်ဆင်မူမေးမြန်းခြင်းကို ဦးလင်းကျော်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ဦးလင်းကျော် ”ကျွန်တော်တို့ ဘက်ကတော့ မဲရုံပိုင်းနဲ့ မဲရုံတာဝန်ကျတဲ့သူ အပိုင်းကို ပြင်ဆင်တာပေါ့၊ ပစ္စည်းပိုင်းကတော့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပေါ် မူတည်မယ်၊ မဲဆန္ဒရှင် ၁၀၀ ရှိတဲ့နေရာဆိုရင် ပုံမှန်အတိုင်း ဆိုဒ်တစ်ဆိုဒ်နဲ့ လုပ်ဆောင်သွားမယ်၊ ပြီးတော့ ၁၀၀ နဲ့ ၅၀၀ ကြားဆိုရင်တော့ အခန်းကျယ်တဲ့နေရာကို ရွေးပြီးတော့ ဆိုဒ် ၂ ဆိုဒ် လုပ်ဆောင်သွားမယ်၊ အဲ့ဒီအတွက် အခန်းကျယ်နဲ့ နေရာကျယ်ကို ရွေးချယ်သွားမယ်၊ ဆိုဒ် နှစ် ဆိုဒ်လုပ်မယ်၊ မဲပေးတာလည်း မြန်မှာပေါ့“ ဟု ပြောသည်။

ထို့ပြင် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲ တစ်ပြည်နယ်လုံးတွင် မဲရုံ ၁၀၃၁ ထဲခဲ့ရာမှ ကိုရိုဗိုင်းရပ်(စ်)ကပ်ဘေးကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံ ၁၁၁၄ ထိ ထပ်တိုးခဲ့ကြောင်း ဦးလင်းကျော်က ဆိုသည်။

” ၂၀၁၅ မှာတုန်းကတော့ ၁၀၃၁ ရုံထိမဲရုံတွေ လုပ်ဆောင်တယ်၊ အခု ၂၀၂၀ လက်ရှိအနေအထားမှာကတော့ ၁၁၁၄ ရုံထိပြင်ဆင်ထားတယ်၊ ရဲဌာနကနေ ဘယ်လောက်ထိ ကူညီပေးမလဲဆိုတော့ မသိဘူး၊ ဒါပေမဲ့ အထဲမှာ ကျန်းမာရေးအထောက်အကူပြုတဲ့သူတွေကတော့ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုကတော့ အသေးစိတ်ဆွေးနွေးပြီးပြီ၊ သူတို့ကတော့ မဲရုံကိစ္စတွေကို အကုန်လုံးစီမံပေးမယ်၊ ဟု ဆိုသည်။

လာမည့် ၂၀၂ဝခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၃၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...