ရန်ကုန်တိုင်းရှိ ကိုဗစ်လူနာထားရှိရာဆေးရုံတွေမှာ ကယားမှ ကျန်းမာရေးဝန်ထမ်းအယောက်(၂၀)ခန့် သွားရောက်ကူညီ

ရန်ကုန်တိုင်းရှိ ကိုဗစ်လူနာထားရှိရာဆေးရုံတွေမှာ ကယားမှ ကျန်းမာရေးဝန်ထမ်းအယောက်(၂၀)ခန့် သွားရောက်ကူညီ

ကိုဗစ်ရောဂါအများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်လူနာထားရှိတဲ့ဆေးရုံတွေမှာ သွားရောက်ကူညီအားဖြည့်ဖို့အတွက် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၂၀)ခန့်က စေတနာ့ဝန်ထမ်းအဖြစ် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်မှာ လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာနေပြီဖြစ်ပါတယ်။

ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က “အခုချိန်မှာကိုဗစ်ရဲ့ဒုတိယလိုင်းက အများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းမှာအများဆုံးဖြစ်ပွားနေပါတယ်။ ဖြစ်ပွားနေတဲ့ထဲကနေ ရန်ကုန်တိုင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ တစ်လလောက်ကြာသွားတဲ့အခါကျတော့ တစ်ချို့တွေကလည်း Quarantine ဝင်ရတဲ့သူတွေရှိတယ်။ အဲ့ခါကျတော့ ပင်ပန်းတာပေါ့။ ဒီကနေပြီးတော့ တိုင်းနဲ့ပြည်နယ်အသီးသီးကနေ သူနာပြုလုပ်ငန်းတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ဆေးရုံတွေမှာတာဝန်ထမ်းဆောင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ လှမ်းပြီးတော့ အကြောင်းကြားပါတယ်” လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းအယောက်(၂၀)ထဲမှာ အစိမ်းဝတ်သူနာပြုဆရာမကြီးတစ်ဦး၊ အထက်တန်းသူနာပြုဆရာမ ၇ ဦး၊ အနီဝတ်သူနာပြုဆရာ ၁၂ ဦး တို့ဖြစ်ပြီး ရန်ကုန်တိုင်း ဖောင်ကြီးနဲ့ ဒဂုံဆိပ်ကမ်း ကိုဗစ်လူနာထားရှိကုသမယ့် ဆေရုံတွေမှာ လိုက်ပါကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စေတနာ့ဝန်ထမ်းအဖြစ်ထမ်းဆောင်ဖို့ အကူညီတောင်းတာကြောင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး နဲ့ မြို့နယ်ဆေးရုံမှ ကျန်းမာရေးဦးစီးမှူးတွေကို စေတနာ့ကျန်းမာရေးဝန်ထမ်းအင်အားအတွက် အကြောင်းကြားခေါ်ယူခဲ့ရာ စေတနာ့ဝန်ထမ်းအယောက် (၂၀)မပြည့်တာကြောင့် မဲနှိုက်ပြီးခေါ်ယူခဲ့ရတယ်လို့ ဒေါက်တာကပြောပါတယ်။

အဆိုပါ စေတနာ့ကျန်းမာရေးဝန်ထမ်းတွေကို ဦးဆောင်ခေါ်ဆောင်သွားမယ့် ကုတင်(၅၀၀)ဆန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမကြီးဒေါ်မေရီက အခက်အခဲရှိရင် အတူတကွဖြေရှင်းဖို့ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

“ကျမတို့ဆုံးဖြတ်ချက်ကတော့ အထွေအထူးတော့မရှိပါဘူး။ ဒါပေမယ့် အဲဒီမှာတကယ်လိုအပ်နေပြီပေါ့နော တကယ်လိုအပ်နေပြီးဆိုတဲ့ခါကျတော့ ကျမတို့ရဲ့လုပ်အားကို တိုင်းပြည်အတွက် လှူချင်တာတစ်ခုထဲပါပဲ” လို့ သူနာပြုဆရာမကြီးဒေါ်မေရီက ဆိုပါတယ်။

စေတနာ့ကျန်းမာရေးဝန်ထမ်းအဖြစ် သွားရောက်ဆောင်ရွက်ရတဲ့အချိန်ကာလက အတိအကျမပြောနိုင်သေးဘဲ ကိုဗစ်ရောဂါဖြစ်ပွားမှုအနေအထားအပေါ်မူတည်ပြီး ကူညီအားဖြည့်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

လွိုင်ကော်ကိုပြန်လာတဲ့အချိန်မှာလည်း ရန်ကုန်မှာတစ်ကြိမ် ကယားမှာတစ်ကြိမ် ပိုးစစ်ရမှာဖြစ်ပြီး Quarantien (၁၄) ရက်ဝင်ရမှာဖြစ်တာကြောင့် ကျန်းမာရေးဌာနကနေ စေတနာ့ဝန်ထမ်းသူနာပြုတွေကို အားမငယ်စေဖို့ စိတ်ဓတ်ခွန်အားတွေ ပေးခဲ့တယ်လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။

ယခုကဲ့သို့ သွားရောက်ကူညီအားဖြည့်ရာမှာ ကယားပြည်နယ်အပြင် ရန်ကုန်တိုင်းနဲ့ နီးစပ်တဲ့ တိုင်းနဲ့ပြည်နယ်အချို့က ကျန်းမာရေးဝန်ထမ်းတွေကလည်း ကူညီဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...