စစ်တွေမှ ဖမ်းဆီးခံထားရသည့် ကျောင်းသား ၃ ဦးအား ဘေးစီမံ ဥပဒေဖြင့်အမှုဖွင့်

စစ်တွေမှ ဖမ်းဆီးခံထားရသည့် ကျောင်းသား ၃ ဦးအား ဘေးစီမံ ဥပဒေဖြင့်အမှုဖွင့်

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည့် ကျောင်းသား ၃ ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ (၂၅) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် အမှုဖွင့်ပြီး ရမန် ၁၄ ရက် ယူခဲ့ကြောင်း သတင်းရရှိသည်။

ကျောင်းသားကိစ္စအား လိုက်ပါဝန်းရံပေးနေသူ ရှေ့နေ ဒေါ်မြသူဇာက “ ဘေးစီမံ ပုဒ်မ ၂၅ နဲ့ ဒီနေ့မှာ ရမန်ယူတယ်လို့ သိရတယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းသား ၃ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့ ဖြစ်ကြသည်။ ၎င်းတို့ သုံးဦးသည် စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က ပိုစတာ၊ ၎င်းတို့ ကျောင်းသားအဖွဲ့၏ အလံကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် ရခိုင်ပြည်နယ် အစိုးရအား အလိုမရှိကြောင်း အပါအဝင် တောင်းဆိုချက် တချို့ကို တောင်းဆို ထုတ်ဖော်ပြောဆို ဆန္ဒပြခဲ့ကြသည့်အတွက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက “ တရားဥပဒေနည်းလမ်းအတိုင်း စီစဉ်ဆောင်ရွက်ပေးဖို့နှင့် မဟုတ်မမှန်သော နည်းလမ်းများကို မသုံးဖို့တောင်းဆိုချင်တယ်” ဟု ပြောသည်။

ကိုဗစ် ၁၉ ကာကွယ်ရေးဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ(၂၅) ဖြင့် အရေးယူခြင်းဟု သိရသည်။

“ ကျနော်တို့ အခု ကြားသိလိုက်ရတာကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ နှင့် အရေးယူတယ်လို့ သိရတယ်။ အဲဒီ အမှုကို စိစစ်ဖို့အတွက် ချုပ်ရမန် ၁၄ ရက် ယူလိုက်တယ်လို့တော့ ကြားလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါအမှုမှာ ထောင်ဒဏ် ၃ နှစ် အထိချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရှိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...