မြေပုံ ညောင်ကန်ရွာမှ ကျည်စထိမှန်၍သတိမေ့နေသည့် အမျိုးသမီးငယ် စစ်တွေပြည်သူ့ဆေးရုံးကြီးသို့ရောက်ရှိ

မြေပုံ ညောင်ကန်ရွာမှ ကျည်စထိမှန်၍သတိမေ့နေသည့် အမျိုးသမီးငယ် စစ်တွေပြည်သူ့ဆေးရုံးကြီးသို့ရောက်ရှိ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ဦးခေါင်းလက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိကာ သတိမေ့နေသည့် အမျိုးသမီးငယ်သည် စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်က ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ရောက်ရှိလာသည်။

စစ်တွေပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ရောက်ရှိလာသူမှာ ညောင်ကန်ကျေးရွာမှ မနှင်းယုလှိုင် အသက် (၂၂) နှစ်ဖြစ်သည်။

သူမ၏မိခင်ဖြစ်သူ ဒေါ်စိန်ပန်းက “ သူက အိမ်မှာ သနားခါးလိမ်းနေတာ။ သနားခါးလိမ်းနေတဲ့အချိန်မှာ လက်နက်ကြီးလာကျတယ်။ လက်နက်ကြီးကျလို့ သူ့အဖေက နေပြီးတော့ သူ့ကိုဖက်ထားတယ်။ ကျမ ကိုယ့်သမီးကို ကိုယ့်တောင်မှ မကြည့်ရဲဘူး။ ဒဏ်ရာက ဦးခေါင်းမှာ ရသွားတယ် ဆိုတာကိုဘဲ ကျမသိတယ်။ ကျမ သမီးအခုအချိန်ထိ သတိမရသေးဘူး” ဟု ပြောသည်။

မနှင်းယုလှိုင်မှာ ဒေါ်စိန်ပန်း၏တစ်ဦးတည်းသော သမီးဖြစ်ကြောင်း၊ ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံသို့ ယူဆောင်ရာတွင် သတိမေ့သွားသဖြင့် သေဆုံးသွားပြီဟု သတင်းပျံ့နှံ့မှုဖြစ်ပေါ်သွားခဲ့ကြောင်း၊ ဆေးရုံရောက်မှ အသက်မသေသေးကြောင်း သိရ၍ စိတ်ချမ်းသာရသွားခဲ့ကြောင်း၊ စစ်တွေပြည်သူ့ဆေးရုံသို့ ရောက်နေပြီဖြစ်၍ အမြန်သက်သာ ကျန်းမာလာရန် မျှော်လင့်နေကြောင်း မိခင်ဖြစ်သူက ပြောသည်။

“ ကိုယ့်အိမ်မှာကိုယ် အလိုလိုနေရင်း သေကြရတယ်။ ဒဏ်ရာရကြတယ်။ အားလုံး ဒုက္ခရောက်ကြတယ်။ ပြည်သူလူထုများနေထိုင်တဲ့ ကျေးရွာတွေဖက်ကို ပစ်ခတ်မှုတွေကို မပြုလုပ်ဖို့ တောင်းဆိုပါတယ်။ ကိုယ့်သားသမီး သူ့သားသမီးကိုယ်ချင်းစာကြပါ။ အခုတောင်ကျွန်မတို့ အရူးတစ်ပိုင်း ဖြစ်နေပါပြီ” ဟု  ဆက်ပြောသည်။

မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် စက်တင်ဘာ ၈ ရက်နေ့ နံနက်က ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ကျောင်းဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦးတို့ သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁ဝ ဦးခန့်ရှိကြောင်း သိရှိရသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...