ဝန်ကြီးချုပ်ကို အဂတိကော်မရှင်ဆီ တိုင်ကြားသူမရှိသေး

ဝန်ကြီးချုပ်ကို အဂတိကော်မရှင်ဆီ တိုင်ကြားသူမရှိသေး

စိုးထိုက်အောင် — စက်ယန္တရား ငှားရန်းခကို ပြည်သူ့ဘဏ္ဍာငွေ မသွင်းပဲ ကျပ်သိန်းပေါင်း ၄၄၀၀ ကျော်ကိုအလွှဲသုံးစားပြုလုပ်ခဲ့တဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှုနဲ့ တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်းကြားသူမရှိသေးဘူးလို့သိရပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက ပြည်ထောင်စုအဂတိတိုက်ဖျက်ရေးကော်မရှင်ထံမှာ(၂)ကြိမ် တိုင်တိုင် လွှတ်တော်ကိုယ်စားလှယ်အချို့ကတိုင်ကြားခဲ့ပေမယ့်လည်း အဂတိတိုက်ဖျက်ရေးကော်မရှင်ကလက်မခံခဲ့တဲ့အတွက် ယခုကိစ္စမှာလည်း ယခုလို တိုင်ကြားဖို့ မတိုင်ကြားဖို့ မဆုံးဖြတ်ရသေးတာလို့ ဝန်ကြီးချုပ်ကို စွပ်စွဲပြင်တင်ခဲ့တဲ့ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ဆိုပါတယ်။

“ ၂၀၁၈ ပြောမယ်ဆိုရင် ဒီ(၁၁)ကြိမ်မြောက်လွှတ်တော်အစည်းအဝေးပြီးတဲ့နောက်မှာ ဒီဟာနဲ့ပတ်သတ်ပြီးတော့မှ(၂)ကြိမ်ပေါ့လေအဂတိကိုတိုင်တယ်။ ဒါပေမယ့် အဂတိကလက်မခံဘူးပေါ့။ ဆိုတော့ သူတို့ကလည်း ဘာကြောင့်လက်မခံတာလည်းတော့မသိဘူးပေါ့နော်။ ဒါတွေက သူတို့အကျိုးအကြောင်းတွေတော့ ရှိမှာပေါ့။”လို့ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ခဲ့တဲ့ ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

လွှတ်တော်ဥက္ကဌ အနေနဲ့တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုတိုင်ဖို့မရှိဘူးလို့ဆိုပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက စာရင်းစစ်ချုပ်အစီရင်ခံထွက်လာပြီးကတည်းက ဖြေရှင်းထားပြီးသားလို့ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုထားပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့က မီဒီယာတွေနဲ့တွေ့စုံစဉ် မှာ တကယ်လို့အဂတိလိုက်စားမှုနဲ့ တိုက်ဖျက်ရေးကော်မရှင်ကိုတိုင်ကြားမယ်ဆိုရင်ဝန်ကြီးချုပ်အနေနဲ့ဘာတွေပြင်ဆင်ဆောင်ရွက်မလဲဆိုတဲ့ မေးမြန်းမှုအပေါ်မှာ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက အခုလိုပြောပါတယ်။

“ဥပဒေနဲ့အညီစီမံဖြေရှင်းဆောင်ရွက်ဖို့ အမြဲတမ်း အဆင်သင့် ပဲလို့ပြောချင်တယ်။”လို့ပြောပါတယ်။

ကယားပြည်နယ်စာရင်းစစ်ချုပ်ရုံးရဲ့တွေ့ရှိချက်တွေအရ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက မယ်စဲ့ မြို့နယ်အတွက် အသုံးစရိတ် ကျပ်သိန်းပေါင်း ၄၁၇ သိန်းကျော်၊ ကိုယ်ရေးကိုယ်တာအသုံးစရိတ်အတွက် သိန်းပေါင်း ၃၇၇ သိန်းကျော်၊ ၊ပါတီ အသုံးစရိတ် အတွက် ကျပ်သိန်းပေါင်း ၁၃ သိန်းကျော်အပြင် အခြားအသုံးစရိတ်(လှူဒါန်း/ထောက်ပံ့)ငွေတွေအတွက် ကျပ်သိန်းပေါင်း ၃၆၆၀ သိန်းကျော် သုံးစွဲထားတယ်လို့ ဖော်ပြထားပါတယ်။

စက်ယန္တာရား ငှားရမ်းခ ပေးသွင်းရမယ့်ငွေရဲ့ ၂၀ ရာခိုင်းနှုန်းကိုသာ ပေးသွင်းထားပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကိုဖြစ်တဲ့ သိန်းပေါင်း ၄၄၀၀ ကျော်ကို အလွဲသုံစားပြုလုပ်သွားတာဖြစ်တယ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာအရသိရပါတယ်။

ဝန်းကြီးချုပ်ရဲ့ ခရီးစဉ်တွေမှာ ပြည်သူ့ဘဏ္ဍငွေသုံးပြီး လှူဒါန်းမှုတွေပြုလုပ်ခဲ့တာဟာ မဖြစ်သင့်ကြောင်းနဲ့ ပြည်သူ့ဘဏ္ဍငွေသုံးစွဲရာမှာ ဘဏ္ဍာငွေ စည်းမျဉ်းစည်းကမ်းဥပဒေအတိုင်းသွားရမှာဖြစ်ပြီးတော့ မိမိစိတ်စေတနာအတိုင်း ပေးလိုပါက မိမိငွေဖြင့် အိတ်စိုက်ထုတ်သုံးရမှာသာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဌက ပြောပါတယ်။

“ ဒါကတော့မဖြစ်သင့်ပါဘူး။ ဒါကတော့ကျနော်တို့တကယ်… ကျနော်တို့ဆိုလည်းသွားရတာပဲလေ။ ကျနော်တို့အိတ်ထဲကပဲ လှူရတာပေါ့။ အခုဟာကတော့ ပြောမယ်ဆို ဒါက ဘယ်သူမှမသိလောက်ဘူးပေါ့။ သူ့အဝန်းအဝိုင်းပဲ သိမယ်ဆိုပြီးတော့ လုပ်သွားတဲ့ကိစ္စတွေပေါ့။ အဲ့ဒါနဲ့ပတ်သတ်ပြီးမှလည်း ကျနော်တို့တော့ မီးခိုးကြွတ်လျှောက်တော့ လာမယ်လို့တော့ထင်ပါတယ်။ စာရင်းစစ်ချုပ်အစီရင်ခံစာလည်း အားလုံးပြီးပြည့်စုံတယ်တော့ မဟုတ်ပါဘူး။ အဲ့အရှေ့မှာလည်း ရှိပါတယ်။” လို့ ဦးလှထွေးက ပြောပါတယ်။

အရင် ၂၀၁၈မှာစက်ယန္တရားကိစ္စနဲ့ပတ်သတ်ပြီးတော့ပြည်ထောင်စု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကဘာမှမလုပ်ပေးတဲ့အတွက် ဒီလိုကိစ္စမျိုးကို ဖြေရှင်းပေးဖို့တိုင်ကြားသူတွေပေါ်လာဖို့လိုအပ်တယ်လို့ ပြည်နယ်အရေးလေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က ပြောပါတယ်။

၎င်းက “ ဒီစရင်း/ဇယားတွေကို ထည်းထည်းဝင်ဝင်လေ့လာသိရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲကဖြစ်ရင်တော့ ပိုပြီးတော့မှကောင်းပါလိမ့်မယ်။”လို့ ပြောပါတယ်။

နိုင်ငံတော် သမ္မတက နေဆုံးဖြတ်ပြီးသား ကိစ္စရပ်တွေကိုတခြား ဘာဆက်ဖြစ်မလဲ စောင့်ကြည့် ရုံသာရှိမယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြောပါတယ်။

ဒေါက်တာခင်စည်သူက “သမ္မတအကြောင်းပဲပြောမယ်။ သမ္မတလုပ်တာမှန်တယ်။ တကယ်လို့သူတို့ဟိုစာလုပ်မယ်ဆိုရင်လည်း သမ္မတကနေပဲ ဆုံးဖြတ်ရမယ်။ သမ္မတဆုံးဖြတ်တာကို လက်နက်သွားဖျက်လို့မရဘူး။ အဓိက ဒိုင်က သမ္မတပဲလေး။ ဘေးကလူတွေဘာပဲ ပြောပြောအဲဒါ လိုက်ရှင်းနေရင် ဘာမှ ပြီးတော့မှာ မဟုတ်ဘူး။” လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတကနေစက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာဆိုရင် မိတ္တူကို အဂတိလိုက်စားမှုနဲ့တိုက်ဖျက်ရေးကော်မရှင်ထံ ပူးတွဲပေးပို့ထားပြီးဖြစ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတမှ စက်တင်ဘာလ ၃ ရက်နေ့က ဝန်ကြီးချုပ်ရာထူးမှရပ်စဲပြီးခေတ္တဝန်ကြီးချုပ်အဖြစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးဘော့စ်ကိုကို ယာယီလွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ လွိုင်ကော်မြို့ရဲ့ စက်ယန္တရားဝယ်ယူမှု၊ ငှားရမ်းမှုနှင့် ပြင်ဆင်စရိတ်များသုံးစွမှုစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ ပြည်နယ်ဝန်ကြီးချုပ်ကနေ နိုင်ငံတော်ငွေအလွှဲသုံးစားတာကျပ်သိန်း ၄၄၀၀ နီးပါး ရှိတယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

၎င်းအစီရင်ခံစာအရ စက်ယန္တရားငှားရန်းခငွေတွေမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ၊၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းရငွေက ၅၆၇၃၇၁၀၀၀ ကျပ် ၊ စုစုပေါင်းသုံးငွေ ၄၉၅၁၈၁၁၁၅ ကျပ်ဖြစ်ပြီး၎င်းထဲမှ နိုင်ငံတော်သို့ ဘတ်ဂျက်သွင်းငွေက ၄၆၁၉၂၀၈၀ ကျပ် ပေးသွင်းခဲ့တာဖြစ်ပါတယ်။ လက်ဝယ်ငွေသားလက်ကျန်က ၂၀၉၂၄၆၅ ကျပ်ဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...