ရွာနားလက်နက်ကြီးကျည်၍ ဘူးသီးတောင် မင်းလှကိုင်းရွာသားတို့ ရွာကိုစွန့်ခွာထွက်ပြေး

ရွာနားလက်နက်ကြီးကျည်၍ ဘူးသီးတောင် မင်းလှကိုင်းရွာသားတို့ ရွာကိုစွန့်ခွာထွက်ပြေး

ခိုင်လူလှ — ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မင်းလှကိုင်ကျေးရွာသား ၁ဝဝ ကျော်သည် ရွာအနီးဝန်းကျင်တွင် လက်နက်ကြီးကျည်များကျသဖြင့် စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲချိန်က ရွာကို စွန့်ခွာပြီး ဒုံးသိမ်ကျေးရွာသို့ ထွက်ပြေး ရောက်ရှိလာကြသည်ဟု သတင်းရရှိသည်။

ထွက်ပြေးလာကြသူများမှာ အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၆ဝ ကျော် ဖြစ်ကြောင်း၊ ရခိုင်လူမျိုးမိသားစု ၂ စုပါဝင်ပြီး ကျန်လူများမှာ ဒိုင်းနက်လူမျိုးများ ဖြစ်ကြသည်ဟု ကျေးရွာလူကြီး တစ်ဦးက ပြောသည်။

“ လက်နက်ကြီး တစ်လုံးနှစ်လုံးပစ်တာကိုတော့ တပ်မဘက်က မနက် ၅ နာရီလောက်မှာ စကြားရပါတယ်။ အဲဒီနောက်လက်နက်ကြီးပစ်ခတ်သံတွေကို ကြားရပါတယ်။ ကျွန်တော်တို့ ရွာရဲ့ အရှေ့ဘက် တောင်တန်းတွေကို ပစ်ရာမှာ ရွာနားမှာတော့ မနက် ၈ နာရီကျော် ၉ နာရီလောက်မှာ လာကျပါတယ်။ အဲဒါနဲ့ ရွာအုပ်ချုပ်ရေးမှူးကတပ်ကိုအကြောင်းကြားပါတယ်။ ရွာနားမှာ လက်နက်ကြီး ကျည်ကျတယ်ဆိုပြီး။ နောက်ပိုင်းတော့ နည်းသွားပါတယ်။ ဒါနဲ့ ရွာမှာနေလို့ မဖြစ်တော့ဘူးဆိုပြီး ထွက်ပြေးကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

မင်းလှကိုင်း ကျေးရွာသည် အမှတ် (၅၅၁) တပ်ရင်းနှင့် ၃ မိုင်ခန့် အကွာတွင် တည်ရှိကြောင်း၊ စကခ (၁၅) တပ်မ ဌာနချုပ်နှင့်လည်း နီးကြောင်း၊  ညနေ ၃ နာရီလောက်တွင် မင်းလှကိုင်းရွာ အရှေ့ဘက်တောင်တန်းများကို ရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“ ရဟတ်ယာဉ် နှစ်စီးဆိုပေမယ့် ပထမ တစ်စီးနဲ့ လာပစ်ပါတယ်။ နောက်မှ တစ်စီးထပ်လာပါတယ်။ နောက်လာတဲ့ အစီးကနည်းနည်းဘဲ ပစ်ပါတယ်။ ပထမ အစီး အများကြီးပစ်ပါတယ်။ ကျွန်တော်တို့ ရွာရဲ့ တစ်ဖက်ကမ်း အရှေ့ဘက်တောင်တန်းတွေကိုပါ။ ဒေသခံတွေကတော့ ကွမ်းချိုင်နှင့် အိုးထိန်း တောင်တန်းလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ရွာနဲ့ အဲဒီတောင်တန်းကြားမှာ စိုင်းတင်ချောင်း ရှိပါတယ်။ အဲဒီတောင်တွေကို ပစ်တော့ အကုန်လုံး ရွာကနေ ထွက်ပြေးကြပါတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် ဒုံးသိမ်ရွာတွင် ခိုလှုံနေကြပြီး ရွာမှ ထင်းနှင့် ဆန်များကို ထောက်ပံ့ပေးသည်ဟု သိရသည်။   

ဘူးသီးတောင်မြို့ပေါ်မှ ပရဟိတ ဆောင်ရွက်နေသည့် ဆရာတော် တစ်ပါးကလည်း မင်းလှကိုင်းကျေးရွာသားများမှာ ရွာအနီး လက်နက်ကြီးကျည်ကျသဖြင့် ရွာမှ ထွက်ပြေးကာ ဒုံးသိမ်ကျေးရွာတွင် ရောက်ရှိနေပြီး အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ပြောကြားသည်။

စက်တင်ဘာ ၇ ရက် ညနေ ၃ နာရီကျော်ကလည်း စကခ (၁၅) တပ်မဌာနချုပ်ကို AA တပ်ဖွဲ့ဝင်များက လက်နက်ကြီးများ ပစ်ခတ်သဖြင့် တပ်မဌာနချုပ်နှင့် အမှတ် (၅၅၁) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု သိရှိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...