AA က သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးမှရဟန်းတော်လေးပါး(၁၈) ရက်အကြာ ပြန်လွတ်လာ

AA က သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးမှရဟန်းတော်လေးပါး(၁၈) ရက်အကြာ ပြန်လွတ်လာ

အိမ်စိုးဖြူ — AA က သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ရဟန်းတော်လေးပါးမှာ စက်တင်ဘာလ ၅ ရက်နေ့က ပြန်လွတ်လာကြောင်း သတင်းရရှိသည်။

၎င်းရဟန်းတော် လေးပါးမှာ မြောက်ဦး မြို့ဦးခေါင်းဆရာတော်ဦးဝဏ္ဏသာရ၊ ပြင်ဈေး(ခ)ရွှေစည်းဝ ကျောင်း ဆရာတော်နှင့် ဦးဇင်းနှစ်ပါး တို့ဖြစ်ကြသည်။

ရဟန်းတော် ၄ ပါးတို့မှာ သြဂုတ်လ ၂၃ ရက်နေ့ ညအချိန်တွင် တစ်ပါးစီ သီးခြား ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းသာဖြစ်၍ စစ်ဆေးမေးမြန်းကာ ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူ မြို့ဦးခေါင်းဆရာတော် ဦးဝဏ္ဏသာရက နိရဉ္စရာ သတင်းဌာနသို့ မိန့်သည်။

“ ဦးဇင်းကို မျက်နှာကို ဖုံးအုပ်ပြီးကျောင်းကနေ လူသုံးလေးယောက်က ည ၁ဝ နာရီ လောက်ကခေါ်သွားတာ။ ဦးဇင်းက သီးသန့်တစ်ပါးတည်း ကျောင်းဆောင်နဲ့နေတာ။ ကားနဲ့သွားပြီးစ က်လှေထပ်စီးရတာတော့သိတယ်။ အဲဒီကိုရောက်တော့ တစ်ခြားဦးဇင်းတွေလည်း ရှိတယ်။ ထွက်ပြေးမယ် မကြံနဲ့လို့တော့ပြောတယ်။ တစ်ခြား ခြိမ်းခြောက်တာတော့ မလုပ်ဘူး။ စစ်ဆေးမေးမြန်းတာ ခေါ်သွားတဲ့နေကနေဆိုရင် ၁၈ ရက် ကြာတော့ ပြန်လွတ်ပေးတာပါ” ဟု မိန့်ကြားသည်။

၎င်းတို့လေးပါးအား သံသယဖြစ်ဖွယ် ကိစ္စအချို့ရှိသည်ဟုဆိုကာ စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးရာတွင်လည်း ကောင်းကောင်းမွန်မွန်မေးမြန်းခြင်းဖြစ်ကြောင်း၊ အစားအသောက်မှာ တောထဲမှာ ဖြစ်သည့်အတွက် ၄င်း AA တို့စားသောက်သလို ရဟန်းတော်များလည်း ယင်းကဲ့သို့သာ သုံးဆောင်ခဲ့ရကြောင်း၊ ဖမ်းဆီးခံရသည့် အချိန်တွင် ကြောက်လန့်စိုးရိမ်ခဲ့သော်လည်း ယခုကဲ့သို့ လွတ်မြောက်လာသည့်အတွက် ဝမ်းသာမိကြောင်း ၎င်းဆရာတော်က ဆက်မိန့်သည်။

မြောက်ဦးမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ရွှေကျီးဆောင်းဆရာတော် ဦးခေမာစာရက “ လေးပါးလုံး ပြန်လွတ်လာပြီလို့ကြားတယ်။ ဦးဇင်းနဲ့တော့ အဆက်သွယ်မရှိဘူး။ ရဟန်းတော်တွေဆိုတာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အတွက် ဒီကိစ္စမှာ ဦးဇင်းတို့ဘာမှ ဆက်လုပ်ဖို့မရှိဘူး။ သံဃာတော်တွေကလည်း လူ့ကိစ္စ၊ နိုင်ငံရေး ကိစ္စတွေမှာ ဝင်မပါသင့်ဘူး။ ဘာအပြစ်မှ မလုပ်ထားတဲ့ ရဟန်းတော်တွေ စိုးရိမ်ကြမှာ မဟုတ်ပါဘူး”ဟုမိန့်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောအား မေးမြန်းရာ ၎င်းမှာ ခရီးလွန်နေသဖြင့် အကြောင်းစုံကိုသိရှိခြင်းမရှိကြောင်း၊ ဖြေကြားနိုင်မည်မဟုတ်ကြောင်းပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အားမေးမြန်းရာ ၎င်းမှာ တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိရဉ္စရာသတင်းဌာနအနေဖြင့် AA ကို ဆက်သွယ်မေးမြန်းလျှင် ဥပဒေအရ အရေးယူခံရနိုင်သဖြင့်  AA ၏ သဘောထားကို ဆက်သွယ် မေးမြန်းတင်ပြနိုင်ခြင်းမရှိခဲ့ပါ။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...