အမ်းမြို့နယ်တွင်လူတစ်ဦးအား သုံးပိုင်းပိုင်း၍သတ်ဖြတ်ခဲ့သူများကို ၄၈ နာရီအတွင်းဖမ်းဆီးရမိဟု ရဲကဆို

အမ်းမြို့နယ်တွင်လူတစ်ဦးအား သုံးပိုင်းပိုင်း၍သတ်ဖြတ်ခဲ့သူများကို ၄၈ နာရီအတွင်းဖမ်းဆီးရမိဟု ရဲကဆို

အိမ်စိုးဖြူ — အမ်းမြို့နယ်၊ စခန်းမော်ကျေးရွာအုပ်စု၊ လူပျိုချောင်းကျေးရွာမှ လူတစ်ဦးအားသတ်ဖြတ်ခဲ့ကြသူများဟု သံသယရှိသူ လူ ၅ ဦးအား ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းမိခဲ့သည်ဟု သိရသည်။

ဖမ်ဆီးရမိသူများမှာ အောင်ကျော်(ခ)မောင်ပေ(၁၈)နှစ်၊ ကျော်ဌေး(၂၄)နှစ်၊ ရောင်းပိန်(၄ဝ)နှစ်၊ ငနှောင်း(၃၃) နှစ်နှင့် ဦးဆုံး(၄၅)နှစ်ဖြစ်ကာကာ အမ်းမြို့နယ်တွင် နေထိုင်သည့် ချင်းလူမျိုးများဖြစ်ကြသည်ဟု အမ်းမြို့မ ရဲစခန်းမှ ရဲအုပ်ကိုကိုဝင်းက ပြောသည်။

သူတို့သည်  လူပျိုချောင်း ကျေးရွာမှ ဇော်မျိုးထွန်း(ခ)အားချေ (၃၇)နှစ်အား သတ်ဖြတ်ပြီး သုံးပိုင်းပိုင်းကာ ဆာလာအိတ်များထဲတွင် ထည့်၍ လူပျိုချောင်းကျေးရွာ အနီးချောင်းထဲတွင် စွန့်ပစ်ထားခဲ့သည်ဟု သိရသည်။

ပြစ်မှုကျုးလွန်သူ ၅ ကို အမှုဖွင့်ပြီး ၄၈ နာရီအတွင်းက စက်တင်ဘာ ၂ ရက်နေ့ ညနေက ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့အား ဖမ်းဆီးရရှိခဲ့သော်လည်း အဓိကတရားခံဟု ယူဆရသူနှစ်ဦးဖြစ်ကြသည့်  ညီညီ(ခ) ဝင်းမောင်နှင့် အောင်အောင်(ခ)ငအောင်တို့မှာ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း ၎င်းရဲအုပ်က ပြောသည်။

“ကျွန်တော်တို့ ဒီအမှုကို သြဂုတ် ၃၁ ရက်နေ့ ညနေမှ စ အမှုဖွင့်ပြီး စက်တင်ဘာ ၂ ရက်နေ့ ညနေမှာ ငါးယောက်ဖမ်းမိတာပါ။ အဓိက တရားခံလို့ယူဆရတဲ့ ညီညီနဲ့ နောက်တစ်ယောက်ကို မမိသေးပါဘူး” ဟု သူကပြောသည်။

သေဆုံးသူ ဇော်မျိုးထွန်းက ညီညီ၏ သမီးဖြစ်သူအားမဖွယ်မရာပြောဆိုခဲ့သည့်အတွက် ယခုကဲ့သို့ သတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ သတ်ထားသည့်အလောင်းအား သုံးပိုင်းပိုင်းကာ ဆာလာအိတ်သုံးအိတ်ဖြင့် ငှက်ပျောချောင်းကျေးရွာအနီး မအီကာလမ်းဘေးချောင်းထဲတွင် ကျောက်ခဲများဖြင့် တွဲချည်၍ ချထားခဲ့ကြကြောင်း၊  ရဲတပ်ဖွဲ့မှ လူပျောက်တိုင်တန်းလာ၍ ရှာဖွေရာက အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် အဓိက ပြစ်မှုကျူးလွန်သူများအား အမ်းမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ လွတ်မြောက်နေသူ အဓိက ပြစ်မှုကျူးလွန်သူနှစ်ဦးအား ဖမ်းဆီးရမိရေး ကြိုးစားနေကြောင်း သိရသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...