သေနတ်သံများကြောင့် ကျောက်တော်မြို့တွင် ကွာရန်တင်း ဝင်နေသူများ ထွက်ပြေး

သေနတ်သံများကြောင့် ကျောက်တော်မြို့တွင် ကွာရန်တင်း ဝင်နေသူများ ထွက်ပြေး

ထွန်းခိုင် — စက်တင်ဘာ ၁ ရက် ညဉ့်အချိန် သေနတ်သံများထွက်ပေါ်လာသဖြင့် ကျောက်တော်မြို့ဘောလုံးကွင်းတွင် ကွာရင်တင်း ဝင်နေသူများ ကြောက်လန့်ပြီး ဘေးလွှတ်ရာသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့ Covid-19 စောင့်ကြည့်ထိန်းချုပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်အေးစောက “ကျနော်တို့က အခု  သူတို့တွေကိုပြန်စုနေတယ်။ သူတို့ ထွက်ပြေးသွားတာတော့မှန်တယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ကျနော်တို့ အခုသက်ဆိုင်ရာတွေနဲ့ ဆွေးနွေးနေကြတယ်။ လောလောဆယ်မှာတော့ ရသလောက်ကို သီသန့်ထားနိုင်အောင် ကြိုးစားနေတယ်။ ဘယ်အချိန်က ထွက်ပြေးသွားတယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူး။ ပစ်ခတ်သံတွေကတော့ ညည့် ၁၁ နာရီ၊ ၁၂ နာရီလောက်ကနေ ပစ်သံတွေကြားတယ်” ဟု ပြောသည်။

အဆက်မပြတ် လက်နက်ကြှီး၊ လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် ကွာရန်တင်း ဝင်နေသူများမှာလည်း စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ထွက်ပြေးတာတော့ မဟုတ်ဘူး။ နေဗီ မြစ်ကြောင်းအတိုင်း အထက်ဘက်ကို တက်လာတဲ့အချိန်မှာ ဟိုဘက်ဒီဘက် ပစ်ခတ်မှုတွေ ဖြစ်တာကြောင့် အဲဒီနေရာမှာ မလုံခြုံဘူး ဆိုပြီတော့ စိုးရိမ်မှုတွေတော့ ရှိတယ်။ ဘောလုံးကွင်းမှာကလည်း လက်နက်ကြီးတွေကျလာလို့ရှိရင် မလုံခြုံမှုတွေ ရှိနိုင်တယ်ဆိုပြီး နည်းနည်း တိမ်းရှောင်တဲ့သဘောပါ ” ဟု ပြောသည်။

ကျောက်တော်မြို့နယ်တွင် covid – 19 ရောဂါကူးစက်ခံရသူ ၉ ဦးရှိပြီး ဘောလုံးကွင်းတွင် ကွာရန်တင်းဝင်နေသူ ၆ဝ ကျော်ခန့်ရှိကြောင်း သိရှိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...