ကယန်းဒေသတွင်း COVID-19 ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ၅ ခု ထားရှိမည်

ကယန်းဒေသတွင်း COVID-19 ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ၅ ခု ထားရှိမည်

COVID-19 ရောဂါ တစ်ကျော့ပြန်တစ်ရှိန်တိုး ကူးစက်လာတာကြောင့် ကယန်းပြည်သစ်ပါတီ(KNLP)ရဲ့ ဗဟိုကော်မတီ ညွှန်ကြားချက်နဲ့ COVID-19 ကာကွယ်ရေးတားဆီးရေးအတွက် ကယန်း ဒေသတွင်း ကျန်းမာရေးစစ်ဆေးရေးဂိတ် (၅) ခု ထားရှိသွားမယ်လို့ ကယန်းဒေသ COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးတုန့်ပြန်ရေးကော်မတီက သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကယန်းဒေသ COVID-19 ကပ်ရောဂါကာကွယ်တားဆီးတုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးစိုးနိုင်သန်းက ကျနော်တို့ စောနိုင်သလောက် စောအောင်လုပ်မယ်။ အခု ပစ္စည်းတွေ၊ လိုအပ်တဲ့ ဟာတွေ စုဆောင်းတုန်း။ ပြည့်စုံတာနဲ့ တစ်ခါတည်းစမယ် လို့ ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

၄င်းက စစ်ဆေးရေးဂိတ်တွေမှာ ဒေသတွင်းဝင်ထွက်သွားလာတဲ့ ပြည်သူတွေကို အပူချိန်တိုင်းတာနဲ့ စာရင်းကောက်ယူတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခုလို ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့နဲ့ ကူညီပံ့ပိုးပေးကြဖို့ ကော်မတီက တိုက်တွန်းထားပါတယ်။

ဒီလို ကျန်းမာရေးစစ်ဆေးရေးဂိတ်အပြင် ကယန်းဒေသတွင်းရှိ ကျေးရွာတွေကို ကျန်းမာရေးဆိုင်ရာ အသိ ပညာပေးခြင်းနဲ့ ကာကွယ်မှုဆိုင်ရာတွေကို လက်တွေ့ကျကျပေါ့၊ သွားရောက်လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် အရမ်းကောင်းပါတယ်။ ဒီလိုစစ်ဆေးရေးဂိတ်တွေမှာလည်း ပူးပေါင်းပါဝင်ဖို့ကို တစ်ခါတည်းတိုက်တွန်းပေးရာ လည်း ကျတာပေါ့လေ။ လို့ မိုးဗြဲကျေးရွာအုပ်စုမှာ နေထိုင်တဲ့ မူတီးနမိုင်းက ပြောပါတယ်။

အဆိုပါ စစ်ရေးဂိတ်တွေကို ကယန်းဒေသတွင်း အဓိကလမ်းမတွေမှာ ကဖုစစ်ဆေးရေးဂိတ်၊ ဗဟုန်း စစ်ဆေးရေးဂိတ်၊ အောင်နန်းချိုစစ်ဆေးရေးဂိတ်၊ တောင်စလုံးစစ်ဆေးရေးဂိတ်နဲ့ ဆောင်နန်းကဲစစ်ဆေး ရေးဂိတ်တွေကို ထားရှိမှာ ဖြစ်ပါတယ်။

ယခင်က ကယန်းဒေသတွင်းမှာ ကိုးဗစ်ကာကွယ်တားဆီးရေး ကျန်းမာရေးစစ်ဆေးရေးဂိတ် (၈) ခုထားရှိဖူးပြီး အခြေအနေ ငြိမ်သက်လာတာကြောင့် ရုပ်သိမ်းခဲ့ပေမယ့် အခုလို ဒုတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပေါ်လာလို့ စစ်ဆေးရေးဂိတ် ၅ ခုကို ပြန်ပြီး ထားရှိရတာလို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...