စွပ်စွဲပြစ်တင်မှုအောင်မြင်ပြီးနောက် ကယားပြည်နယ်ဝန်ကြီးချုပ်ရာထူးမှရပ်နားရန် သမ္မတထံဆက်လက်တင်ပြမည်

စွပ်စွဲပြစ်တင်မှုအောင်မြင်ပြီးနောက် ကယားပြည်နယ်ဝန်ကြီးချုပ်ရာထူးမှရပ်နားရန် သမ္မတထံဆက်လက်တင်ပြမည်

ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ချက်တွေကို လွှတ်တော်ကအတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် လွှတ်တော်ဥက္ကဌမှတဆင့် နိုင်ငံတော်သမ္မတကနေ ဝန်ကြီးချုပ်ကို ရာထူးမှရပ်နားဖို့ တင်ပြသွားမှာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးကော်မတီဥက္ကဌ ဦးသဲရယ်က မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာတော့ အခုလို ပြောကြားသွားပါတယ်။

“ဒီအစီရင်ခံစာက အောင်သွားတာဖြစ်တဲ့အတွက်ပေါ့နော ဥက္ကဌကနေ တဆင့် နိုင်ငံတော်သမ္မတဆီတင်ပြီးတော့မှ ဒီဝန်ကြီးချုပ်ရာထူးကနေ နားဖို့အတွက်ကိုပဲ ဒါကျတော်တို့က ဒါ ပထမအဆင့်ပေါ့နော။ ဒါ မဖြစ်မနေ ဝနကြီးချုပ်တာဝန်ကနေ နားရမှာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်ကနေ နားရမယ် မနားရဘူးဆိုတာကတော့ ဒါကနောက်တစ်ပိုင်းပေါ့”

စွပ်စွဲပြစ်တင်သူ ၅ ဦးကနေ စွပ်စွဲပြစ်တင်ချက်ကို ပြည်နယ်လွှတ်တော်က နေ ပုဒ်မ ၂၆၃ (င) (၁) အရ မှန်ကန်ကြောင်း ယင်းစွပ်စွဲပြစ်တင်မှုသည် မှန်ကန်ကြောင်း လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ခြင်းနဲ့ ပတ်သက်ပြီး စက်တင်ဘာလ တစ်ရက်နေ့မှာ ကျင်ပပြုလုပ်တဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံဆန္ဒမဲ (၁၆)မဲ၊ ကန့်ကွက်ဆန္ဒမဲ (၄)မဲဖြင့် လွှတ်တော်ကအတည်ပြုလိုက်တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော်ဥက္ကဌက သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကို တင်ပြရမှာဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်စုပေါင်းဦးရေ အနည်းဆုံးသုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုက မှန်ကန်ပြီး စွပ်စွဲခံရသူဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးမှာ ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ဥက္ကဌက ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမှာဖြစ်သလို နိုင်ငံတော်သမ္မတက တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခံရတဲ့ သူကို ရာထူးမှ ရပ်စဲရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားပါတယ်လို့ တရားလွှတ်တော်ရှေ့နေ စောခူးတလေ(ခ)ပိုးရယ်က အခုလို ပြောပါတယ်။

“စုံစမ်းစစ်ဆေးလို့ တွေ့ရှိရတဲ့အဖြေကို လွှတ်တော်မှာပြန်ပြီးတော့ တင်ပြမယ်။ ပြီးရင်လွှတ်တော်ရဲ့ အတည်ပြုချက်ကိုပြန်ရယူရမှာပေါ့နော်။ အဲ့မှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့၃ပုံ၂ပုံက ထောက်ခံချက်ရှိလို့ရှိရင် ဒီစွပ်စွဲပြစ်တင်ချက်က ခိုင်လုံတယ်။ ၃ပုံ ၂ပုံကထောက်ခံတယ်ဆိုရင် နိုင်ငံတော် သမ္မတဆီကိုတင်ပြပြီးတော့မှ နိုင်ငံတော် သမ္မတကနေပြီးတော့မှ ဒီစွပ်စွဲခံရတဲ့ ဝန်ကြီး သို့မဟုတ်ရင် တစ်ဦးဦးပေါ့နော်။ အဲ့ဒီ တစ်ဦးဦးကို သူကဖြုတ်ချပြစ်ရမယ်ဆိုတဲ့ဟာရှိတယ်ပေါ့။”

လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ သမ္မတက ဆက်လက် ဆောင်ရွက်ရမယ့် ဥပဒေပါ လုပ်ထုံး လုပ်နည်းတွေအရ ရာထူးကနေ ရပ်ဆိုင်းကြောင်း ကြေညာဖို့ နောက်ထပ် အချိန်တစ်လလောက် ကြာနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ စောခူးတလေ(ခ)ခူးပိုးရယ်က သုံးသပ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုကတော့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို မူဝါဒနဲ့အညီ စနစ်တကျစီမံထားတာဖြစ်ပြီး အမှန်တရား ရလဒ်ကို စောင့်ကြည့်ကြဖို့ လွှတ်တော်အပြီးမှာ မီဒီယာတွေရဲ့မေးမြန်းမှုကို ပြန်လည်ဖြေရှင်းသွားပါတယ်။

“အမှန်တရားကို မိန့်ခွန်းမှာလည်း အများကြီးပြောပြီးပြီ။ ဥပဒေစည်းမျဉ်းစည်းကမ်းဆိုတာက မူဝါဒတွေနဲ့အညီ စနစ်တကျစီမံဖို့ဆိုတာရှိပြီးသား။ နောက်ပြီးတော့မှ ကျနော်အနေနဲ့အများကြီးမပြောချင်ဘူး။ ကျနော်ချပြချင်တာ ပြည်သူတွေအပေါ်မှာ အမှန်တရားတစ်ခုပဲချပြချင်တယ်။ အမှန်တရားတစ်ခုဆိုတာ ပန်းတိုင်တစ်ခုရောက်တာနဲ့ ပေါ်လာမှာနော် အဲ့ဒီပေါ်လာတဲ့အခါမှာ အဲ့ဒီရလဒ်ကို စောင့်ကြည့်ကြဖို့ ပြောချင်ပါတယ်။” ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကနေ ပြောသွားပါတယ်။

ဥပဒေလမ်းကြောင်းအရ ရှေ့ဆက်ပြီး ဘဏ္ဍာရေးမူဘောင်မူဝါဒနဲ့အညီ ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးချုပ်ကဆိုပါတယ်။

လွှတ်တော်အဖွင့်မိန့်ခွန်းပြောတဲ့အခါမှာလည်း စွပ်စွဲပြစ်တင်တဲ့ကိစ္စအကြောင်းအရာတွေကို ပြီးခဲ့တဲ့လွှတ်တော်တွေမှာ ဖြေရှင်းပြီးပြီဖြစ်ကြောင်း၊ ၎င်းအနေနဲ့ ပြည်ထောင်စုအစိုးရကနေ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေတာဖြစ်တဲ့အကြောင်းကို ရှင်းလင်းပြောဆိုသွားပါတယ်။

ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး (၅)ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ကို သြဂုတ်လ ၁၄ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့ မြေနေရာတွေကို ပုဂ္ဂလိကလုပ်ငန်းအတွက် အလွဲအသုံးစားပြုလုပ်ခြင်းနဲ့ ပြည်သူပိုင်စက်ယန္တရား ဌားရမ်းခ ပွင့်လင်းမြင်သာမှုမရှိဘဲ စီမံခန့်ခွဲနေမှုအပေါ် စုံစမ်းစစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အခန်း(၅)၊ ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဌထံသို့လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့က စွပ်စွဲပြစ်တင်ဖို့လက်မှတ်ရေးထိုးတင်ပြခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...