တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ နိုင်ငံလေးနိုင်ငံကို အကူအညီတောင်းခံထား

တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ နိုင်ငံလေးနိုင်ငံကို အကူအညီတောင်းခံထား

ခွန်းကလိုင်းဖရီး — အစိုးရက လက်လှမ်းမမီတဲ့ ကျေးလက်ဒေသနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်ဖို့အတွက် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း (EHOs)က နိုင်ငံလေးနိုင်ငံကို အကူအညီ တောင်ခံထားတယ်လို့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက်-ကရင်နီပြည် (CHDN) အဖွဲ့ရဲ့ ဒါရိုက်တာ ခွန်းဖိလစ်က ကပြောပါတယ်။

အခုလို အကူအညီတောင်းခံတဲ့ နိုင်ငံလေးနိုင်ငံဟာ အမေရိကန်၊ ဆွီဒင်၊ နယူးဇီလန်နဲ့ ယူကေနိုင်ငံတွေ ဖြစ်ပါတယ်။

လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက်-ကရင်နီပြည်(CHDN)အဖွဲ့ရဲ့ ဒါရိုက်တာ ခွန်းဖိလစ်က “ကျနော်တို့ ကလေ ခက်ခဲတဲ့ဒေသတွေမှာ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အတွက် လိုအပ်တဲ့ ရံပုံငွေ၊ ဆေးဝါးတွေ မရဘူးဆို ကျနော်တို့ အလုပ်လုပ် ရတာလည်း နောက်နှေးသွားမယ်။ အဲ့လိုဖြစ် သွားမယ်ဆိုလို့ရှိရင် တချို့လည်းစောစောစီးစီး ကုသရင် ပျောက်နိုင်တဲ့ ရောဂါတွေကို ဆေးမရှိလို့ မကုနိုင်တဲ့အတွက် မသေသင့်ပဲ သေဆုံးတာတွေ အများကြီးဖြစ် လာမယ်ပေါ့နော်။” လို့ ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးတဲ့ နိုင်ငံတကာ အလှူရှင်တွေဟာ အစိုးရရဲ့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနကိုပဲ တိုက်ရိုက်ကူညီနေတာကြောင့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့ အစည်းတွေမှာ ရံပုံငွေပိုင်း အခက်ခဲဖြစ်လာပါတယ်။

ရံပုံငွေရရှိမှု နည်းလာတာကြောင့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့ အစိုးရ လက်လှမ်းမမီတဲ့ တောင်ပေါ်ဒေသက ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းမှာ အဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။

၂၀၁၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ ပဋိပက္ခအလွန်ကာလကို ရောက်နေပြီလို့ နိုင်ငံတကာ အလှူရှင်တွေက ယူဆတဲ့ အတွက် တိုင်းရင်းသားဒေသတွေဖက်ကို အကူအညီပေးတာတွေ နည်းသွားတယ်လို့ ဆိုပါတယ်။

“ကျမတို့ တကယ့်ထောက်ပံ့ပေးတဲ့ နေရာကလည်း စစ်ဘေးဒဏ်ခံနေရတဲ့ လူတွေရယ်၊ နောက်ပြီး တကယ့်မြို့ရွာနဲ့ ဝေးတဲ့နေရာ တကယ်တောခေါင်တဲ့နေရာမှာ သူတို့တစ်သက်မှာ တစ်ခါမှ ဆေး၊ ရုံဆေးခန်း မမြင် ဖူးတဲ့ လူတွေပေါ့နော်။ ကျမတို့က သွားပြီးတော့မှ ပညာပေးမှုတွေလုပ်တယ်။ သူတို့လည်း ကိုယ့်ဆေးခန်းကို လာမယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလာမယ်ပေါ့နော်။ ကျမတို့ဖက်ကလည်း ဆေးဝါးတွေ မထောက်ပံ့ပေးနိုင်တော့ သူတို့အတွက်က အားကိုးရာမယ့်သလို ဖြစ်သွားတယ်။ ကိုယ့်အပေါ် ယုံကြည်မှုလည်း နည်းသွား တာပေါ့နော်။”လို့ သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ရဲ့ လက်ထောက်ဒါရိုက်တာ နန်းဆိုင်မွန်းက ပြောပါတယ်။

လက်ရှိ နိုင်ငံတကာအလှူရှင်တွေက ကူညီထောက်ပံ့တာတွေဟာ အစိုးရဆီကိုပဲ ရောက်သွားလို့ တကယ့်ခက်ခဲ နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးစောင့်ရှာက်မှုတွေ လစ်လျူရှုခံနေရသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေအချင်းချင်း ကွန်ရက်ဖွဲ့စည်းထားပြီး ဖက်ဒရယ်ကျန်းမာရေးစနစ်နဲ့ တိုင်းရင်း သားဒေသက ကျေးလက်နဲ့ ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း(EHOs)မှာ တိုင်းရင်းသားကျန်းမာရေးကော်မတီ၊ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက်(ကရင်နီပြည်)၊ သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ မွန်အမျိုးသားကျန်းမာရေးကော်မတီ၊ သျှမ်းကျန်းမာရေးဌာန၊ လွိုင်တိုင်းလီ ကျန်းမာရေးကော်မတီ၊ မယ်တော်ဆေးခန်း၊ မြန်မာနိုင်ငံဆေးပညာရှင်များ အသင်း၊ နယ်လှည့်ကျောပိုးအိတ်လုပ်သားများအဖွဲ့၊ ပအိုဝ်းကျန်းမာရေးလုပ်ငန်းကော်မတီ၊ ချင်းကျန်းမာရေးနှင့် ပညာရေးကော်မတီ၊ သျှမ်းပြည်လူငယ်စွမ်းရည်မြှင့်တင်ရေးအဖွဲ့၊ ကချင်အမျိုးသမီးအစည်းအရုံးနဲ့ မှုဒရော်ခရိုင် ကျန်းမာရေးကော်မတီစတဲ့ အဖွဲ့ (၁၄) ဖွဲ့နဲ့ စုစည်းထားတာဖြစ်ပါတယ်။

အဆိုပါ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေဟာ ဆေးဘက်ဆိုင်ရာကုသခြင်း၊ မိခင်၊ ကိုယ်ဝန်ဆောင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် သားဆက်ခြား ကျန်းမာရေးလုပ်ငန်းများ၊ ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်း၊ ရေ၊ မိလ္လာနှင့် ပတ်ဝန်းကျင်စနစ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကျန်းမာရေး ပညာပေးလုပ်ငန်း၊ ကျန်းမာရေးသတင်းပေးလုပ်ငန်း၊ ငါးနှစ်အောက်ကလေးအတွက် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းနဲ့ ကာကွယ်ဆေးလုပ်ငန်းစတာတွေကို လုပ်ဆောင်ပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...