မဲရုံတွင် မသန်စွမ်းများ ရှေ့တန်းမှမဲပေးခွင့်ရရန် ဖန်တီးပေးစေလိုဟု မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့အစည်းပြော

မဲရုံတွင် မသန်စွမ်းများ ရှေ့တန်းမှမဲပေးခွင့်ရရန် ဖန်တီးပေးစေလိုဟု မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့အစည်းပြော

ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအလွယ်တကူ ရှေ့တန်းကမဲပေးနိုင်ရန် မဲရုံများအနေဖြင့် အခြေအနေတစ်ခု ဖန်တီးပေးစေလိုကြောင်း မသန်စွမ်းဖွံ့ဖြိုးရေး ရှေ့ဆောင်အဖွဲ့အစည်း ဒါရိုက်တာ Salai Joshua က ပြောသည်။

“မဲရုံအသီးသီးက တာ၀န်ကျတဲ့ လူကြီးမင်းတွေရှိတယ်။ သူတို့တွေက မဲရုံတစ်ခုမှာ မဲဆန္ဒရှင် ဘယ်လောက်ပါ၀င် မဲထည့်မယ်ဆိုတာသိပြီးသားဖြစ်တယ်။ ဒါကြောင့် မသန်စွမ်းသူများထက် အခွင့်အရေးယူတာလို့မတွေးဘဲ ရှေ့တန်းကနေ မဲပေးနိုင်ဖို့ လုပ်ပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

နိုင်ငံရေးပြောင်းလဲမှုတွင် မသန်စွမ်းသူများတွင်လည်း တာ၀န်ရှိပြီး ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေးခြင်းသည် မသန်စွမ်းသူများ အနာဂတ်အတွက် အလွန်အရေးကြီးကြောင်း Salai Joshua က ဆိုသည်။

၎င်းက “ကျွန်တော်တို့ မသန်စွမ်းအရေးကိစ္စဟာ နိုင်ငံရေးကိစ္စတစ်ခုဖြစ်တယ်။ နိုင်ငံရေးကိုပြောင်းလဲအောင် ကျွန်တော်တို့ မသန်စွမ်းတွေက လုပ်နိုင်တယ်။ ကိုယ်စားလှယ်လောင်းတွေရွေးတဲ့ချိန် ကျွန်တော်တို့ကိုကူညီနိုင်တဲ့သူ ရွေးချယ်ခြင်းဟာ ကျွန်တော်တို့ အနာဂတ်အတွက် အများကြီး တန်ဖိုးရှိတယ်။ အဲဒါကြောင့် မဲပေးတဲ့အချိန်မှာလည်း မသန်စွမ်းတွေအားလုံးပါ၀င်ဖို့ ဖိတ်ချင်ပါတယ်” ဟု ပြောသည်။

ယခင်နှစ် ရွေးကောက်ပွဲများတွင် မသန်စွမ်းသူများအနေဖြင့် မဲပေးရာတွင် အခက်အခဲကြုံတွေ့ရမှုများ ရှိခဲ့သောကြောင့် ယခုရွေးကောက်ပွဲတွင် မဲရုံတာဝန်ရှိသူများအနေဖြင့် မသန်စွမ်းသူများကို နားလည်ပေးကာ မဲပေးရာတွင် အခက်အခဲမရှိစေရန် ဆောင်ရွက်ပေးစေလိုကြောင်း မသန်စွမ်းသူ မိုင်မောနီကာက ပြောသည်။

“အရင်ရွေးကောက်ပွဲတွေမှာတော့ မဲပေးခဲ့ဖူးတယ်။ ဒီနှစ်အတွက်လည်း မဲသွားပေးဖို့ အဆင်သင့်ဖြစ်နေပြီ။ ကိုယ့်ကိုအုပ်ချုပ်မယ့် ခေါင်းဆောင်ကို ရွေးချယ်ခွင့်ရှိတော့ ပျော်လည်းပျော်တယ်။ ကိုယ့်တာ၀န်တစ်ခုလည်း ဖြစ်တယ်လို့ယူဆတယ်။ ကျွန်မသဘောအရဆိုရင် မသန်စွမ်းတွေ မဲရုံမှာတန်းစီပြီးသွားစောင့်ရတာ သိပ်အဆင်မပြေဘူးဖြစ်နေတယ်၊ အရင်နှစ်လိုမဟုတ်ပဲ တန်းစီတဲ့ချိန် ရှေ့တန်းကနေ သွားပေးလို့ရတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးစေချင်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် မသန်စွမ်းမဲဆန္ဒရှင် ၃၂၀၀ ကျော်ရှိကြောင်း မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့အစည်း၏ စာရင်းများအရသိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...