ကျောက်တော်မြို့နယ်တွင် လူငယ်တစ်ဦးသေနတ်ပစ်ခံရ၍ သေဆုံး

ကျောက်တော်မြို့နယ်တွင် လူငယ်တစ်ဦးသေနတ်ပစ်ခံရ၍ သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရှမ်းရွာရပ်ကွက်တွင် ဩဂုတ် ၂၇ ရက်နေ့နံနက် အစောကြီး ညဉ့် ၁ နာရီအချိန်ခန့်က လူငယ်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း မိသားစုဝင်များပြောပြချက်အရ သိရသည်။

သေဆုံးသွားသူမှာ မောင်နိုင်ဝင်း(၃ဝ)နှစ်ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ဆေးရုံသို့ ဆက်သွယ်ရာ တာဝန်ရှိ ဆရာဝန်တစ်ဦးက နံနက် ၈ နာရီခွဲက ၎င်းအလောင်းအားရဲတပ်ဖွဲ့ဝင်များမှ ဆေးရုံသို့ လာအပ်ကြောင်း၊ ခန္ဓာကိုယ်ပေါ်တွင် သေနတ် ဒဏ်ရာ ၆ ချက် ပါဝင်ကြောင်း အတည်ပြု ပြောကြားသည်။

သေဆုံးသွားသူ မောင်ဝင်းနိုင်၏ အစ်မဖြစ်သူ ဒေါ်ဦးသန်းဝေက သူမ၏ မောင်ဖြစ်သူ အလောင်းအား ဩဂုတ်လ ၂၇ ရက်နေ့ နံနက်က ဆေးရုံတွင် တွေ့ရှိခဲ့သည်ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“အိမ်မှာ မောင်လေးနဲ့ အမေနဲ့ နှစ်ယောက်နေကြတာ။ ညက သူအိမ်သာတက်မယ်ဆိုပြီး ဆင်းသွားတာ။ ညတစ်နာရီလောက်မှာ။ ခဏနေတော့ သေနတ်သံတွေ ထွက်လာတယ်။  ရပ်ကွက်ထဲကို စစ်သား သုံးဆယ်လောက် ဝင်လာတယ်။ ကျွန်မညီမလေး မလှမြင့်အိမ်မှာတောင် ထမင်းတွေတက်စားပြီး သူတို့ စိတ်ထင်ရာ လုပ်သွားကြသေးတယ်။ ညီမလေးတို့ အိမ်ဘေးအိမ်က တာပေါ်လင်အစတစ်ခုကို ယူပြီး တစ်ခုခုကို လိပ်တာတော့ တွေ့တယ်တဲ့။ ကိုယ့်မောင်လေးမှန်း မသိရှာဘူး သူ့ခမျာ။ မနက်မိုးလင်းတော့ မောင်လေး ပျောက်လို့ လိုက်ရှာကြတာမှာ အလောင်းကို ဆေးရုံမှာတွေ့တာပါ” ဟု သူမကပြောသည်။

သေဆုံးသူ မောင်နိုင်ဝင်း၌ ကျောကုန်းတွင် သေနတ်ဒဏ်ရာတစ်ချက်၊ သေနတ်ဒဏ်ရာဖြင့် ဦးခေါင်း တစ်ခုလုံးလည်း ကြေမွနေပြီးတွေ့ရကြောင်း၊ လက်ရှိတွင် ကျောက်တော်ဆေးရုံတွင် ရင်ခွဲမည်ဟုသိရသဖြင့် မိသာစုများမှာ အလောင်းယူရန်စောင့်ဆိုင်းနေရကြောင်း သူမကပြောသည်။

၎င်းကိစ္စ ပတ်သက်၍ ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက လူငယ်တစ်ဦး သေဆုံးမှုအားကြားသိရကြောင်းအသေးစိတ်ကို မသိရသေးကြောင်းပြောသည်။

“သေနတ်ပစ်ခံရပြီးသေတယ်လို့ တစ်ယောက်ဆက်သွယ်လာတယ်။ အသေးစိတ်ကို သေချာမသိရသေးဘူး။ လောလောဆယ်မိသားစုနဲ့အဆက်သွယ်တော့မရသေးပါဘူး” ဟုဦးဦးထွန်းဝင်ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ကျောက်တော်ရဲစခန်း စခန်းမှူး ဒုရဲမှူး ကျော်သူထွန်းအား ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...