မကွေးတိုင်း ချင်းရေးရာဝန်ကြီးအတွက် ကိုယ်စားလှယ်လောင်း (၁၁) ဦး ယှဉ်ပြိုင်မည်

မကွေးတိုင်း ချင်းရေးရာဝန်ကြီးအတွက် ကိုယ်စားလှယ်လောင်း (၁၁) ဦး ယှဉ်ပြိုင်မည်

လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း( ၁၁) ဦးရှိသည်ဟု မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။

မကွေးတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီ (၈) ပါတီနှင့် တစ်သီးပုဂ္ဂလ (၃) ဦး စုစုပေါင်း (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းတို့မှာ ဦးမောင်လွင် (ညီညွှတ်သောဒီမိုကရစ်တစ်ပါတီ)၊ ဦးအေးထွန်းမင်း (ချင်းတိုင်းရင်းသားများပါတီ)၊ ဦးသန်းဌေး (ခ) ဦးဂါဘီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဆလိုင်းအောင်မင်းလှိုင် (အရှို ချင်းအမျိုးသားပါတီ)၊ဆလိုင်းနောလ်ကြုံအဲရ် (ခ) ဦးဝေလျန် (တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ)၊ ဆလိုင်းသန်းဝင်းလှိုင်(ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)၊ ဆလိုင်းအောင်ထွန်းမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဦးသန်းထွန်း(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)၊ ဦးတီာလ်ကမ်း (တစ်သီးပုဂ္ဂလ)၊ ဦးမြင့်တိုး တစ်သီးပုဂ္ဂလနှင့် ဦးညီခံ တစ်သီးပုဂ္ဂလ တို့ဖြစ်ကြသည်ဟု မကွေးတိုင်းဒေကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးမှ သိရသည်။

အရှိုချင်းအမျိူးသားပါတီမှ ကိုယ်စားလှယ်လောင်း ဆလိုင်းအောင်မင်းလှိုင်ကတော့ မကွေးတိုင်းတွင်နေထိုင်ကြသည့် ချင်းလူမျိူးများ၏ လူမှုဘဝမြှင့်တင်နိုင်ရေးနှင့် နိုင်ငံရေးအရ ရပိုင်ခွင့်များကိုရရှိနိုင်ရန်အတွက် ယခုကဲ့သို့ ချင်းရေးရာဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ပြောပါသည်။

“မကွေးတိုင်းမှာရှိတဲ့ ချင်းလူမျိုးတွေရဲ့ ဘဝမြှင့်တင်ပေးဖို့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အကျိုးစီးပွားရေးတွေအတွက် နောက်ဖွံ့ဖြိုးရေးတွေကို ချင်းလူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဒီထက်မကလုပ်ဆောင်နိုင်အောင် နိုင်ငံရေးအရ (၂၁) ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံတက်ပြီးတော့ ကျနော်တို့ဒီလာမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ ကျနော်တို့မကွေးတိုင်းမှာရှိတဲ့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေပေါ့နော် နိုင်ငံရေးကိုယ်စားပြုခွင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းပြီးတော့ အာမခံချက်ရအောင် တက်ရောက်ဆွေးနွေးနိုင်အောင် ကျနော်တို့ ရည်ရွယ်ထားပါတယ် ဒါတွေက အနိုင်ရပါတီဖြစ်မှ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးကို အနိုင်ရပြီးတော့ ကျနော်တို့ ပါတီကလည်း အနိုင်ရပါတီဖြစ်မှ ပင်လုံညီလာခံတက်လို့ရပါတယ် အဲဒီအတွက်ကြောင့် ကျနော်တို့ ဝင်ပြိုင်ရတာဖြစ်ပါတယ်” ဟု ဆလိုင်းအောင်မင်းလှိုင်ကပြောသည်။

မြန်မာနိုင်ငံတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုယ်စားလှယ်လောင်း (၁၁) ဦး နှင့် ရခိုင်ပြည်နယ်တွင် (၉) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ချင်းလူမျိူး (၈၅၅၀၀)ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက မကွေးတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးကို ကိုယ်စားလှယ်လောင်း (၆) ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) က အနိုင်ရရှိခဲ့သည်။

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...