“နိုင်ငံခြားဘာသာ တက္ကသိုလ်တက်ဖို့ကြိုးစားနေသူ”

“နိုင်ငံခြားဘာသာ တက္ကသိုလ်တက်ဖို့ကြိုးစားနေသူ”

စိုးထိုက်အောင် — ကယားတစ်ပြည်နယ်လုံး တက္ကသိုလ်ဝန်တန်းစာမေးပွဲကို ဒုတိယအဆင့် အောင်မြင်ဖြေဆိုခဲ့သူ မတွယ်တာနိုင်ကတော့ သူမ ဝါဿနာပါတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကို တက်ဖို့ စိတ်ကူးထားပြီးဖြစ်ပါတယ်။

“ ဝါသနာပါတဲ့ ဘာသာစကားပဲ ဆက်လုပ်ဖို့စဉ်းစားထားပါတယ်။ နိုင်ငံခြားဘာသာတက္ကသိုလ်လျှောက်ဖို့စီစဉ်ထားပါတယ်။”

သူမကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာ၊ သင်္ချာ၊ ဓာတု၊ ဇီ၀ ဘာသာရပ်တွေမှာဂုဏ်ထူးရရှိခဲ့ပြီး အမှတ်ပေါင်း ၄၆၉မှတ်နဲ့ပြည်နယ်မှာ ဒုတိယအမှတ်အများဆုံး ဖြစ်တယ်လို့ ၂၀၂၀ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူစာရင်း (သိပ္ပံဘာသာတွဲ)မှာဖော်ပြထားပါတယ်။

သူမနေတာကတော့ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု ရွှေဘုန်းပွင့် ရပ်ကွက်မှာ နေထိုင်ပြီး ၂၀၁၉-၂၀၂၀ပညာသင်နှစ်မှာ အ.ထ.က(၂) ငွေတောင်ကျောင်းမှ တစ်နှစ်ထဲနဲ့ ၄ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးကတည်းက သူမဝါသနာပါတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကို တတ်ရောက်ဖို့အတွက်လက်လှမ်းမှီသလောက် Online Class ၊ အုပ်တွေဝယ်ပြီးဖတ်တာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

“ အောင်စာရင်းထွက်ပြီးမှပေါ့နော်။ အစကလည်း မမှန်းထားဘူး၊ မှန်းပြီးတော့လုပ်တာလဲ မဟုတ်ဘူးပေါ့နော်။ အမှတ်ကောင်းဖို့၊ စာသေသေချာချာလုပ်ဖို့ အဲ့တိုင်းပဲစဉ်းစားထားပြီးတော့ ၁၀တန်းကို ဖြေခဲ့တာပေါ့နော်။ အောင်စာရင်းထွက်တော့ အဲ့အောင်စာရင်းထွက်တဲ့ညမှာ ပြည်နယ်အဆင့်တွေတက်လာတာပေါ့နော်။ အဲ့ခါက ကိုယ့်နာမည်ပါတော့ အဲ့လည်း အံ့သြတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။”

သင်ကြားမှုအပိုင်းမှာ ဘာသာရပ်တိုင်းကို သေချာ လေ့လာမှတ်သားတဲ့အခါမှာ အဓိက ဆရာ/မတွေသင်ကြားတဲ့အချိန် အားရုံစူးစိုက်မှတ်သားထားတဲ့အတွက်လည်း အခုလို အောင်မြင်လာခဲ့တာလို့ဆိုပါတယ်။

“ သင်ကြားမှုအပိုင်းကတော့ ဘာသာရပ်တိုင်းမှာ ဆရာ/မ အားလုံးကသေသေချာချာလည်းသင်ပေးတယ်။ အခုမေးခွန်းပုံစံပြောင်းထားတဲ့ဟာဆိုရင်လည်းနှစ်စကနေပြီးတော့ အမြဲတန်း၊ စာမေးပွဲဖြေခါနီးရော အကုန်လုံးသေသေချာချာပြောပြတယ်။ အမှားဆိုရင်လည်း ဘယ်နေရာမှားတယ်ဆိုပြီးတော့ သေသေချာချာထောက်ပြတယ်ပေါ့နော်။ ဘာသာရပ်တိုင်းကို သေသေချာချာသင်ပေးတယ်။”

သူမကတော့ ငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းတဲ့အတွက်ကြောင့် ကျောင်းကို ပုံမှန်မတတ်ခဲ့ရပေမဲ့လည်း ငယ်ငယ်ကတည်းက ပညာရေးထူးချွန်ဆုတွေကိုမကြာခဏရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဆယ်တန်းကိုတတ်ရောက်နေတဲ့အချိန်မှာလည်း ကျန်းမာရေးမကောင်းတဲ့အတွက်ကြောင့်ကျောင်းပုံမှန်မတက်ပဲ အပြင်ကနေပဲစာကိုလေ့လာရတာဖြစ်ပါတယ်။ စာကို ည ၁၁နာရီလောက်အထိကျက်ပြီး မနက်ဆိုရင် ကျောင်းမသွားခင် ၅နာရီလောက်ကနေစပြီးကျက်တာဖြစ်ပါတယ်။

မိသားစု (၅)ဦးရှိပြီး သူမမိဘတွေကတော့ စိုက်ပျိုးရေး၊ အရောင်းအဝယ်တွေလုပ်ပြီးမိသားစု စားဝတ်နေရေးကို အဆင်ပြေအောင်လုပ်နေရတာဖြစ်ပါတယ်။ မိသားစုက စီးပွားရေးမှာအတော်အသင့် အဆင်ပြေကြပြီး ကလေးရဲ့ပညာရေးပိုင်းမှာလည်း အားပေးမှုတွေရှိတာဖြစ်ပါတယ်။ မိဘတွေကတော့ မတွယ်တာနိုင်ကို အိမ်မှာ အိမ်မှုကိစ္စတွေကို အရမ်းမလုပ်ခိုင်းပဲနဲ့ ပညာရေးဘက်မှာပဲ ဦးစားပေးထားတယ်လို့သိရပါတယ်။

“ ကိုယ့်ကိုလည်း အနားပေးရတယ်၊ ဦးနှောက်ကိုလည်းအနားပေးရတယ်။ ပြီးရင်ကျောင်းက ဆရာ/မတွေရဲ့စကားကိုရောနားထောင်၊ ဆုံးမတာတွေရော၊ သင်ပြပေးတာတွေရော။ ၁၀တန်းက ဘဝတစ်ခုလုံးတော့မဟုတ်ပေမဲ့ပေါ့နော် တစ်ဆစ်ချိုးပြောင်းလဲတဲ့နေရာတော့ ပါတယ်ပေါ့။ တစ်ချိန်ချိန်နောက်ပြန်ကြည့်ရင် ဒါကကောင်းတဲ့ အမှတ်တရာဖြစ်တယ်။ ပြီးရင် ၁၀တန်းမှာ ထူးထူးချွန်ချွန်နဲ့အောင်လို့အခွင့်အလမ်းကောင်းတွေလည်း သေချာပေါက်ရပါတယ်။”

အခုချိန်မှာတော့သူမ တက္ကသိုလ်ဆက်တက်ဖို့ အချိန်စောင့်ရင်း အင်္ဂလိပ်စာ၊ ကိုးရီးယာ၊ ဂျပန် ၊ တရုတ်စာတွေကို အွန်လိုင်းကနေ လေ့လာနေပါတယ်။

၂၀၁၉-၂၀၂၀ခုနှစ် ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုသူကျောင်းသူ/သားပေါင်း ၇၉၀၆ ဦးရှိပြီး အောင်မြင်သူဦးရေ ၂၃၄၀ဦးရှိပါတယ်။ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့အောင်ချက်ရာခိုင်နှုန်း ၂၉.၆၀ ရှိပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...