ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာဆောင်ရွက်ချက်များကို (၅) နှစ်တာကာအတွင်း တစ်ကြိမ်တစ်ခါမျှ လွှတ်တော်ကိုတင်ပြခဲ့ခြင်းမရှိဟုဆို

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာဆောင်ရွက်ချက်များကို (၅) နှစ်တာကာအတွင်း တစ်ကြိမ်တစ်ခါမျှ လွှတ်တော်ကိုတင်ပြခဲ့ခြင်းမရှိဟုဆို

အိမ်စိုးဖြူ - ဦးညီပုဦးဆောင်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် (၅) နှစ်တာကလအတွင်း တစ်နှစ်ဆောင်ရွက်များကို တစ်ကြိမ်တစ်ခါမျှ ရခိုင်ပြည်နယ် လွှတ်တော်ကိုတင်ပြခဲ့ခြင်း မရှိခဲ့သလို ရခိုင်ပြည်နယ်၏ ထူးခြားဖြစ်စဉ်များကိုလည်း တစ်ကြိမ်တစ်ခါမျှ လွှတ်တော်သို့ တင်ပြခဲ့ခြင်း မရှိခဲ့ကြောင်း၊ ထိုသို့ မတင်ပြခဲ့ခြင်းမှာ လွှတ်တော်ကို အလေးမထား၍ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောဆိုသည်။

“ ရခိုင်ပြည်နယ်ရဲ့ ထူးခြားဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရရဲ့ အစီရင်ခံစာကို ရခိုင်ပြည်နယ် လွှတ်တော်ကို တင်ပေးရပါမယ်။ ထူးခြားဖြစ်စဉ်တွေ ရခိုင်ပြည်မှာ အများကြီး ဖြစ်ပေါ်ခဲ့တာ ရှိတယ်၊ ဘာပဲဖြစ်ဖြစ် စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေးက အစလွှတ်တော်ကို တင်ပြခဲ့တာ မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း ထူးခြား ဖြစ်စဉ်တွေ ရှိလို့ရှိရင် ရခိုင်ပြည်နယ်လွှတ်တော်ကို လွှတ်တော် အစည်းအဝေးကျင်းပတဲ့ အချိန်မှာ အစီရင်ခံစာ တင်သွင်းရမယ်ဆိုတာဥပဒေမှာ ပြဌာန်းထားပါတယ်။ သို့သော် ၅ နှစ်ကာလမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့တစ်ကြိမ်တစ်ခါမျှ ဒီထူးခြားဖြစ်စဉ်နဲ့ ပတ်သက်လို့ တင်ပြခဲ့တာမရှိပါ” ဟု ပြောဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် ပြည်နယ်အစိုးရ၏ တစ်နှစ်တာလုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီးလည်းတစ်ကြိမ်တစ်ခါမျှ ရခိုင်ပြည်နယ် လွှတ်တော်ကိုတင်ပြခဲ့ခြင်း မရှိကြောင်း သူက ပြောဆိုသည်။

“ တစ်နှစ်တစ်ခါ တင်ပြတာ မရှိခဲ့ဘူး။ အထူးသဖြင့် တစ်နှစ်တစ်ခါ လုပ်ဆောင်ချက်များကို လွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်။ ဒီလိုတင်ပြရမယ်ဆိုတာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဥပဒေမှာလည်း ပြဌာန်းထားသလို လွှတ်တော်ဆိုင်ရာ ဥပဒေမှာလည်း ပြဌာန်းထားပါတယ်။ အမှန်မှာ တစ်နှစ်မှာ တစ်ခါသူတို့ ဘာတွေ လုပ်ခဲ့တယ်။ ဘာလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်။ ထူးထူးခြားခြား ဖြစ်စဉ်တွေ ရှိခဲ့တယ်ဆိုတာ တစ်နှစ်တစ်ခါ တင်ပြရမယ်ဆိုတာ ရှိပါတယ်။ တစ်ကြိမ်တစ်ခါမှ ၅ နှစ်သက်တမ်းမှာ တင်ပြတာ မရှိပါဘူးခင်ဗျား။”

ယခုကဲ့သို့ မတင်ပြခြင်းမှာ လွှတ်တော်ကို အလေးမထား၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ အဲဒါ ကျနော်ထင်တာက လွှတ်တော်ကို အလေးမထားလို့ဘဲ ကျနော်က ထင်ပါတယ်။ ဝန်ကြီးချုပ်ကို NLD အစိုးရ သမ္မတကနေ တိုက်ရိုက်ခန့်အပ်တာကြောင့် လွှတ်တော်ကို အလေးမထားတာထင်တယ်။ နောက်လာမယ့် ၂ဝ၂ဝ နောက်ပိုင်းတွင်လည်း အလားတူ လုပ်ဆောင်လာရင် ရခိုင်ပြည်နယ် လွှတ်တော်အနေနဲ့ ပိုအခက်ခဲ ဖြစ်လာနိုင်ပါတယ်။”

ဖွဲ့စည်းပုံ အခြေခံဥပေဒေပုဒ်မ ၂၆၁ ရှိ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ရေးနှင့် ပတ်သက်ပြီး ကန့်သတ်ချက်ကို လက်ရှိ အစိုးရလက်ထက်တွင် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိသဖြင့် နိုင်ငံတော်သမ္မတမှ အမည်စာရင်း တင်သွင်း သူသာလျှင် ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်၍ အများပြည်သူဆန္ဒဖြင့် ရွေးချယ်သည့် ဝန်ကြီးချုပ်မဟုတ်သဖြင့် ပွတ်တိုက်မှုများ ယခုလို ဖြစ်လာနိုင်သည်ဟု ဆိုသည်။

တစ်နှစ်တစ်ခါ အစိုးရ၏ လုပ်ဆောင်ချက်များကို ပြည်နယ်လွှတ်တော်သို့ မတင်ပြခြင်းမှာ ပြည်နယ်အစိုးရ၏ အားနည်းချက်ဖြစ်ပြီး တစ်နေ့ တစ်ချိန်ချိန်တွင် ဥပဒေကြောင်းအရ ဝေဖန် ထောက်ပြသွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲက နီးနေပြီဖြစ်သော်လည်း ရွေးကောက်ပွဲအပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီတွင် လွှတ်တော်ပုံမှန်အစည်းအဝေးကျင်းပချိန်တွင် ထောက်ပြရမည်ဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရခိုင်ပြည်နယ်လွှတ်တော်သို့ အစီရင်ခံစာ မတင်သွင်းခြင်းနှင့် ပတ်သက်ပြီး အကြောင်းအရင်းကို သိရှိလိုသဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသို့ ဖုန်းဖြင့်ဆက်သွယ်ရာ သမီးဖြစ်သူမှ ဝန်ကြီးချုပ်မှာ ဧည့်သည်နှင့် စကားပြောနေသည်ဟု ပြောဆိုပြီး နောက်မှ ဆက်သွယ်ပါဟု ပြောဆိုသဖြင့် ယခုအချိန်ထိ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်သို့ ဆက်သွယ်ရာတွင်လည်း အဆိုပါအကြောင်းအရာကို သူ့အနေဖြင့် မသိကြောင်း၊ ဝန်ကြီးချုပ်မှ ထုတ်ပြန်ရန် ညွှန်ကြားမှသာ အကြောင်းအရာ ကိစ္စတစ်ရပ်ကို သူ့အနေဖြင့် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...