အမ်းမြို့ ပဲပဒုံစစ်ဘေးရှောင်စခန်းတွင် အိမ်သာကျင်းတူးရာမှ နှစ်ပေါင်း ၁၅၈ နှစ်သက်တမ်းရှိ ငွေဒင်္ဂါးပြားများတွေ့ရှိ

အမ်းမြို့ ပဲပဒုံစစ်ဘေးရှောင်စခန်းတွင် အိမ်သာကျင်းတူးရာမှ နှစ်ပေါင်း ၁၅၈ နှစ်သက်တမ်းရှိ ငွေဒင်္ဂါးပြားများတွေ့ရှိ

အိမ်စိုးဖြူ - ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ပဲပဒုံစစ်ဘေးရှောင်စခန်းတွင် ဩဂုတ် ၁၅ ရက်နေ့ နံနက်က အိမ်သာကျင်းတူးရာမှ နှစ်ပေါင်း ၁၅၈ နှစ်သက်တမ်းရှိ ငွေဒင်္ဂါးပြားများ တူးဖော်ရမိကြောင်းသိရသည်။

နှစ်ပေါင်း ၁၅၈ နှစ်မှ ၁ဝ၁ နှစ် သက်တမ်းရှိသည့် အိန္ဒိယနိုင်ငံသုံး ONE RUPEE INDIA တံဆိပ်ပါ ဒင်္ဂါးပြား ၃၄ ပြားအား တူးဖော်ရရှိခြင်းဖြစ်ကြောင်း ပဲပဒုံစခန်း တာဝန်ခံတစ်ဦးဖြစ်သူ ကိုမျိုးနိုင်ထွန်းက နိရဉ္စရာသတင်းဌာနအားပြောသည်။

“ ကျွန်တော်တို့စခန်းက လူတွေ အိမ်သာကျင်းတူးတဲ့အချိန်မှာ ပုလင်းကွဲတစ်လုံးနဲ့အတူ တွေ့တာ။ ရှေးဟောင်းဒင်္ဂါးပြားတွေမို့လို့ ကျွန်တော်တို့ ထွေအုပ်ရုံးက တာဝန်ရှိသူတွေဆီကို ဒီမနက်ကပဲ လွှဲပြောင်း ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရူပီးငွဒင်္ဂါးတွေပါ။ အခုပေါက်ဈေးငွေနဲ့တွက်ရင်တော့ ဘယ်လောက်မှ မရှိပေမဲ့ နှစ်ပေါင်း တစ်ရာကျော်ကြာသက်တမ်းရှိနေပြီဖြစ်တဲ့အတွက် ရှေးဟောင်းပစ္စည်းထိမ်းသိမ်းရေးအဖွဲ့တွေအတွက် အသုံးဝင်မယ်ထင်ပါတယ်။”ဟုပြောသည်။

အိန္ဒိယ ရူပီးငွေဒင်္ဂါးများဖြစ်ကာ ရှေးဟောင်းယဉ်ကျေးမှုကိုတင်ပြနိုင်ရန် သက်ဆိုင်ရာကို ကြေးနန်း ပို့ထားကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။

“ ကျွန်တော်တို့ကတော့ သွားပြီး လက်ခံယူထားပါတယ်။ သက်ဆိုင်ရာကို ကြေးနန်းပို့ထားပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုကို သက်ဆိုင်ရာကပဲပို့ပေးပါလိမ့်မယ်။” ဟု သူကပြောသည်။

ရှေးဟောင်းပစ္စည်းဖြစ်သည့်အတွက်တန်ဖိုးထား၍ အပ်နှံလာသည့်အတွက် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းငွေဒင်္ဂါးပြားများမှာ ၁၈၆၂(၁)ခု၊ ၁၈၆၅(၁)ခု၊ ၁၈၈၉(၁)ခု၊ ၁၉ဝ၄(၂)ခု၊ ၁၉ဝ၅(၁)ခု၊ ၁၉ဝ၆(၁)ခု၊ ၁၉ဝ၇(၁)ခု၊ ၁၉၁၃(၄)ခု၊ ၁၉၁၆(၅)ခု၊ ၁၉၁၇(၅)ခု၊ ၁၉၁၈(၅)ခု၊ ၁၉၁၉(၇)ခု၊ စုစုပေါင်း ၃၄ ပြားတို့ဖြစ်ကြောင်း အမ်းမြို့နယ် ပြန်/ ဆက်မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...