စစ်တွေ ကျောက်တန်းဂိတ်တွင် AA အဖွဲ့ဝင် ၃ ဦးဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်၊ ယင်းအထဲမှ တစ်ဦးမှာသုံးဘီးဒရိုင်ဘာသာဖြစ်ကြောင်း ဖခင်ဖြစ်သူဆို

စစ်တွေ ကျောက်တန်းဂိတ်တွင် AA အဖွဲ့ဝင် ၃ ဦးဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်၊ ယင်းအထဲမှ တစ်ဦးမှာသုံးဘီးဒရိုင်ဘာသာဖြစ်ကြောင်း ဖခင်ဖြစ်သူဆို

အိမ်စိုးဖြူ - ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီခန့်က AA အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိကြောင်း တပ်မတော်မှ သြဂုတ်လ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံခဲ့ရသူများမှာ စစ်တွေမြို့မှ သုံးဘီးဒရိုင်ဘာ ဦးကျော်ကျော်ဝင်း(၃၃)နှစ် (ဘ) ဦးဘသန်း၊ ဦးသာဇံ(၃ဝ)နှစ် (ဘ) ဦးအောင်ရွှေနှင့် မြေပုံမြို့နယ် တမ်ရာရွာမှ ဦးမောင်ဘု(၃၇)နှစ် (ဘ) ဦးမောင်လှစိန် တို့ဖြစ်ကြသည်။

သုံးဦးထဲတွင် ဖမ်းဆီးခံထားရသူ ဦးကျော်ကျော်ဝင်း၏ ဖခင်ဖြစ်သူ ဦးဘသန်းက “အေအေနဲ့လည်း မပတ်သက်ဘူး။ မူးယစ်ဆေးတွေနဲ့လည်း ပတ်သက်မှုမရှိပါဘူး။ စိုးရိမ်လို့ မနေ့က မြို့မရဲစခန်းကို သွားမေးတယ်။ အဲဒီက အရာရှိတစ်ယောက်က တပ်က စစ်ဆေးဖို့ ခေါ်သွားတယ်လို့ ပြောတယ်။အခုသူ ဘယ်မှာ ရှိမှန်းမသိဘူး။ သားလေးမှာ အပြစ်မရှိပါဘူး။ အမှန်တကယ်လုပ်ရင် ခံရတာကို ဝန်မလေးပါဘူး။ အခုကျွန်တော့သား မလုပ်တာကို လုပ်တယ်လို့ဆိုတော့ ခံစားရတယ်။ ပြန်လွတ်စေချင်ပါတယ်” ဟုပြောသည်။

၎င်းတို့သားဖြစ်သူမှာ ကောင်းကောင်းမွန်မွန်ဖြင့် သုံးဘီးဆိုင်ကယ်(တုတ်တုတ်)မောင်းပြီး မိသားစုအား ရှာဖွေကျွေးနေသူဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

“ ကျွန်တော်သားက လူနှစ်ယောက်က ပါဒလိတ်ကို လိုက်ပို့ဖို့ သုံးဘီးကိုငှားတဲ့အတွက် အငှားကျလို့ လိုက်ပို့တာလို့ သိရပါတယ်။ အဲဒီမှာ ကျောက်တန်းဂိတ်မှာ အဖမ်းခံရတာပါ” ဟု ပြောဆိုသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဩဂုတ် ၁၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် စစ်တွေမြို့အဝင် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဩဂုတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ မောင်းနှင်လာသော TVS အမျိုးအစား သုံးဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ စစ်တွေမြို့နေ ကျော်ကျော်ဝင်း(ဘ)ဦးဘသန်း ၃၃ နှစ်နှင့် စစ်တွေမြို့နေ ဦးသာဇံ(ဘ)ဦးအောင်ရွှေ ၃ဝ နှစ်၊ မြေပုံမြို့နယ် တမ်ရာရွာနေ ဦးမောင်ပု(ဘ) ဦးမောင်လှစိန် ၃၇ နှစ်တို့အား AA လက်မောင်းတံဆိပ်နှင့် ARAKAN ARMY စာတမ်းပါ စစ်စိမ်းရောင် ယူနီဖောင်း ၁ စုံ၊ ပျောက်ကြားဘောင်းဘီ ၁ ထည်၊ AA နှင့် ဆက်သွယ်မှု မှတ်တမ်းများ၊ အထောက်အထား အချက်အလက်များ ပါရှိသည့် ဖုန်း ၂ လုံး၊ ပိုက်ဆံ ၁၂ သိန်းကျပ်၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၆ဝဝ ပြား (မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၂ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ အဖမ်းအဆီးနှင့် ပတ်သက်ပြီး AA ဖက်သို့ မေးမြန်းတင်ပြရန်မှာ ဥပဒေကြောင်းအရ တားမြစ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...