တီးတိန်မြို့ခရိုင်ရရှိနိုင်ရေးမှာ သမ္မတ၏ အဆုံးအဖြတ်ပေါ်မှုတည်နေဟု ဒုသမ္မတဆို

တီးတိန်မြို့ခရိုင်ရရှိနိုင်ရေးမှာ သမ္မတ၏ အဆုံးအဖြတ်ပေါ်မှုတည်နေဟု ဒုသမ္မတဆို

ဒုတိယ သမ္မတ ဦးဟင်နီရီဗန်ထီးယူ၏ တီးတိန်မြို့ ခရီးစဉ်တွင် တီးတိန်မြို့ ခရိုင်ရရှိရေးမှာ သမ္မတအဆုံးဖြတ်ပေါ်တွင်သာရှိကြောင်း မြို့မိမြို့ဖတွေ့ဆုံပွဲတွင် ပြောကြားကြောင်း တွေ့ဆုံပွဲ တက်ရောက်သော ဒေသခံ ဦးဒါလ်းမွမ်းက ပြောသည်။

တီးတိန်မြို့ဒေသခံ ဦးဒါလ်းမွမ်းက “ပလက်ဝနဲ့ တီးတိန်မြို့က ခရိုင်ကိစ စာရွက်စာတန်းတွေကို နေပြည်တော်ကို ပို့ပြီးပြီ သမ္မတရဲ့ ဆုံးဖြက်ချက်ပေါ် မှုတည်တယ်လို့ သူပြောသွားတယ်” ဟုပြောသည်။

တီးတိန်မြို့ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကိုလည်း ကုတင်(၂၀၀) အဖြစ် အဆင့်မြှင့်တင်ပေးရန် ဒေသခံ မြို့မိမြို့ဖများမှ တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

တီးတိန်မြို့ဒေသခံ ဦးဒါလ်းမွမ်းက “တီးတိန်မြို့ ကုတင် (၁၀၀) ကိုလည်း ကျတော်တို့ဖက်က ကုတင်(၂၀၀) လုပ်ပေးဖို့ တောင်းဆိုတယ် ဒါပေမဲ့ ဖလမ်းနဲ့ ဟားခါးမှာ ကုတင်(၂၀၀) ရှိပြီးသားဆိုတော့ စဉ်းစားဖို့လိုတယ်။ ဆေးရုံရဲ့ လိုအပ်ချက်တွေကိုတော့ ထောက်ပံ့ပေးမယ်။ ကုတင် (၂၀၀) ပေးဖို့က ချင်းပြည်နယ် မြို့နယ်တိုင်း မရသေးတာလည်းများတော့ စဉ်းစားဖို့ လိုအပ်တယ်”ဟု ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးဟင်နီရီဗန်ထီးယူသည် ချင်းပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် သြဂုတ်လ (၁၂) ရက်နေ့တွင် ကလေးမြို့လေဆိပ်သို့ ရောက်ရှိပြီး တီးတိန်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပြီး ဩဂုတ် ၁၃ ရက်နေ့မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နီရီဗန်ထီးယူသည် ချင်းပြည်နယ် မြောက်ပိုင်း ၅ မြို့နယ်ကို လေးငါးရက်ကြာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...