ချင်းပြည်နယ်တွင် ၂၀၁၉ခုနှစ်ထက် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူနှုန်းတက်လာ

ချင်းပြည်နယ်တွင် ၂၀၁၉ခုနှစ်ထက် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူနှုန်းတက်လာ

ချင်းပြည်နယ်အတွင်းတက္ကသိုလ်ဝင်တန်းအောင်ချက်သည်၂၁.၂၀ရာခိုင်နှုန်းရှိပြီးနယ်ကျောင်းမှအောင်ချက်တက်လာသောကြောင့်ယခင်နှစ် ၂၀၁၉ ခုနှစ် ထက်ရာခိုင်နှုန်းပိုတက်လာကြောင်းသိရသည်။

“မနှစ်တုန်းကထက်တော့ နည်းနည်းများတာပေါ့၊ မနှစ်တုန်းကတော့ ၁၉.၅၄ ဆိုတော့၁.၆ရာခိုင်နှုန်းပိုများလာတယ်ပေါ့နော်၊ တက်လာတာကနယ်ကျောင်းတွေပိုအောင်လာတဲ့သဘောမှာရှိတယ်မြို့ကျောင်းတွေထက်ပေါ့နော်၊အဲတာလည်းထူးခြားတယ်၊နယ်ကျောင်းတွေအောင်ချက်ကမနှစ်တုန်းကထက်ပိုကောင်းလာတယ်နော်၊ဂုဏ်ထူးထွက်တဲ့ဟာလည်း မနှစ်တုန်းကထက် ပိုများလာတယ်” ဟုချင်းပြည်နယ် ပြည်နယ် ပညာရေးမှူးဦးဘီကူးဒူ မှ Chin World Media သို့ပြောသည်။

ချင်းပြည်နယ်အတွင်းဂုဏ်ထူးရဘာသာ ၅ဘာသာ ၂ဦး၊၄ဘာသာ ၆ဦး၊၃ဘာသာ ၁၉ဦး ၊ ၂ဘာသာ ၈၉ဦး၊ ၁ဘာသာ ၄၀၃ ဦးရှိကြောင်းလည်းသိရသည်။

ဟားခါးခရိုင်အတွင်းတက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်း၂၅၄၉ဦးအနက်ဖြေဆိုအောင်မြင်သူ၄၉၈ဦး၊ဖလမ်းခရိုင်အတွင်းတက္ကသိုလ် ဝင်တန်းဖြေဆိုသူ၃၇၆၈ဦး အနက် ဖြေဆိုအောင်မြင်သူ ၉၅၈ဦး၊ မင်းတပ်ခရိုင်အတွင်း ၆၀၅၃ဦး အနက် ဖြေဆိုအောင်မြင်သူ ၁၁၆ရဦး ရှိသည်။

ချင်းပြည်နယ်တွင် ၅ ဘာသာဂုဏ်ထူးရှင် တီးတိန်မြို့နယ်တွင် ၂ဦး၊ ၄ဘာသာဂုဏ်ထူးရှင် ဟားခါးမြို့နယ်တွင် ၃ဦး၊ တီးတိန်မြို့နယ်တွင် ၂ဦး နှင့် ကန်ပလက်မြို့နယ်တွင် ၁ဦး ဖြစ်သည်။

“မနှစ်တုန်းကထက်တက်လာတယ်၊မနှစ်တုန်းကတော့၁ရဒသမ၊ဒီနှစ်ကြတော့၂၃ဆိုတော့အများကြီးတက်လာပါတယ်၊ဂုဏ်ထူးထွက်တာလည်းဟားခါးမြို့မှာအများဆုံးပေါ့ ၄ဘာသာ ၃ယောက်၊ ၃ဘာသာ ၄ယောက်၊ချင်းပြည်နယ် Top 10 မှာ ထ-၁ ကနေ ၄ယောက်ပါတယ်” ဟု ဟားခါးအခြေခံပညာအထက်တန်းကျောင်း-၁ ကျောင်းအုပ်ဆရာကြီးဦးဗျက်ကျုံး မှ ပြောသည်။

ချင်းပြည်နယ်တွင်မြို့နယ်အလိုက်မင်းတပ်မြို့နယ်သည်၃၀.၄၉ရာခိုင်နှုန်းဖြေဆိုသူ၁၅၃၅ဦးရှိပြီးဖြေဆိုအောင်မြင်သူ၄၆၈ဦးဖြစ်ပြီးအောင်ချက်ရာခိုင်နှုန်းအကောင်းဆုံးမြို့နယ်ဖြစ်သည်။ပလက်ဝမြို့နယ်သည်တက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်း၂၂၁၄ရှိပြီးအောင်ချက်ရာခိုင်နှုန်း၁၀.၁၂ရှိပြီးချင်းပြည်နယ်တွင်အောင်ချက်အနည်းဆုံးမြို့နယ်ဖြစ်သည်။ချင်းပြည်နယ်တွင်တက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်း ၁၂၃ရဝ ဦး ရှိပြီးဖြေဆိုအောင်မြင်သူ ၂၆၂၃ဦး ရှိကာရာခိုင်နှုန်းအရ ၂၁.၂၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...