မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ ရူပီး သိန်း (၆၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ ရူပီး သိန်း (၆၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသည့် ရူပီး သိန်း (၆၀၀) ကျော်တန်ဖိုးရှိ Methamphetamine ခေါ် မူးယစ်ဆေးဝါးကို မြန်မာနိုင်ငံသားတစ်ဦးထံ သြဂုတ်လ ၆ ရက်နေ့မနက်က ဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါ ရူပီး သိန်း (၆၀၀) ကျော်ရှိသော Methamphetamine ခေါ် မူးယစ်ဆေးဝါး အလုံးရေ ၃ သိန်း ကျော်နှင့်အတူ ပိုင်ရှင်ဟုယူဆရသော မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ကလေးမြို့နယ် တာဟန်းရပ်ကွက် အသက် ၃၀ အရွယ် Malsawmdawngkima ကိုလည်း Mizoram Police Special Narcotics staff နှင့် အာသံရိုင်ဖယ် တပ်ရင်း (၄၆) တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

ဖမ်းဆီးထားသော မူးယစ်ဆေးဝါးများမှာ မြန်မာနိုင်ငံမှသယ်ဆောင်ခြင်းဖြစ်ပြီး အဖမ်းခံထားရသူ Malsawmdawngkima ကိုလည်း အမူဖွင့်ဆိုခဲ့ပြီးနောက် ခရိုင်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံမှသယ်ဆောင်လာသော ရူပီး သိန်း (၅၇၀) ခန့်တန်ဖိုးရှိ Methamphetamine မူးယစ်ဆေးဝါး အလုံးရေ ၂ သိန်းခန့်ကို Champhai District Excise & Narcotics Enforcement Staff နှင့် အာသန်စစ်တပ် တပ်ရင်း (၈) တို့ ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်းခရိုင် Melbuk ကျေးရွာအနီးတွင် ဖမ်းဆီးခဲ့သည်။

ယင်း ရူပီး သိန်း ၅၇၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားကို မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားနှစ်ဦးတို့က တရုတ်ဆိုင်ကယ် Kenbo 125 ဖြင့် အမှတ် (၂) ရိ-ဇိုခေါထာရ် နယ်စပ်ကိုဖြတ်ကျော် သယ်ဆောင်လာခြင်းဖြစ်ပြီး သို့သော် ဆိုင်ကယ်ဖြင့် ဆေးဝါးသယ်ဆောင်လာသူနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်သွားကာ ယနေ့အထိ ပြန်လည်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...