ရေတပ်ဇက်ရေယာဉ်ကို ဓာတ်ပုံရိုက်သည်ဟုဆိုကာ အောင်တံခွန်-၂ သင်္ဘော သေနတ်ပစ်ဖောက်ရပ်တန့် စစ်ဆေးခံရ

ရေတပ်ဇက်ရေယာဉ်ကို ဓာတ်ပုံရိုက်သည်ဟုဆိုကာ အောင်တံခွန်-၂ သင်္ဘော သေနတ်ပစ်ဖောက်ရပ်တန့် စစ်ဆေးခံရ

အိမ်စိုးဖြူ — ဘူးသီးတောင်မြို့မှ ဩဂုတ်လ ၈ ရက်နေ့ နံနက်ထွက်ခွာလာသည့် ခရီးသည်တင် အောင်တံခွန်-၂ သင်္ဘောကို မွန်းတည့် ၁၂ နာရီခန့်က ရသေ့တောင်မြို့အနီးအရောက် မေယုမြစ်ထဲတွင် ဇက်ရေယာဉ် နှစ်စီးပေါ်မှ သေနတ်ပစ်ခတ် ရပ်တန့် စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရေကြောင်း ပို့ဆောင်ရေးမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးအောင်လင်းသို့ ဆက်သွယ်ရာ သင်္ဘောကို ရပ်တန့်စစ်ဆေးခြင်းမှာ မှန်ကန်ကြောင်း ပြောဆိုသည်။

“အဲဒါ ဟိုပြန်ထွက်လာပါပြီ။ ကျွန်တော်တို့ဖုန်းအဆက်အသွယ်မရသေးဘူး။ စစ်တာက နေဗီသင်္ဘောကလို့တော့ ပြောတယ်ဗျ။ အဲဒါပဲသတင်းသိတယ်။ ကျန်တာတော့ ကျွန်တော်တို့ အဆက်အသွယ်မရသေးတော့ သေချာ မသိရသေးဘူး။ ဖြစ်တာ နေ့လယ် ၁၂ နာရီလောက်ကဖြစ်မယ်ထင်တယ်” ဟု ညနေ ၃ နာရီခန့်က ပြောသည်။

၎င်း အောင်တံခွန်-၂ သင်္ဘောကို ရသေ့တောင်မြို့ရှိ တပ်ရင်း ၅၃၆ အနီး မေယုမြစ်ထဲ ဇက်ရေယာဉ် နှစ်စီး မှာ ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်စီးမှ သေနတ်ဖြင့် အချက်ပေါင်းအများအပြားပစ်ခတ်ကာ သင်္ဘောကို ရပ်တန့် ခိုင်းခဲ့ကြောင်း၊ သင်္ဘောပေါ်ပါလာသည့် ခရီးသည်များအား မှတ်ပုံတင်များ စစ်ဆေးခြင်း၊ အထုတ်အပိုး များအား စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ရပ်တန့်စစ်ဆေးခြင်းမှာ သင်္ဘောပေါ်မှ ၎င်းတို့ ဇက်ရေယာဉ်များကို လူတစ်ဦးက ဓာတ်ပုံရိုက်သည်ဟုဆိုကာ ရပ်တန့် စစ်ဆေးခြင်းဖြစ်ကြောင်း ခရီးသည် တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ကျွန်တော်နဲ့ လူငယ်တစ်ယောက်ကို ဇက်ပေါ်တက်ခိုင်းတယ်။ စစ်တယ်။ သင်္ဘောပေါ်ကလူတွေကိုလည်း မှတ်ပုံတင်တွေစစ်တယ်။ မွန်းလွဲ ၂ နာရီကျော်လောက်မှ ပြန်လွှတ်လိုက်တယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ခရီးသည်တင် အောင်တံခွန်သင်္ဘောအား ရပ်တန့်စစ်ဆေးခဲ့ခြင်းမှာ မှန်ကန်ကြောင်း ပြောကြာသည်။

သင်္ဘောမှာ စစ်တွေသို့ ဆက်လက်ထွက်ခွာလာခဲ့သည်ဟု သိရသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...