တိုင်းရင်းသားပါတီကိုဦးစားပေးသည့်အနေဖြင့် ချင်းပြည်နယ်တွင် ၃၆ နေရာသာဝင်ပြိုင်မည်ဟု USDP ပါတီပြော

တိုင်းရင်းသားပါတီကိုဦးစားပေးသည့်အနေဖြင့် ချင်းပြည်နယ်တွင် ၃၆ နေရာသာဝင်ပြိုင်မည်ဟု USDP ပါတီပြော

လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် ဒေသတွင်းတိုင်းရင်းသားပါတီကို ဦးစာပေးသည့်အနေဖြင့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၃၆ နေရာမှာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်ကပြောသည်။

မဲဆန္ဒနယ်မြေစုစုပေါင်း (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် USDP ပါတီက မတူပီ၊ ဖလမ်းမြို့နယ်တို့မှ ပြည်နယ်လွှတ် တော်တစ်နေရာစီနှင့် ဟားခါးမြို့နယ် အမျိူးသားလွှတ်တော်တစ်နေရာ စသည့် (၃) နေရာကို ကျန်ထားပြီး ကျန် (၃၆) နေရာတွင် ယှဉ်ပြိုင်မည်ဟု ဆလိုင်းခွဲယန်ကပြောသည်။

ယခုကဲ့သို့ မဲဆန္ဒနယ်မြေ (၃) နေရာကျန်ထားရသည့်ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်က “ကိုယ့်ဘက်က လွှတ်တော်ကိုယ်စားလှယ်အခြေအနေနဲ့ သူ့ဘက် (ဒေသတွင်းတိုင်းရင်းသားပါတီ) က လွှတ်တော်ကိုယ်စားလှယ်နဲ့နှိုင်းယှဉ်ပြီးမှ သူတို့လွှတ်တော်ကိုယ်စားလှယ်ဘဲဖြစ်သင့်တယ်ဆိုပြီး သူတို့လွှတ်တော်ကိုယ်စားလှယ်ကို ဦးစားပေးတာဖြစ်ပါတယ်၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း ဒီလိုမပြိုင်ဘဲ ထားခဲ့တာတွေရှိတယ် ဒီအစဉ်အလာကိုထိန်းသိမ်းတာလည်းပါပါတယ်” ဟု ပြောသည်။

USDP ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်အဆင့်ထက် ပြည်သူ့လွှတ်တော်နှင့် အမျိူးသားလွှတ်တော်တွင် ပိုမိုအနိုင်ရရှိရေးကို မျှော်မှန်းထားသည်ဟု ဆလိုင်းခွဲယန်ကပြောသည်။

“ကျနော်တို့ကတော့ အမျိူးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ များများနိုင်ဖို့မျှော်မှန်းထားတာဖြစ်ပါတယ်၊ အဲဒါကြောင့် ဒေသအချေစိုက်ပါတီတွေကလည်း နိုင်ပါစေ သူတို့လည်း ကိုယ့်ဒေသအတွက် အကျိူးပြုမယ့် ပါတီတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ပါတီကြီးလည်းဖြစ်တော့လေ တစ်နိုင်ငံလုံးမှာ ပြည်သူ့နဲ့ အမျိူးသားလွှတ်တော်မှာအနိုင်ရဖို့စီစဉ်ဆွဲထားတာရှိပါတယ် ဒါကြောင့် ပြည်နယ်အဆင့်မှနိုင်တာထက် ပြည်ထောင်စုအဆင့်မှာ နိုင်ဖို့ကြိုတင်ပြင်ဆင်ထားပါတယ်” ဟု ဆလိုင်းခဲယန်ကပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေသည် ပြီးခဲသည့် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အနိုင်ရရှိခဲပြီး ချင်းပြည်နယ်တွင်လည်း ဗိုလ်ချုပ်ဟုန်းငိုင်း ဝန်ကြီးချူပ်ဖြစ်လာကာ ၅ နှစ်အစိုးရ ဖွဲ့ကာအုပ်ချူပ်ခဲ့သည်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် USDP ပါတီသည် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၅ နေရာသာအနိုင်ရရှိကာ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...