ရခိုင်ပြည်နယ်တွင် မဲစာရင်းမပါ၍ လျှောက်ထားသူ ၁၆ဝဝ ကျော်နှင့် ကန့်ကွက်သူ ၆ဝဝ ကျော်ရှိ

ရခိုင်ပြည်နယ်တွင် မဲစာရင်းမပါ၍ လျှောက်ထားသူ ၁၆ဝဝ ကျော်နှင့် ကန့်ကွက်သူ ၆ဝဝ ကျော်ရှိ

ခိုင်လူလှ - ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဇူလိုင်လ ၃ဝ ရက်နေ့ထိ မဲစာရင်းတွင် နာမည်မပါ၍ ပုံစံ(၃) ဖြင့် လျှောက်ထားသူ ၁၆၄၄ ဦးရှိနေပြီး မပါဝင်သင့်သည့် လူများ ပါဝင်နေသဖြင့် ပုံစံ(၄) ဖြင့် ကန့်ကွက်သူ ၆၅၅ ဦးထိရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားသည်။

“ ကျွန်တော်တို့ဆီကို မဲစာရင်းမှာ နာမည် မပါတဲ့အတွက် လျှောက်ထားသူက ဒီလ ၃ဝ ရက်နေ့ထိ ပုံစံ(၃) နဲ့ လျှောက်ထားတာက ၁၆၄၄ ဦးရှိပါတယ်။ မပါဝင်သင့်တဲ့လူတွေ ပါဝင်နေတဲ့ အတွက် ပုံစံ (၄) နဲ့ ကန့်ကွက်တာ ၆၅၅ ဦးရှိပါတယ်” ဟု ဦးသူရိန်ထွဋ်က ပြောသည်။

မပါဝင်သင့်သည့်လူများ ပါဝင်နေသဖြင့် ပုံစံ (၄) ဖြင့် ကန့်ကွက်သူများကို စိစစ်နေဆဲ ဖြစ်ကြောင်း ပြောကြားသည်။

မဲစာရင်းအထဲတွင် သေဆုံးနေသူများ၏ အမည်များပါဝင်နေပါကလည်း ပုံစံ (၄) ဖြင့် ဖြည့်ပြီး ကန့်ကွက်နိုင်သည်ဟု သိရသည်။

မဲစာရင်းတွင် နာမည် မပါသူများအနေဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် လျှောက်ထားနိုင်ပြီး အကယ်၍ နေရပ်ပြောင်းရွှေ့နေထိုင်သူများဖြစ်ပါက ယခင်မိမိနေထိုင်ရာ ဒေသတွင် မဲစာရင်းများ ပါမပါကို သွားရောက်ကြည့်ရှုရမည်ဟု ဆိုသည်။

“ အခု မိမိနေထိုင်တဲ့ နေရာမှာ ကပ်ထားတဲ့ မဲစာရင်းမှာ နာမည် စာရင်းမပါရင် အရင်နေခဲ့တဲ့နေရာမှာ သွားကြည့်။ အကယ်၍ ပါတယ်ဆိုရင် ဒီမှာ ပြောင်းရွှေ့ နေထိုင်တာ ရက်ပေါင်း ၉ဝ ပြည့်ပြီဆိုရင် အခုနေထိုင်တဲ့နေရာမှာ အထောက်အထားတွေနဲ့ ပြန်လျှောက်လို့ရပါတယ်။ ဒီနေရာသစ်မှာ ပြောင်းရွှေ့နေထိုင်တာ ရက်ပေါင်း ၉ဝ မပြည့်သေးဘူးဆိုရင် မဲစာရင်း ပြောင်းရွှေ့လျှောက်ထားလို့ မရဘူး။ ယခင်နေရာမှာဘဲ မဲသွားထည့်ရမယ်” ဟု ဦးသူရိန်ထွဋ်က ဆက်လက်ပြောဆိုသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ မီးလောင်ကွင်းတွင်နေထိုင်သူများ အနေဖြင့်လည်း စက်ရုံစုရပ်ကွက်မဲစာရင်းတွင် မပါဝင်ပါက ယခင်နေထိုင်ခဲ့သော ရပ်ရွာများသို့ သွားရောက်ကြည့်ရှုပြီး မဲစာရင်းနာမည်ပါပါက ယခု နေရာတွင် ရက်ပေါင်း ၉ဝ ကျော်နေထိုင်သူဖြစ်ပါက အထောက်အထားနှင့် ပြန်လျှောက်ထားနိုင်သည်ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် လာမည့် ရွေးကောက်ပွဲတွင် လူပေါင်း တစ်သန်းခြောက် သိန်းလေးသောင်းကျော် မဲပေးခွင့်ရရှိကြမည်ဖြစ်သည်။

Most read this week

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...